Latest News

Wednesday, April 20, 2016

မအူပင်၊၀ါးတောကျေးရွာအနီယာဉ်တိမ်းမှောက်၊၁ဦးသေဆုံး

မအူပင်။ဧပြီ ၁၉
ယနေ့ဧပြီလ ၁၉ရက် ည၇နာရီ၁၀မိနစ်အချိန်ခန့်တွင် မအူပင်မြို့ ဝါးတောကျေးရွာ ရေနံချောင်းအနီးတွင် ဆိတ်ကြီးခနောင်တိုမှ မိသားစုများစီးနင်းလာသော ဟိုက်ဂျက်အမျိုးအစား မော်တော်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ကြောင်းသတင်းရရှိသည်။
ယင်းယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ကာပေါ်ပါလာသူ၁၇ဦးအနက် ၁ဦးသေဆုံးခဲ့ပြီး ၁၆ဦးဒါဏ်ရာအပြင်အထန်ရရှိကာ မအူပင်ပြည်သူ့ဆေးရုံသို့ လူမှုကရုဏာ (မအူပင်)မှလူနာတင်ယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ယင်းတိမ်းမှောက်သောကားမှာ ပန်းတနော်မြို့နယ်မှ ဆိတ်ကြီးခနောင်တို ကျေးရွာသို့ ပြန်လာခြင်းဖြစ်ပြီး မအူပင်မြို့ ရေနံချောင်းကျေးရွာအရောက်တိမ်းမှောက်ခဲ့ခြင်းလည်းဖြစ်သည်။
Photo- PLC
Credit Phyo Lay Cham,ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့


No comments:

Post a Comment