Latest News
Sunday, July 3, 2016
ပုသိမ်ကျောက်တိုင်အားကစားကွင်းမှ ဆိုင်ကယ်ခိုးယူလာသည့် ထောင်ထွက်များအား ဖမ်းဆီးရမိ
4 July 2016
(၃.၇.၂၀၁၆) ရက်နေ့ ည (၉)နာရီခန့်တွင် ပုသိမ်မြို့တွင် ဆိုင်ကယ်နှင့် အခြားခိုးမှုများ မဖြစ်ပွားစေရေး အတွက် ပုသိမ်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ပုသိမ်မြို့ တဲကြီးကုန်းလမ်းဆုံ ဘုရင်မထမင်းဆိုင်အနီး ကင်းပုန်း ဝပ်စောင့်ဆိုင်းဖမ်းဆီးနေစဉ် ယခင်ကဆိုင်ကယ်ခိုးမှုများ ဖြင့်ထောင်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်လာသူ ကျော်မောင်မောင်နိုင် (ခ) ကျော်ကြီး သလပ်ခွာကျေးရွာနှင့် ပြည့်တန်ဆာခေါင်း အမှုဖြင့် ထောင်မှလွတ်လာသူ အောင်ပြည့်စုံဟန် တောရကျောင်းလမ်း နေသူ(၂) ဦးအား သော့ဖျက် ထာသည့် ဆိုင်ကယ်(2) စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။
လတ်တလော စစ်ဆေးချက်အရ ၄င်းတို့သည် လော်ဂျား ဆိုင်ကယ်အား ယနေ့ (၃.၇.၂၀၁၆) ရက်နေ့ ညနေ ၄ နာရီခန့် က ပုသိမ်မြို့ ကျောက်တိုင်အားကစားကွင်းတွင် ဘောလုံး ကစားနေသူများထံမှ ခိုးယူလာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ပြီး ၄င်းတို့ပုသိမ်မြို့ပေါ်တွင် အလားတူဆိုင်ကယ်များ ခိုး ယူခြင်း ရှိ/မရှိအား စစ်ဆေးနေလျက်ရှိပါကြောင်း ပုသိမ်မြို သူ/သားများအား သိစေအပ်ပါသည်
Zaw Min Tun
No comments:
Post a Comment