Latest News

Wednesday, December 20, 2017

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ပိုလန်တက္ကသိုလ်မှ ဘွဲ့ပေးအပ်ချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ပိုလန်တက္ကသိုလ်မှ ဘွဲ့ပေးအပ်ချီးမြှင့်

ရန်ကုန်   ဒီဇင်ဘာ   ၁၉

မြန်မာနိုင်ငံ၏    ပြုပြင်ပြောင်းလဲမှုများ   ဆောင်ရွက်နေ သည့် အခြေအနေနှင့်   ရန်ကုန်မြို့၏ ပြုပြင်ပြောင်းလဲ ဆောင်ရွက်လာနိုင်မှုအပေါ် အသိအမှတ်ပြုသည့်အနေဖြင့်Honorary Doctorate in Business Administrationဘွဲ့ကို    ပိုလန်နိုင်ငံ   University   of    Information Technology and Management in Rzeszow, Polandက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်     ဦးဖြိုးမင်းသိန်းကို ပေးအပ်ချီးမြှင့်လိုက်ကြောင်း သိရသည်။

''အဓိကကတော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲဆောင်ရွက်နေတဲ့အခြေအနေနဲ့    ရန်ကုန်ရဲ့ ပြုပြင်ပြောင်းလဲဆောင်ရွက်လာနိုင်မှုအပေါ်မှာ အသိအမှတ် ပြုတဲ့   ဆုတစ်ခုပဲဖြစ်ပါတယ်၊   ဒီအတွက် ကျွန်တော် ဝမ်းသာပါတယ်၊ ဒီဟာက ဂုဏ်ပကာသနအတွက် မဟုတ် ပါဘူး၊   ကျွန်တော်တို့   မြန်မာနိုင်ငံ   ပြုပြင်ပြောင်းလဲမှု အတွက် တွန်းအားတစ်ခုဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပါ တယ်'' ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ထပ်မံ၍ ဝန်ကြီးချုပ်က ''စံနှုန်းတွေကတော့ သူတို့ နိုင်ငံမှာ သူတို့တက္ကသိုလ်ကနေပြီးတော့  ပြုပြင်ပြောင်းလဲမှု တွေကို     ဆောင်ရွက်နေတဲ့သူတွေ၊     Business Administration  နဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးနိုင်တဲ့ သူတွေ၊ အဲဒီသူတွေကို သူတို့ကလေ့လာတယ်၊ စွမ်းဆောင် နိုင်သူတွေကို ကြည့်တယ်၊ ဒီအပေါ်ကနေ ကြည့်ပြီးပေးတာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

အဆိုပါဘွဲ့ ပေးအပ်ချီးမြှင့်ပွဲကို ဒီဇင်ဘာ ၁၈ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် နေအိမ်တွင် ကျင်းပခဲ့ကြောင်းနှင့် University  of Information Technology and Management in Rzeszow, Poland  မှ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ¤င်းတို့ တက္ကသိုလ်တွင် ဟောပြောပို့ချရန် ဖိတ်ကြားထား ကြောင်း သိရသည်။

မင်းသစ်(MNA)

No comments:

Post a Comment