Latest News

Sunday, May 15, 2016

နှလုံးသွေးကြောကျဉ်းရောဂါလုံးဝပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့ဆေးနည်းကောင်းတစ်လက်


ကျွန်တော်နှလုံးရောဂါပြင်းထန်စွာခံစားရချိန်ကျွန်တော်နေထိုင်ရာပုသိမ်မြို့ ရှိပုသိမ်ဆေးရုံကြီးနှင့်ဇီဝကအထူးကုဆေးခန်းတို့ တွင်တက်ရောက်ကုသခဲ့ရာဆေးစစ်ချက်အရနှလုံးသွေးကြော
သုံးချောင်းကျဉ်းနေပြီးတစ်ချောင်းမှာကောင်းစွာအလုပ်မလုပ်တော့သော
ကြောင့်နှလုံးစက်ထည့်ရမည့်အခြေနေဖြစ်ခဲ့ပါသည်-
ထိုအချိန်တွင်မိတ်ဆွေတစ်ယောက်မှကျွန်တော့်လိုခွဲစိပ်ခါနီးလူနာတစ်ဦး
မခွဲစိပ်ရပဲသက်သာပျောက်ကင်းသွားသည်ဆိုသောဆေးနည်းကိုပေးသဖြင့်
ရန်ကုန်၌ဆေးကုသခံရန်ပြင်ဆင်နေချိန်တွင်ခုနှစ်ရက်မျှဆက်တိုက်သောက်ခဲ့ပါသည်-
ထို့ နောက်ရန်ကုန်အာရှတော်ဝင်အထူးကုဆေးခန်းတွင်သွားရောက်စမ်းသပ်ရာနှလုံးသွေးကြော
ပိတ်ဆို့ မှုများမရှိတော့ပဲအကောင်းပကတိဖြစ်နေကြောင်းအံ့သြဖွယ်တွေ့ရှိရပါသည်-

ဆရာမကြီးမှာပုသိမ်မှဆေးစစ်ချက်များကိုကြည့်၍မယုံနိုင်ဖြစ်ကာသေချာစေရန်
မဟာမြိုင်အထူးကုဆေးခန်း၌24နာရီစက်ဖြင့်ထပ်မံစမ်းသပ်ရာနှလုံးသွေး
ကြောများပုံမှန်ကောင်းမွန်နေကြောင်းသေချာသွားတော့သည်-ကျွန်တော်ခံစားနေရသောရင်ဘတ်
အောင့်ခြင်းနှင့်ဘယ်ဘက်လက်မောင်းကို်က်ခြင်းဝေဒနာများလည်းပျောက်ကင်း
သွားပါသည်-
ထို့ ကြောင့်ကျွန်တော့်လိုနှလုံးသွေးကြောကျဉ်းဝေဒနာခံစားနေရသူများအတွက်စေတနာရှေ့ 
ထား၍ကျွန်တော့်ကိုယ်တွေ့ ဆေးနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်-ဆေးနည်းမှာ -
၁- ကြွက်နားရွက်မှိုနှစ်ကျပ်ခွဲသား
၂-တရုတ်ဇီးသီးငါးလုံး
၃-ချင်း(ဂျင်း)တက်လက်တစ်ဆစ်ခန့် 
၎-ဆားအနည်းငယ်တို့ ကိုရေဖန်ခွက်
ခြောက်ခွက်ထည့် နှစ်ခွက်ကျန်အောင်ကျိုပြီးမနက်တစ်ခွက်
ညတစ်ခွက်သောက်ရုံပင်ဖြစ်ပါသည်-
ဆေးနည်းပေးသူမိတ်ဆွေအားကျေးဇူး
အထူးတင်ပါသည်။
( Ko Sai)


No comments:

Post a Comment