Wednesday, August 23, 2017
ဝါးများကို စနစ်တကျခုတ်ယူခြင်းမရှိပါက သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်
ဟံသာနွန်
ပေါင်မြို့နယ်ရှိ ကုလားမတောင်တန်းပေါ်တွင် သဘာဝအလျှောက် ပေါက်ရောက် လျှက်ရှိ သော ၀ါးပင်များကို စနစ်တကျခုတ်ယူခြင်းမရှိပါက ၀ါးတောကြီးများပြုန်းတီးလာပြီး သဘာဝပတ်ဝန်းကျင်ကို ပါထိခိုင်စေနိုင်သည်ဟု သဘာဝ ပတ်ဝန်းကျင်လေ့လာသူများကပြောသည်။
ဝါးများကို အိမ်ဆောက်ခြင်း၊ ထရံရက်ခြင်း၊ အသုံးအဆောင်ပစ္စည်းရက်လုပ်ခြင်း၊ မွေးမြူရေးလုပ်ငန်းနှင့်
စိုက်ပျိုးရေးကဏ္ဍတို့တွင် အသုံးပြုခြင်း၊ နေအိမ်ခြံဝင်းကာရံရာတွင် အသုံးပြုခြင်းတို့ကြောင့် ဒေသခံ ၀ါးခုတ်သမားများ၊ ကမိသားစုစားဝတ်နေရေးအတွက် ခုတ်ယူသုံးစွဲနေကြခြင်းဖြစ်သည်။
ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းကို ရရှိစေသော်လည်း ၀ါးများကို စနစ်တကျ ခုတ်ယူဖို့ လိုသည်ဟု ပေါင်မြို့ နယ် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးသန်းဝင်းကပြော
သည်။
“စိုက်ယူတဲ့ ၀ါးဘဲဖြစ်ဖြစ်၊ သဘာဝအလျှောက်ပေါက်ရောက်တဲ့ ၀ါးဘဲဖြစ်ဖြစ်ပေါ့နော်။ ဒီလိုမပြုန်းတီးအောင် ၀ါးရုံတစ်ရုံမှာရှိတဲ့ အပင်(၅၀)ကို အပြောင်ခုတ်မယ့်အစား တစ်ရုံကို အပင်(၂၀) လောက်ဘဲ ရင့်တဲ့ဝါးကို အလှည့်ကျ တစ်ရုံပြီးတစ်ရုံ ခုတ်ယူသုံးစွဲမယ်ဆိုရင် ဒီဝါးရုံလည်းမပြုန်တီးတဲ့အပြင် ၀ါးရှားပါးမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်မယ်”ဟု ၄င်းကဆက်ပြောသည်။
ပေါင်မြို့ နယ် တွင် ၀ါးပိုး၊ ကြိမ်ဝါး၊ နှီးဝါး၊ ၀ါးနွယ်စသည့် ၀ါးပင်များ အများဆုံးပေါက်လေ့ ရှိပြီး
လတ်တလောအနေအထားအရကုလားမတောင်တန်းတွင်ဝါးများပြုန်းတီးလာမှုမှာတစ်နှစ်ထက်တစ်နှစ်တိုးပွားလာသည်။
"ဟိုတုန်းကဆိုရင် ပေါလွန်းလို့ ဒီကုလားမတောင်တန်းထိပ်တောင်မရောက်ဘူး။ ၀ါးတွေ တတ်ခုတ် ယူကြတယ်။ ခုနောက်ပိုင်းကရှားလာတော့ နွားလပို့တောင်ဘက်ခြမ်းထိ တတ်ခုတ်နေရတယ်။ အဲမှာတောင် လျှိုတွေတောင်ကြားတွေကြားမှာ ခက်ခက်ခဲခဲနဲ့ခုတ်ယူနေရတယ်။ ခုတ်ယူတဲ့ဝါးတွေကိုတော့ အိမ်ခြံဝင်းကာရံဖို့နဲ့ လယ်ယာလုပ်ငန်းကဏ္ဍတွေမှာ အဓိကအသုံးပြုကြတယ်။အချို့ကတော့ တပိုင်တနိုင် အဖြစ်နဲ့ ခုတ်ယူရောင်းချ သူလည်းရှိတာပေါ့” ဟု ၀ါးခုတ်သူတစ်ဦးကပြောသည်။
ဝါးများပြုန်းတီးလာမှုအပါ် သစ်တော ဦးစီးဌာနအနေဖြင့် စနစ်တကျ ခုတ်ယူရန် နှုင့်ထိမ်းသမ်းရန်
ပညာပေးဟောပြောမှုများပြုလုပ်နေကြောင်းသိရသည်။
ဝါးများကို စနစ်တကျခုတ်ယူခြင်းမရှိပါက သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်
Reviewed by timeayeyar
on
8:40 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment