Latest News

Sunday, February 4, 2018

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်ရှိ စက္ကူပုံးစက်ရုံ မီးလောင်မှုဖြစ်ပွား

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်ရှိ စက္ကူပုံးစက်ရုံ မီးလောင်မှုဖြစ်ပွား

ရန်ကုန် ဖေဖော်ဝါရီ ၎

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန် မင်းကြီးမဟာမင်းခေါင်လမ်း၊ အမှတ် (၁၇၂) ဂရမ်းဟားဗစ်စက္ကူပုံးစက်ရုံတွင် ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ည ၇ နာရီခွဲအထိ စက်ရုံ အတွင်းလောင်ကျွမ်းနေ သောမီးကို ဆက်လက် ငြှိမ်းသတ်လျက်ရှိ ကြောင်း ကနဦးသတင်းအရ သိရသည်။

စက်ရုံပိတ်ရက်ဖြစ်၍ လုံခြုံရေး ဝန်ထမ်းလေးဦးသာရှိသော အဆိုပါ စက်ရုံ တွင် ယာဉ်များလည်း မီးလောင် ပျက်စီးဆုံးရှုံးကြောင်း သိရသည်။

မီးလောင်ရာသို့ မီးသတ်ယာဉ် ၅၇ စီး၊ အုပ်ချုပ်မှုယာဉ်ခြောက်စီးနှင့် မီးသတ် တပ်ဖွဲ့ဝင် ၄၅၇ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၂၅ဝ တို့ဖြင့် ငြှိမ်းသတ် ခဲ့ရာ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်း ခဲ့ကြောင်း သိရသည်။ မီးလောင်မှု အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို ခန့်မှန်းတွက်ချက်၍ မရသေးကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားနေစဉ် ရွှေလင်ပန်း မီးသတ်ရေကန်လမ်း ကျုးကျော်တဲ တွင် နေထိုင်သော မောင်ထွန်းဝင်း (၂ဝနှစ်)မှာ ကုက္ကိုပင်ပေါ်တက်၍ မီးလောင်မှုကို ကြည့်ရှုစဉ် ဓာတ်ကြိုးကိုကိုင်မိ၍ ဓာတ် လိုက်ပြုတ်ကျခဲ့ပြီး လှိုင်သာယာ ပြည်သူ့ ဆေးရုံးမှ ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ကုသ ခဲ့ရကြောင်း သိရသည်။

အဆိုပါစက္ကူပုံးစက်ရုံတွင် အလုပ် သမား ၃ဝဝ ခန့်ရှိပြီး စက်ရုံပိတ် ရက်ဖြစ် ၍ ထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း မော်တော်ယာဉ် ၁၂ စီးခန့် ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း သိရသည်။
သန်းထိုက်(လှိုင်သာယာ)ပြန်​/ဆက်

No comments:

Post a Comment