Latest News

Friday, June 24, 2016

Ocean Supercenter ရဲ့ (၁၀)ဆိုင်မြောက်ဖြစ်တဲ့ ပုသိမ်ဆိုင်ခွဲ


Ocean Supercenter ရဲ့ (၁၀)ဆိုင်မြောက်ဖြစ်တဲ့ ပုသိမ်ဆိုင်ခွဲကို 
မကြာခင်မှာဖွင့်လှစ်ပါတော့မယ်။ 
 Ocean Supercenter ရဲ့အစဉ်အလာအတိုင်း Opening Promotion ၊ Centerwide Promotion တွေအပြင် စဖွင့်တဲ့နေ့မှာ အနုပညာရှင်တွေရဲ့သီဆိုဖျော်ဖြေမှု၊ Life & Dance Dancer Group ရဲ့ အကအလှတွေအပြင် ကိုယ်တိုင်ဝင်ရောက်ကစားနိုင်တဲ့ Game အစီအစဉ်တွေလည်းပါဝင်ဦးမှာမို့ ရိုးသားကြိုးစား ဧရာဝတီသားများအားလုံး အရောက်လာခဲ့ဖို့ လေးလေးစားစားဖိတ်ခေါ်လိုက်ပါတယ်။

 ပုသိမ်မြို့ရဲ့ အကြီးဆုံးဈေးဝယ် center ဖြစ်လာမယ့် shopping floor မှာ စုံလင်လှတဲ့ ကုန်ပစ္စည်းတွေကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
Center အတွင်းမှာလည်း မိသားစုတိုင်အတွက် အရည်အသွေးပြည့်မီစိတ်ချရသော လျှပ်စစ်ပစည်းအမျိုးမျိုး၊ အိမ်အသုံးအဆောင်များ၊ အဝတ်အထည်၊ လူသုံးကုန်ပစည်းများနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်အမျိုးမျိုးတို့ကိုဝယ်ယူနိုင်မယ့် Ocean Supercenter အပြင် အခြားဆိုင်ခန်းများဖြစ်တဲ့ အလှအပနှင့် ကျန်းမာရေးအတွက် City Care Health & Beauty Store ၊ လတ်ဆတ်သန့်ရှင်းတဲ့ စားသောက်ဆိုင်ခန်းဖြစ်တဲ့ Seasons bakery & Café ၊ Candy Land ၊ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်းဆိုင်ခန်းများဖြစ်တဲ့ Technoland ၊ ရတနာပစ္စည်းဆိုင်များဖြစ်တဲ့ VJM ၊ ငွေဖြိုးအောင်၊ ခေတ်မီလှပစတိုင်ကျစေမယ့်ဖက်ရှင်ဆိုင်ခန်းများကတော့ MK ၊ ERKE ၊ MKT ၊ Escort ၊ K Queen ၊ Pappillion ၊ Blanco ၊ Mya Khin Thein ၊ Crazy Colour၊ Cherry Oo ၊ တူရိယာဂီတပစ္စည်းအရောင်းဆိုင်နှင့် လုံခြုံစိတ်ချရတဲ့ ခေတ်မီကလေးကစားကွင်းတို့ပါဝင်ပါတယ်။ CP နဲ့ Tony Tun Tun ဆိုင်ခန်းများကတော့ အကြောင်းအမျိုးမျိုးကြောင့် Ocean Center ဖွင့်ဖွင့်ချင်းရက်မှာ ဖွင့်လှစ်နိုင်ဦးမှာမဟုတ်ပါဘူး။

 Ocean ဆိုင်အသစ်တစ်ခုဖွင့်တိုင်း ပါနေကျလိုဖြစ်တဲ့ Centerwide ပရိုမိုးရှင်းအကြောင်းလေးလဲ သတင်းကောင်းပါးချင်ပါတယ်။ June လ (30)ရက်နေ့ကနေ September (30)ထိ Ocean ထဲမှာ ဖွင့်ထားတဲ့ ဘယ်ဆိုင်မှာမဆို (၃၀၀၀၀)ဖိုးပြည့်အောင်ဝယ်ယူတိုင်း ကူပွန်တစ်ခုရသွားမှာဖြစ်ပါတယ်။ မဲတွေကိုတော့ လကုန်ရက်တွေမှာပြန်ဖောက်ပေးသွားမှာဖြစ်ပါတယ်။ ဆုမဲတွေက ဘာလဲဆိုတာကိုတော့ ဆိုင်မှာလာကြည့်လိုက်ကြနော်။ စိတ်မပျက်စေရပါဘူး။


No comments:

Post a Comment