Latest News

Wednesday, July 26, 2017

ဧရာဝတီတိုင်းဒေသကြီး မှာ H1N1 Positive လေးဦးတွေ့

ဧရာဝတီတိုင်းဒေသကြီး မှာ H1N1 Positive   လေးဦးတွေ့ 

ဧရာဝတီတိုင်းဒေသကြီးမှာ H1N1 Positive ဖြစ်နေသူ  လေးဦးကို စစ်ဆေးတွေ့ ရှိကြောင်း ဇူလိုင်လ(၂၆)ရက်နေ့ က အစိုးရကသတင်းထုတ်ပြန်လိုက်ပါတယ်။

“ပထမဆုံး စဖြစ်တာ ရေကြည်မြို့နယ်ပါ ။ ဒုတိယအနေနဲ့ဆို ဖျာပုံမြို့နယ်၊တတိယအနေနဲ့ဆို ပုသိမ်မြို့နယ်ပါ တွေ့ရတဲ့ အနေအထားတွေရှိပါတယ်”ဟု လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ပြောပါတယ်.။

ဒီလို လက္ခဏာတွေ့ ရှိမှုအပေါ် သီသန့်  ကုသပေးနေကြောင်းလည်းအစိုးရကပြောပါတယ်။

လတ်တလောမှာဖြစ်ပွါးနေတဲ့  H1N1 ၀က်တုပ်ကွေး ရောဂါနဲ့ ပတ်သတ်ပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်းက ပြည်သူတွေအနေနဲ့  မစိုးရီမ်ကြဖို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနကရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး ဇူလိုင်လ(၂၅)ရက်နေ့ မှာ  အသိပေးပြောဆိုထားသော်လည်း ယခုလို စစ်ဆေးတွေ့ ရှိလာတဲ့ အပေါ်ဒေသခံတွေကစိုးရိမ်နေကြပါတယ်.။

ဧရာဝတီတိုင်းဒေသကြီးဟာ လူဦးရေ ခြောက်သိန်းကျော်နေထိုင်လျှက်ရှိပြီး ပုသိမ်မြို့ မှာတော့ လူဦးရေတစ်သိန်းခွဲနေထိုင်လျှက်ရှိပါတယ်။

မြန်မာပြည်မှာ စတင်သတိထားမိတဲ့  အဲ့ ဒီ ၀က်တုပ်ကွေးလို့ လူသိများကြတဲ့  Influenza Type A.A/ H1N1 Pdm-Positive ဖြစ်တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတဲ့ လူနာ (၂) ဦး၊ ထဲက တစ်ဦးမှာ ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့နယ်က ဖြစ်ပါတယ်။

 ရောဂါပိုးတွေ့ရှိသူ (၃၃) ဦးတွင် H1N1 Posstive ဖြစ်နေသူ (၁၅)ဦးနှင့် သေဆုံးသူ (၃) ဦးအထိရှိလာပြီဖြစ်ကြောင်း မနေ့ ကသတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို ကမနေ့ ကပြောဆိုထားပါတယ်။

Writer  မျိုးမင်းပိုင်

No comments:

Post a Comment