Latest News

Thursday, April 7, 2016

သမိုင္းထဲက ေဒးဒရဲသား တစ္ဦး


" ဦးခင္ေမာင္ျမင့္ (သို႕မဟုတ္) ႀကီးျမတ္သူ ႏွင့္ ဂုဏ္ေျပာင္သူ "

ဦးခင္ေမာင္ျမင့္ ကို ဦးေရႊလင္း + ေဒၚေစာဥ တို႕မွ ေမြးဖြားခဲ့တယ္ ။ ဧရာဝတီတိုင္း ေဒးဒရဲၿမိဳ႕နယ္ သဲကုန္းေက်းရြာ မွာ ၁၉၂၉ခုႏွစ္ ဒီဇင္ဘာလ ၁၁ရက္ေန႕မွာ ေမြးဖြားသန္႕စင္ခဲ့ပါတယ္ ။ ေမြခ်င္း ၅ေယာက္ရွိတဲ့အနက္ စတုတၳေျမာက္သားျဖစ္တယ္ ။ ဂီတစာဆို အဆိုေတာ္ ကိုသန္းလႈိင္ ရဲ႕ အကိုရင္း ျဖစ္တယ္ ။

အသက္၇ႏွစ္အရြယ္မွာ ဘုန္းေတာ္ႀကီးေက်ာင္းမွာ ပညာသင္ၾကားခဲ့တယ္ ။ ၁၉၃၆-၃၇ မွာ ရန္ကုန္ၿမိဳ႕ မက္သဒစ္ (ခရစ္ယန္သာသနာျပဳေက်ာင္း) မွာ ပညာသင္ႀကားခဲ့တယ္ ။ မက္သဒစ္ ေက်ာင္းတတ္ေနစဥ္ကတည္းက လက္ေဝွ႕ထိုးတာဝါသနာ ပါခဲ့တယ္ ။ မူလတန္း အလယ္တန္းနဲ႕အထက္တန္းေဘာလံ ုး အသင္းေတြမွာပါဝင္ကစားခဲ့တယ္ ။ လက္ေဝွ႕နဲ႕ေဘာလံုးဟာ အထူးခ်ြန္ဆံုး အားကစားျဖစ္ခဲ့ပါတယ္ ။

အားကစားဘက္မွာထူးခ်ြန္သလို ႏိုင္ငံေရးအမ်ိဳးသားေရးဘက္မွာလဲ စိတ္အားထက္သန္စြာ မူလတန္း ကေလးအရြယ္မွာကတည္းက ေက်ာင္းသားလႈပ္ရွားမႈေတြမွာ ပါခဲ့တယ္ ။

၁၉၄၂ ဒုတိယကမ႓ာစစ္ ျဖစ္ေနခ်ိန္ ေက်ာင္းေတြအားလံုး ပိတ္ လိုက္တဲ့အခိ်န္မွာ ဦးခင္ေမာင္ျမင့္ကေလးလည္း ေဒးဒရဲ ေရာက္သြါးျပန္ပါတယ္ ။ ေဒးဒရဲျပန္ေရာက္တယ္ ဆိုရင္ပဲ သခင္ျမသြင္တို႕ ညီအကိုေတြနဲ႕ဆံုျဖစ္ေတာ့တယ္ ။

သခင္ျမသြင္တို႕ညီအကိုဆိုတာ ဒို႕ဗမာအစည္းအရံုးဝင္သခင္ေတြ ၿပီးေတာ့ ကြန္ျမဴ နစ္ ပါတီဝင္ေတြ သူတို႕နဲ႕ေတြ႕လိုက္တာ ကိုခင္ေမာင္ျမင့္ကေလး ရဲ႕ ႏိုင္ငံေရးေရခ်ိန္ ျမွင့္တင္ေပးလိုက္သလို ျဖစ္သြားပါေတာ့တယ္ ။
ကိုခင္ေမာင္ျမင့္ဟာ သူတို႕မိသားစုထဲမွာ ခ်ြန္ထက္လာသူလို႕ ဆိုနိုင္ပါတယ္ ။ သူ႕ညီကိုေမာင္နွမ မိသားစုေတြထဲမွာ တစ္ေယာက္မွ ႏိုင္ငံေရး စိတ္ဝင္စားသူမရွိခဲ့ဘူး ။ သို႕ေသာ္ သူ႕အေဖဦးေရႊလင္းက ေတာ့ မိ်ဳးခ်စ္စိတ္အတန္အသင့္ရွိတဲ့ ခ်မ္းသာတဲ့လယ္သမားတစ္ေယာက္ပါ ။

၁၉၄၃ ဖက္ဆစ္ဂ်ပန္ေတာ္လွန္ေရးကာလတစ္ေလ်ာက္ လံုး သခင္ျမသြင္ ညီက တဆင့္ ျမစ္ဝက်ြန္းေပၚေဒသ နိုင္ငံေရးေခါင္းေဆာင္ သခင္စိုးနဲ႕စစ္ေရးေခါင္းေဆာင္ ဗိုလ္ေနဝင္းတို႕ကို အျပန္အလွန္ဆက္သြယ္ေပးရတဲ့ ေတာ္လွန္ေရး ဆက္သား တစ္ဦး အျဖစ္တာဝန္ယူလုပ္ေဆာင္ခဲ့တယ္ ။ အဲ့အခ်ိန္မွာ သူ႕အသက္ ၁၃ ႏွစ္သားပဲ ရွိပါေသးတယ္ ။

ဒုတိယကမ႓ာစစ္အျပီး၁၉၄၆ ရန္ကုန္ျမိဳ႕ စိန္ဂ်ြန္းေက်ာင္းမွာ ပညာဆက္လက္သင္ခဲ့တယ္ ။ ၁၉၄၉ မွာ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ခဲ့တယ္ ။ စိန္ဂ်ြန္းေက်ာင္းမွာတက္ေနစဥ္ စိန္ဂ်ြန္းေက်ာင္းသားသမဂၢမွာ လႈိ႕ဝွက္ပါဝင္ခဲ့ၿပီး ၁၉၄၉ခုႏွစ္ ရန္ကုန္ခရိုင္ေက်ာင္းသားမ်ားသမဂၢ (ရကသ)ဖြဲ႕စည္းရာမွာ စိန္ဂ်ြန္းေက်ာင္းသားသမဂၢ ကိုယ္ စားလွယ္အေနနဲ႕ပါဝင္ခဲ့ၿပီး( ရကသ) အမႈေဆာင္ ေကာ္မတီဝင္တစ္ဦး အျဖစ္တာဝန္ယူခဲ့တယ္ ။

၁၉၄၉-၅၀ ပညာသင္ႏွစ္ကစလို႕ ရန္ကုန္တကၠသိုလ္ မွာပညာသင္ၾကားခဲ့ၿပီး ၁၉၅၀မွာ ဗမာနိုင္ငံလံုးဆိုင္ရာ ေက်ာင္သားသမဂၢအဖြဲ႕ခ်ဳပ္ (ဗကသ) မွာ အမႈေဆာင္တစ္ဦး အျဖစ္ ေရြးခ်ယ္ တင္ေျမွာက္ျခင္းခံခဲ့ရတယ္ ။ ၁၉၅၀-၅၁
အဲ႔ႏွစ္ထဲမွာပဲ ရကသ မွာ အမႈေဆာင္ . တကသ မွာ ဒုဥကၠဌ စတဲ့တာဝန္ေတြပါယူခဲ့ရတယ္ ။

၁၉၅၂-၅၃ မွာ သူ ဘီအက္စ္စီ ေနာက္ဆံုးႏွစ္ ေရာက္ေနပါၿပီ ။ ေက်ာင္းစာကတစ္ဖက္ သမဂၢလုပ္ငန္းေတြကတစ္ဖက္ မအားမလပ္ျဖစ္ေနခ်ိန္ မွာ ေဒၚ တင္တင္ ေဒးဒရဲက လိုက္လာပါတယ္ ။ အဲ့ကာလမွာ ကိုခင္ေမာင္ျမင္နဲ႕ ေဒၚတင္တင္ တို႕က ငယ္ေပါင္းခ်စ္သူေတြပါ ။ ေဒၚတင္တင္က ေဒးဒရဲသူ ။ ဦးထြန္းေဖ ေဒၚက်င္ရီတို႕ရဲ႕သမီး ေဒးဒရဲ ၿမိဳ႕မ်က္ႏွာ ဖံုးေတြပါ ။ ေဒၚတင္တင္ဟာ ရန္ကုန္လိုက္လာရင္း မျပန္ေတာ့ဘဲ ကိုခင္ေမာင္ျမင္နဲ႕ ပဲခူးကို ထြက္လာခဲ့ၾကပါတယ္ ။ပဲခူးမွာ အၾကင္လင္မယားအျဖစ္ေပါင္းသင္းေနထိုင္ခဲ့ၾကပါတယ္ ။

၁၉၅၃-၅၄ ထိ ပဲခူးအမ်ိဳးသားေက်ာင္းမွာ အထက္တန္းသခ်ၤာဆရာ အျဖစ္ လုပ္ကိုင္ခဲ့တယ္ ။

၁၉၅၅ မွာ ဆရာသခင္ကိုယ္ေတာ္မႈိင္း ဦးေဆာင္တဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရး ခရိုင္ေကာ္မတီအျဖစ္တာဝန္ယူခဲ့တယ္ ။ ၁၉၅၆ မွာ ျပည္သူ႕လႊတ္ေတာ္ေရြးေကာက္ပြဲမွာ ပမညတ ေရြးေကာက္ပြဲေအာင္နိုင္ေရး အဖြဲ႕သဘာပတိ အျဖစ္တာဝန္ယူခဲ့တယ္ ။ ၁၉၅၇ က စလို႕ေက်ာင္းဆရာ ေလာက နဲ႕နိုင္ငံေရးေလာကမွာ လူသိမ်ားထင္ရွားလာခဲ့တယ္ ။ ၁၉၅၇ မွာပဲ ျပည္သူ႕ဒီမိုကေရစီပါတီမွာ ဗဟိုေကာ္မတီ အျဖစ္ပါဝင္ေဆာင္ရြက္ခဲ့တယ္ ။

၁၉၅၈ ဗိုလ္ေနဝင္းက အာဏာသိမ္းတဲ့ အခါမွာ လက္ဝဲ နိုင္ငံေရးအင္အားစု အားလံုး ဖမ္းဆီးခံခဲ့ရတယ္ ။ ဦးခင္ေအာင္ျမင့္လဲ ဖမ္းဆီးခံခဲ့ရတယ္ ။
၁၉၅၉ခုႏွစ္ထဲမွာ ျပန္လြတ္လာခဲ့တယ္ ။

၁၉၅၉ ခုႏွစ္မွာ ဗိုလ္ခ်ဳပ္အကို ဦးေအာင္သန္း ေခါင္းေဆာင္တဲ့ အမ်ိးသားတိုးတက္ေရးပါတီ . သခင္သင္ဦးေဆာင္တဲ့ ျပည္သူ႕ဒီမိုကေရစီပါတီ . ဦးခင္ေမာင္ဦး ဦးဘုန္းလႈိင္တို႕ ဦးေဆာငိတဲ့ ရဲေဘာ္ေပါင္းစံု ထိန္းသိမ္းေရး အဖြဲ႕သံုးဖြဲ႕ ပူးေပါင္းျပီး ျပည္သူ႕တိုးတက္ေရး ပါတီ ကို ဖြဲ႕စညး္ခဲ့တယ္ ။ ဥကၠဌ ဦးေအာင္သန္း အေထြေထြ အတြင္းေရးမႈးဦးေအာင္ျမင့္ တြဲအေထြေထြ အတြင္းေရးမႈး ဦးခင္ေမာင္ျမင့္ အျဖစ္ ပါဝင္ေဆာင္ရြကိခဲ့တယ္ ။

၁၉၆၂ မတ္ လ ၂ ရက္ေန႕ ဗို္လ္ေနဝင္း အစိုးရ အာဏာသိမ္းျပီးခ်ိန္ ၁၉၆၂ ဆဲဗင္းဇူလိုင္ အေရးအခင္းကို ေထာက္ခံ ေရးသားေၾကညာေျပာဆိုခဲ့ျပီး စစ္အာဏာရွင္ကို စိန္ေခၚခဲ့တယ္ ။ ထိုေထာက္ ခံေရးသားေျပာဆိုခဲ့မႈျဖင့္ ဖမ္းဆိီးခံခဲ့ရတယ္ ။

၁၉၆၃ ခုႏွစ္မွာ ျပန္လည္လြတ္ေျမာက္လာ ခဲ့တယ္ ။
၁၉၆၃မွာ စစ္အုပ္စုက ၿငိမ္းခ်မ္းေရးစတင္ညႈိႏႈိင္းေနတဲ့ကာလမွာ ေဆြးေနြ႔းပြဲ အေထာက္အကူျဖစ္ေစရန္ နိုင္ငံေရးပါတီေတြ အဖြဲ႕အစည္းေတြေပါင္းစံု ပါဝင္တဲ့ ၆ခရိုင္ ၿငိ္္မ္းခ်မ္းေရး ဆႏၵျပပြဲ ေကာ္မတီ ဗဟိုမွာ ပါဝင္ ခဲ့တယ္ ။

၁၉၆၃ ႏိုဝင္ဘာ၁၁ရက္မွာ ဗိုလ္ေနဝင္း က ျငိမ္းခ်မ္းေရး ေဆြးေနြးပြဲကို တစ္ဖက္သတ္ ဖ်က္လိုက္တယ္ ။ ၿငိမ္းခ်မ္းေရးေဆြးေနြးပြဲပ်က္တဲ့အခါ အဖမ္းခံရတယ ္။ ၁၉၆၉ မွာ အင္းစိန္ေထာင္ကေန ကိုကိုးက်ြန္းပို႕ျခင္းခံခဲ့ရတယ္ ။ ေထာင္တြင္း တိုက္ပြဲေတြကို ဆက္လက္ဆင္ႏြဲခဲ့တယ္ ။ ၁၉၇၂ ဒီဇင္ဘာမွာ အင္းစိန္ေထာင္ျပန္ပို႕ခဲ့တယ္ ။

၁၉၇၃ မတ္လ မွာ ျပန္လြတ္ေျမာက္လာခဲ့တယ္ ။

၁၉၇၈ ေရာက္တဲ့အခါ ေျမေအာက္အဖြဲ႕စည္းျဖစ္တဲ့ ဗမာျပည္ ကြန္ျမဴနစ္ပါတီနဲ႕ ဆက္သြယ္တယ္ ဆိုပီး ဖမ္းဆီးခံခဲ့ရတယ္ ။ ၁၉၈၀ ဇြန္လ မွာ ျပန္လြတ္လာခဲ့တယ္။

၁၉၈၈အေရးေတာ္ပံု အတြင္းနဲ႕ စစ္တပ္ကအာဏာသိမ္းျပီးမွာ အဖမ္းခံဖို႕ျပင္ဆင္ရင္း ဆင္းဆင္းရဲရဲေနထိုင္စားေသာက္ခဲ့ရတယ္ ။ ဘဲဥတစ္လံုးကို မိသားစု ၃ေယာက္ မ်ွတ စားေသာက္ရတဲ့ အေျခအေနထိ ျဖစ္ခဲ့ရတယ္ ။ သူ႕ဘဝ သူ႕မိသားစု နဲ႕ပက္သတ္ျပီး သူနဲ႕ရင္းႏွိီးတဲ့ ရဲေဘာ္ရဲဘက္ေတြေတာင္ ဖြင့္မေျပာခဲ့ဘူး ။
ေဒၚတင္တင္ဟာ သူ႕ဇနီးတကယ့္ပါရမီျဖည့္ဖက္ ရဲေဘာ္မ တစ္ေယာက္ျဖစ္ခဲ့ပါတယ္ ။

စစ္တပ္က အာဏာသိမ္းျပီး ပါတီတည္ေထာင္ခြင့္ေတြေပးတယ္ ။ ပါတီေတြ အလွ်ိဳ လွ်ိဳ ေပၚလာခဲ့တယ္ ။ ဦးခင္ေမာင္ျမင့္က ပါတီထူေထာင္ေရးကို အေတာ္ စဥ္းစားခဲ့တယ္ ။ ဗိုလ္ခင္ညႊန္႕တို႕ အုပ္စု ကို မယံု လို႕ ။ ရဲေဘာ္ေတြက အတင္းေတာင္းဆိုေတာ့မွ ပါတီဖြဲ႕စည္းေရးကို သေဘာတူခဲ့တယ္ ။
၁၉၈၈ခုႏွစ္ နိုဝင္ဘာလ ၉ရက္ေန႕မွာ ျပည္သူ႕တိုးတက္ေရးပါတီ အမည္နဲ႕ ပါတီဖြဲ႕စည္းခဲ့တယ္ ။

အနယ္နယ္ အရပ္ရပ္ ပါတီဖြဲ႕စည္းေရး ဆိုင္းဘုတ္တင္ပြဲေတြ ခရီးထြက္ခဲ့တယ္ ။ ေရာက္ရာ ေဒသမွာ ျပည္သူလူထုကို ေဟာေျပာပို႕ခ် ခဲ့တယ ္။ သူ႕ေဟာေျပာခ်ကိေတြဟာ အစိုးရကို ထိခိုက္ေစလို႕ သတိေပးလက္မွတ္ထိုးခိုင္းတဲ့အထိ ျဖစ္ခဲ့်ပမဲ့ လက္မွတ္မထိုးခဲ့ဘူး ။ ဖမ္းခ်င္ဖမ္းေပါ့ ။

သူ႕ရဲေဘာ္ေတြကို ~~~

နဝတ နအဖ စစ္အုပ္စုက က်ဳပ္တို႕ကိုအလွၾကည့္ေနမွာမဟုတ္ဘူး ဖမ္းမွာေသခ်ာတယ္ ။ ဒီတစ္ခါဖမ္းရင္ က်ဳပ္အေနနဲ႕ အရွင္ျပန္ထြက္နိုင္မွာ မဟုတ္ဘူး ။ တကယ္လို႕ က်ဳပ္က်ဆံုးသြါးရင္လဲ က်န္ရဲေဘာ္ေတြ တာဝန္သိသိ နဲ႕ဆက္တာဝန္ယူၾကပါ လို႕ ရဲရဲေတာက္မွာခဲ့တယ္ ။
၁၉၈၈ ဇြန္လ ၂၅ရက္ေန႕ မွာ ဒီမိုကေရစီတည္ေဆာက္ပါေတာ့မယ္ ဆိုတဲ့စစ္အစိုးရက သူ႕ကို ဖမ္းဆီးခဲ့တယ္ ။
စစ္ခံုရံုးက ပုဒ္မ မ်ိးစံုတပ္ျပီးေထာင္ဒဏ္ အႏွစ္ ၂၀ ခ်မွတ္ခံခဲ့ရတယ္ ။

၁၉၉၃ဇန္နဝါရီမွာ သူ႕က်န္းမာေရး အေျခအေန ဆိုးဝါးလာခဲ့တယ္ ။ ေဆးရံုေပၚမွာဘယ္သူနဲ႕မွ မေတြ႕ရဆိုတဲ့တားျမစ္ခ်က္ကို ဆန္႕က်င္ခဲ့တယ္ ။ အဲ့အခ်ိန္မွာ ေတာ္ဘုရားေလးဦးေအာင္ေဇ (သီေပါမင္းတရားႀကီးရဲ႕ေျမးေတာ္ ) ေထာင္ေဆးရံုတက္ရတယ္ ။ ဦးခင္ေမာင္ျမင့္နဲ႕ေတြ႕တယ္ ။ စကားေျပာခြင့္ ရတဲ့အ ခ်ိန္တိုို အတြင္းမွာ အျပင္က ရဲေဘာ္ေတြကို စကားႀကံဳပါးလိုက္တယ္ ။

"ပါတီဖ်က္တာ က်ဳပ္တို႕မဟုတ္ဘူး စစ္အုပ္စုကဖ်က္တာ မွတ္ပုံတင္တာ ဖ်က္လို႕ရမယ ္။ လူထု ရင္ထဲက အသိမွတ္ျပဳထားတာ က်ဳပ္တို႕ရဲေဘာ္ေတြ ႏွလံုးသားနဲ႕တည္ေဆာက္ထားတာေတာ့ဘယ္ေတာ့မွဖ်က္ မရဘူး ။ က်ဳပ္က ေသခါနီးျပီ က်န္ရဲေဘာ္ေတြ စိတ္ဓါတ္ခိုင္ခိုင္နဲ႕ဆက္လုပ္ျက " လို႕ လူႀကံဳ စကား ပါးလိုက္ပါေသးတယ္ ။
အဆုတ္ေရာဂါ အာဟာရျပတ္တဲ့ဒဏ္ ႏွိပ္စက္မႈ ဒဏ္ေတြေၾကာင့္
ေရာဂါ အေျခ အေနပိုဆိုးလာေတာ့ ေထာင္ေဆးရံုကေန ရန္ကုန္ေဆးရံုျကီးကို မပို႕ ခဲ့ဘူး ။
အသနားခံစာတင္ ရန္ကုန္ေဆးရံုျကီးတက္ဖို႕ ေထာင္ဆရာဝန္ေတြ ေထာက္လွမ္းေရးေတြက တိုက္တြန္းတာလဲျငင္းပယ္ခဲ့တယ္ ။ အသနားခံစာမတင္ခဲ့ ဘူးလက္မွတ္မထိုးခဲ့ဘူး ။

"ေသကာမွေသေရာ အေသသာခံမယ္ ရန္သူကို ဘယ္ေတာ့မွ ဦးမညႊတ္ဘူး ။ ရန္သူကို ဦးညႊန္ျပီးမွ အသက္ရွင္ရမယ္ ဆိုရင္ အဲ့လိုလူစားထဲ ခင္ေမာင္ျမင့္ ဘယ္ေတာ့မွမပါဘူး " လို႕ ေၾကြေၾကာ္ခဲ့ပါသတဲ့ ။

ရန္သူ ကို ဘယ္ေတာ့မွ ဦးမညႊန္ဘဲ သူရဲေကာင္းပီပီ အာဇာနည္ေတြ ေလွ်ာက္တဲ့ လမ္းကို ေလွ်ာက္လွမ္းခဲ့တယ္ ။
ေနာက္ဆံုးအခ်ိန္ ေသေတာ့မယ္ ဆိုတာ ေသခ်ာမွစစ္အုပ္စုက အင္းစိန္ေဆးရံုထုတ္ျပီးေဆးကုဖို႕ခြငိ့ျပဳခဲ့တယ္ ။ စစ္အာဏာရွင္ဟာ ဦး ခ်ဳိးမယ္ ။ ပစ္ထားလိုက္မယ္ ။ ဆိုတဲ့ရည္ရြယ္ခ်က္ ။ နိုင္ငံေရးေနာက္ေပါက္လူေတြကိုပါ နမူနာျပလိုက္ခ်င္တာ ျဖစ္သလို ။

ဦးခင္ေမာင္ျမင့္ကလဲ နိုင္ငံေရးသမားဆိုတာ ဒီလို လုပ္ရတယ္ ။ ျပည္သဴ႕အတြက္ အမွန္တရား အတြက္ဆိုရင္ အာဏာရွင္ကို ဘယ္ေတာာ့မွ အညံ့မခံ ဘဲ အသက္ပဲေပးရေပးရဘဝ ပဲေပးရေပးရ လုပ္ရတယ္ ဆိုတဲ့အခ်က္ ျပသြားခဲ့တယ္ ။ ၁၉၉၃ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႕မွာ ေသဆံုး ခဲ့ပါတယ္ ။

ယဥ္မ်ိဳးစာေပ မွထုတ္ေဝေသာ ....
ဦးခင္ေမာင္ျမင့္ (သို႕မဟုတ္ ) ႀကီးျမတ္သူ ႏွင့္ ဂုဏ္ေျပာင္သူ စာအုပ္မွ ေကာက္နုတ္ခ်က္မ်ား ။
........................
သမိုင်းထဲက ဒေးဒရဲသား တစ်ဦး

" ဦးခင်မောင်မြင့် (သို့မဟုတ်) ကြီးမြတ်သူ နှင့် ဂုဏ်ပြောင်သူ "

ဦးခင်မောင်မြင့် ကို ဦးရွှေလင်း + ဒေါ်စောဥ တို့မှ မွေးဖွားခဲ့တယ် ။ ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် သဲကုန်းကျေးရွာ မှာ ၁၉၂၉ခုနှစ် ဒီဇင်ဘာလ ၁၁ရက်နေ့မှာ မွေးဖွားသန့်စင်ခဲ့ပါတယ် ။ မွေချင်း ၅ယောက်ရှိတဲ့အနက် စတုတ္ထမြောက်သားဖြစ်တယ် ။ ဂီတစာဆို အဆိုတော် ကိုသန်းလှိုင် ရဲ့ အကိုရင်း ဖြစ်တယ် ။

အသက်ရနှစ်အရွယ်မှာ ဘုန်းတော်ကြီးကျောင်းမှာ ပညာသင်ကြားခဲ့တယ် ။ ၁၉၃၆-၃၇ မှာ ရန်ကုန်မြို့ မက်သဒစ် (ခရစ်ယန်သာသနာပြုကျောင်း) မှာ ပညာသင်ကြားခဲ့တယ် ။ မက်သဒစ် ကျောင်းတတ်နေစဉ်ကတည်းက လက်ဝှေ့ထိုးတာဝါသနာ ပါခဲ့တယ် ။ မူလတန်း အလယ်တန်းနဲ့အထက်တန်းဘောလံ ုး အသင်းတွေမှာပါဝင်ကစားခဲ့တယ် ။ လက်ဝှေ့နဲ့ဘောလုံးဟာ အထူးချွန်ဆုံး အားကစားဖြစ်ခဲ့ပါတယ် ။

အားကစားဘက်မှာထူးချွန်သလို နိုင်ငံရေးအမျိုးသားရေးဘက်မှာလဲ စိတ်အားထက်သန်စွာ မူလတန်း ကလေးအရွယ်မှာကတည်းက ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါခဲ့တယ် ။

၁၉၄၂ ဒုတိယကမ႓ာစစ် ဖြစ်နေချိန် ကျောင်းတွေအားလုံး ပိတ် လိုက်တဲ့အချိန်မှာ ဦးခင်မောင်မြင့်ကလေးလည်း ဒေးဒရဲ ရောက်သွါးပြန်ပါတယ် ။ ဒေးဒရဲပြန်ရောက်တယ် ဆိုရင်ပဲ သခင်မြသွင်တို့ ညီအကိုတွေနဲ့ဆုံဖြစ်တော့တယ် ။

သခင်မြသွင်တို့ညီအကိုဆိုတာ ဒို့ဗမာအစည်းအရုံးဝင်သခင်တွေ ပြီးတော့ ကွန်မြူ နစ် ပါတီဝင်တွေ သူတို့နဲ့တွေ့လိုက်တာ ကိုခင်မောင်မြင့်ကလေး ရဲ့ နိုင်ငံရေးရေချိန် မြှင့်တင်ပေးလိုက်သလို ဖြစ်သွားပါတော့တယ် ။
ကိုခင်မောင်မြင့်ဟာ သူတို့မိသားစုထဲမှာ ချွန်ထက်လာသူလို့ ဆိုနိုင်ပါတယ် ။ သူ့ညီကိုမောင်နှမ မိသားစုတွေထဲမှာ တစ်ယောက်မှ နိုင်ငံရေး စိတ်ဝင်စားသူမရှိခဲ့ဘူး ။ သို့သော် သူ့အဖေဦးရွှေလင်းက တော့ မျိုးချစ်စိတ်အတန်အသင့်ရှိတဲ့ ချမ်းသာတဲ့လယ်သမားတစ်ယောက်ပါ ။

၁၉၄၃ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတစ်လျောက် လုံး သခင်မြသွင် ညီက တဆင့် မြစ်ဝကျွန်းပေါ်ဒေသ နိုင်ငံရေးခေါင်းဆောင် သခင်စိုးနဲ့စစ်ရေးခေါင်းဆောင် ဗိုလ်နေဝင်းတို့ကို အပြန်အလှန်ဆက်သွယ်ပေးရတဲ့ တော်လှန်ရေး ဆက်သား တစ်ဦး အဖြစ်တာဝန်ယူလုပ်ဆောင်ခဲ့တယ် ။ အဲ့အချိန်မှာ သူ့အသက် ၁၃ နှစ်သားပဲ ရှိပါသေးတယ် ။

ဒုတိယကမ႓ာစစ်အပြီး၁၉၄၆ ရန်ကုန်မြို့ စိန်ဂျွန်းကျောင်းမှာ ပညာဆက်လက်သင်ခဲ့တယ် ။ ၁၉၄၉ မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တယ် ။ စိန်ဂျွန်းကျောင်းမှာတက်နေစဉ် စိန်ဂျွန်းကျောင်းသားသမဂ္ဂမှာ လှို့ဝှက်ပါဝင်ခဲ့ပြီး ၁၉၄၉ခုနှစ် ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရကသ)ဖွဲ့စည်းရာမှာ စိန်ဂျွန်းကျောင်းသားသမဂ္ဂ ကိုယ် စားလှယ်အနေနဲ့ပါဝင်ခဲ့ပြီး( ရကသ) အမှုဆောင် ကော်မတီဝင်တစ်ဦး အဖြစ်တာဝန်ယူခဲ့တယ် ။

၁၉၄၉-၅၀ ပညာသင်နှစ်ကစလို့ ရန်ကုန်တက္ကသိုလ် မှာပညာသင်ကြားခဲ့ပြီး ၁၉၅၀မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂအဖွဲ့ချုပ် (ဗကသ) မှာ အမှုဆောင်တစ်ဦး အဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံခဲ့ရတယ် ။ ၁၉၅၀-၅၁
အဲ့နှစ်ထဲမှာပဲ ရကသ မှာ အမှုဆောင် . တကသ မှာ ဒုဥက္ကဌ စတဲ့တာဝန်တွေပါယူခဲ့ရတယ် ။

၁၉၅၂-၅၃ မှာ သူ ဘီအက်စ်စီ နောက်ဆုံးနှစ် ရောက်နေပါပြီ ။ ကျောင်းစာကတစ်ဖက် သမဂ္ဂလုပ်ငန်းတွေကတစ်ဖက် မအားမလပ်ဖြစ်နေချိန် မှာ ဒေါ် တင်တင် ဒေးဒရဲက လိုက်လာပါတယ် ။ အဲ့ကာလမှာ ကိုခင်မောင်မြင်နဲ့ ဒေါ်တင်တင် တို့က ငယ်ပေါင်းချစ်သူတွေပါ ။ ဒေါ်တင်တင်က ဒေးဒရဲသူ ။ ဦးထွန်းဖေ ဒေါ်ကျင်ရီတို့ရဲ့သမီး ဒေးဒရဲ မြို့မျက်နှာ ဖုံးတွေပါ ။ ဒေါ်တင်တင်ဟာ ရန်ကုန်လိုက်လာရင်း မပြန်တော့ဘဲ ကိုခင်မောင်မြင်နဲ့ ပဲခူးကို ထွက်လာခဲ့ကြပါတယ် ။ပဲခူးမှာ အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ခဲ့ကြပါတယ် ။

၁၉၅၃-၅၄ ထိ ပဲခူးအမျိုးသားကျောင်းမှာ အထက်တန်းသချင်္ာဆရာ အဖြစ် လုပ်ကိုင်ခဲ့တယ် ။

၁၉၅၅ မှာ ဆရာသခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ခရိုင်ကော်မတီအဖြစ်တာဝန်ယူခဲ့တယ် ။ ၁၉၅၆ မှာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမှာ ပမညတ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့သဘာပတိ အဖြစ်တာဝန်ယူခဲ့တယ် ။ ၁၉၅၇ က စလို့ကျောင်းဆရာ လောက နဲ့နိုင်ငံရေးလောကမှာ လူသိများထင်ရှားလာခဲ့တယ် ။ ၁၉၅၇ မှာပဲ ပြည်သူ့ဒီမိုကရေစီပါတီမှာ ဗဟိုကော်မတီ အဖြစ်ပါဝင်ဆောင်ရွက်ခဲ့တယ် ။

၁၉၅၈ ဗိုလ်နေဝင်းက အာဏာသိမ်းတဲ့ အခါမှာ လက်ဝဲ နိုင်ငံရေးအင်အားစု အားလုံး ဖမ်းဆီးခံခဲ့ရတယ် ။ ဦးခင်အောင်မြင့်လဲ ဖမ်းဆီးခံခဲ့ရတယ် ။
၁၉၅၉ခုနှစ်ထဲမှာ ပြန်လွတ်လာခဲ့တယ် ။

၁၉၅၉ ခုနှစ်မှာ ဗိုလ်ချုပ်အကို ဦးအောင်သန်း ခေါင်းဆောင်တဲ့ အမျိးသားတိုးတက်ရေးပါတီ . သခင်သင်ဦးဆောင်တဲ့ ပြည်သူ့ဒီမိုကရေစီပါတီ . ဦးခင်မောင်ဦး ဦးဘုန်းလှိုင်တို့ ဦးဆောငိတဲ့ ရဲဘော်ပေါင်းစုံ ထိန်းသိမ်းရေး အဖွဲ့သုံးဖွဲ့ ပူးပေါင်းပြီး ပြည်သူ့တိုးတက်ရေး ပါတီ ကို ဖွဲ့စညး်ခဲ့တယ် ။ ဥက္ကဌ ဦးအောင်သန်း အထွေထွေ အတွင်းရေးမှုးဦးအောင်မြင့် တွဲအထွေထွေ အတွင်းရေးမှုး ဦးခင်မောင်မြင့် အဖြစ် ပါဝင်ဆောင်ရွကိခဲ့တယ် ။

၁၉၆၂ မတ် လ ၂ ရက်နေ့ ဗို်လ်နေဝင်း အစိုးရ အာဏာသိမ်းပြီးချိန် ၁၉၆၂ ဆဲဗင်းဇူလိုင် အရေးအခင်းကို ထောက်ခံ ရေးသားကြေညာပြောဆိုခဲ့ပြီး စစ်အာဏာရှင်ကို စိန်ခေါ်ခဲ့တယ် ။ ထိုထောက် ခံရေးသားပြောဆိုခဲ့မှုဖြင့် ဖမ်းဆိီးခံခဲ့ရတယ် ။

၁၉၆၃ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာ ခဲ့တယ် ။
၁၉၆၃မှာ စစ်အုပ်စုက ငြိမ်းချမ်းရေးစတင်ညှိုနှိုင်းနေတဲ့ကာလမှာ ဆွေးနွေ့းပွဲ အထောက်အကူဖြစ်စေရန် နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေပေါင်းစုံ ပါဝင်တဲ့ ၆ခရိုင် ငြိ််မ်းချမ်းရေး ဆန္ဒပြပွဲ ကော်မတီ ဗဟိုမှာ ပါဝင် ခဲ့တယ် ။

၁၉၆၃ နိုဝင်ဘာ၁၁ရက်မှာ ဗိုလ်နေဝင်း က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တစ်ဖက်သတ် ဖျက်လိုက်တယ် ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်တဲ့အခါ အဖမ်းခံရတယ ်။ ၁၉၆၉ မှာ အင်းစိန်ထောင်ကနေ ကိုကိုးကျွန်းပို့ခြင်းခံခဲ့ရတယ် ။ ထောင်တွင်း တိုက်ပွဲတွေကို ဆက်လက်ဆင်နွဲခဲ့တယ် ။ ၁၉၇၂ ဒီဇင်ဘာမှာ အင်းစိန်ထောင်ပြန်ပို့ခဲ့တယ် ။

၁၉၇၃ မတ်လ မှာ ပြန်လွတ်မြောက်လာခဲ့တယ် ။

၁၉၇၈ ရောက်တဲ့အခါ မြေအောက်အဖွဲ့စည်းဖြစ်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်တယ် ဆိုပီး ဖမ်းဆီးခံခဲ့ရတယ် ။ ၁၉၈၀ ဇွန်လ မှာ ပြန်လွတ်လာခဲ့တယ်။

၁၉၈၈အရေးတော်ပုံ အတွင်းနဲ့ စစ်တပ်ကအာဏာသိမ်းပြီးမှာ အဖမ်းခံဖို့ပြင်ဆင်ရင်း ဆင်းဆင်းရဲရဲနေထိုင်စားသောက်ခဲ့ရတယ် ။ ဘဲဥတစ်လုံးကို မိသားစု ၃ယောက် မျှတ စားသောက်ရတဲ့ အခြေအနေထိ ဖြစ်ခဲ့ရတယ် ။ သူ့ဘဝ သူ့မိသားစု နဲ့ပက်သတ်ပြီး သူနဲ့ရင်းနှိီးတဲ့ ရဲဘော်ရဲဘက်တွေတောင် ဖွင့်မပြောခဲ့ဘူး ။
ဒေါ်တင်တင်ဟာ သူ့ဇနီးတကယ့်ပါရမီဖြည့်ဖက် ရဲဘော်မ တစ်ယောက်ဖြစ်ခဲ့ပါတယ် ။

စစ်တပ်က အာဏာသိမ်းပြီး ပါတီတည်ထောင်ခွင့်တွေပေးတယ် ။ ပါတီတွေ အလျှို လျှို ပေါ်လာခဲ့တယ် ။ ဦးခင်မောင်မြင့်က ပါတီထူထောင်ရေးကို အတော် စဉ်းစားခဲ့တယ် ။ ဗိုလ်ခင်ညွှန့်တို့ အုပ်စု ကို မယုံ လို့ ။ ရဲဘော်တွေက အတင်းတောင်းဆိုတော့မှ ပါတီဖွဲ့စည်းရေးကို သဘောတူခဲ့တယ် ။
၁၉၈၈ခုနှစ် နိုဝင်ဘာလ ၉ရက်နေ့မှာ ပြည်သူ့တိုးတက်ရေးပါတီ အမည်နဲ့ ပါတီဖွဲ့စည်းခဲ့တယ် ။

အနယ်နယ် အရပ်ရပ် ပါတီဖွဲ့စည်းရေး ဆိုင်းဘုတ်တင်ပွဲတွေ ခရီးထွက်ခဲ့တယ် ။ ရောက်ရာ ဒေသမှာ ပြည်သူလူထုကို ဟောပြောပို့ချ ခဲ့တယ ်။ သူ့ဟောပြောချကိတွေဟာ အစိုးရကို ထိခိုက်စေလို့ သတိပေးလက်မှတ်ထိုးခိုင်းတဲ့အထိ ဖြစ်ချဲ့ပမဲ့ လက်မှတ်မထိုးခဲ့ဘူး ။ ဖမ်းချင်ဖမ်းပေါ့ ။

သူ့ရဲဘော်တွေကို ~~~

နဝတ နအဖ စစ်အုပ်စုက ကျုပ်တို့ကိုအလှကြည့်နေမှာမဟုတ်ဘူး ဖမ်းမှာသေချာတယ် ။ ဒီတစ်ခါဖမ်းရင် ကျုပ်အနေနဲ့ အရှင်ပြန်ထွက်နိုင်မှာ မဟုတ်ဘူး ။ တကယ်လို့ ကျုပ်ကျဆုံးသွါးရင်လဲ ကျန်ရဲဘော်တွေ တာဝန်သိသိ နဲ့ဆက်တာဝန်ယူကြပါ လို့ ရဲရဲတောက်မှာခဲ့တယ် ။
၁၉၈၈ ဇွန်လ ၂၅ရက်နေ့ မှာ ဒီမိုကရေစီတည်ဆောက်ပါတော့မယ် ဆိုတဲ့စစ်အစိုးရက သူ့ကို ဖမ်းဆီးခဲ့တယ် ။
စစ်ခုံရုံးက ပုဒ်မ မျိးစုံတပ်ပြီးထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရတယ် ။

၁၉၉၃ဇန်နဝါရီမှာ သူ့ကျန်းမာရေး အခြေအနေ ဆိုးဝါးလာခဲ့တယ် ။ ဆေးရုံပေါ်မှာဘယ်သူနဲ့မှ မတွေ့ရဆိုတဲ့တားမြစ်ချက်ကို ဆန့်ကျင်ခဲ့တယ် ။ အဲ့အချိန်မှာ တော်ဘုရားလေးဦးအောင်ဇေ (သီပေါမင်းတရားကြီးရဲ့မြေးတော် ) ထောင်ဆေးရုံတက်ရတယ် ။ ဦးခင်မောင်မြင့်နဲ့တွေ့တယ် ။ စကားပြောခွင့် ရတဲ့အ ချိန်တိိုု အတွင်းမှာ အပြင်က ရဲဘော်တွေကို စကားကြုံပါးလိုက်တယ် ။

"ပါတီဖျက်တာ ကျုပ်တို့မဟုတ်ဘူး စစ်အုပ်စုကဖျက်တာ မှတ်ပုံတင်တာ ဖျက်လို့ရမယ ်။ လူထု ရင်ထဲက အသိမှတ်ပြုထားတာ ကျုပ်တို့ရဲဘော်တွေ နှလုံးသားနဲ့တည်ဆောက်ထားတာတော့ဘယ်တော့မှဖျက် မရဘူး ။ ကျုပ်က သေခါနီးပြီ ကျန်ရဲဘော်တွေ စိတ်ဓါတ်ခိုင်ခိုင်နဲ့ဆက်လုပ်ကြ " လို့ လူကြံု စကား ပါးလိုက်ပါသေးတယ် ။
အဆုတ်ရောဂါ အာဟာရပြတ်တဲ့ဒဏ် နှိပ်စက်မှု ဒဏ်တွေကြောင့်
ရောဂါ အခြေ အနေပိုဆိုးလာတော့ ထောင်ဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို မပို့ ခဲ့ဘူး ။
အသနားခံစာတင် ရန်ကုန်ဆေးရုံကြီးတက်ဖို့ ထောင်ဆရာဝန်တွေ ထောက်လှမ်းရေးတွေက တိုက်တွန်းတာလဲငြင်းပယ်ခဲ့တယ် ။ အသနားခံစာမတင်ခဲ့ ဘူးလက်မှတ်မထိုးခဲ့ဘူး ။

"သေကာမှသေရော အသေသာခံမယ် ရန်သူကို ဘယ်တော့မှ ဦးမညွှတ်ဘူး ။ ရန်သူကို ဦးညွှန်ပြီးမှ အသက်ရှင်ရမယ် ဆိုရင် အဲ့လိုလူစားထဲ ခင်မောင်မြင့် ဘယ်တော့မှမပါဘူး " လို့ ကြွေကြော်ခဲ့ပါသတဲ့ ။

ရန်သူ ကို ဘယ်တော့မှ ဦးမညွှန်ဘဲ သူရဲကောင်းပီပီ အာဇာနည်တွေ လျှောက်တဲ့ လမ်းကို လျှောက်လှမ်းခဲ့တယ် ။
နောက်ဆုံးအချိန် သေတော့မယ် ဆိုတာ သေချာမှစစ်အုပ်စုက အင်းစိန်ဆေးရုံထုတ်ပြီးဆေးကုဖို့ခွငိ့ပြုခဲ့တယ် ။ စစ်အာဏာရှင်ဟာ ဦး ချိုးမယ် ။ ပစ်ထားလိုက်မယ် ။ ဆိုတဲ့ရည်ရွယ်ချက် ။ နိုင်ငံရေးနောက်ပေါက်လူတွေကိုပါ နမူနာပြလိုက်ချင်တာ ဖြစ်သလို ။

ဦးခင်မောင်မြင့်ကလဲ နိုင်ငံရေးသမားဆိုတာ ဒီလို လုပ်ရတယ် ။ ပြည်သူ့အတွက် အမှန်တရား အတွက်ဆိုရင် အာဏာရှင်ကို ဘယ်တောာ့မှ အညံ့မခံ ဘဲ အသက်ပဲပေးရပေးရဘဝ ပဲပေးရပေးရ လုပ်ရတယ် ဆိုတဲ့အချက် ပြသွားခဲ့တယ် ။ ၁၉၉၃ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ သေဆုံး ခဲ့ပါတယ် ။

ယဉ်မျိုးစာပေ မှထုတ်ဝေသော ....
ဦးခင်မောင်မြင့် (သို့မဟုတ် ) ကြီးမြတ်သူ နှင့် ဂုဏ်ပြောင်သူ စာအုပ်မှ ကောက်နုတ်ချက်များ ။

No comments:

Post a Comment