Latest News

Wednesday, July 26, 2017

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တွင် H1N1 ကူးစက်ခံရသူ လေးဦးတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တွင် H1N1 ကူးစက်ခံရသူ
လေးဦးတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှာ H1N1 ကူးစက်ခံရသူ လေးယောက် ဒီကနေ့ တွေ့ရှိခဲ့ တယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။ လက်ရှိမှာတော့ ဖြစ်ပွားခဲ့တဲ့လူနာတွေကိုစောင့်ကြည့် ကုသတာတွေ ပြုလုပ်ပေးနေတယ်လို့ ဝန်ကြီး ဒေါက်တာလှမြတ်သွေးက ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ အသုတ်မြို့မှာ H1N1 လူနာတစ်ယောက်ကို စတင်တွေ့ရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းခဲ့ပါတယ်။ ဖျာပုံမြို့မှာလည်း သံသယရှိ လူနာ ၂ ယောက်တွေ့ရှိလို့ ရန်ကုန်ဆေးရုံကြီးကို လွှဲကုသခဲ့တာမှာ တစ်ယောက်ကတော့ သေဆုံးသွားပါတယ်။ ဒီနေ့မှာတော့ ပုသိမ်မြို့နယ်မှာ ရောဂါကူးစက်ခံရတဲ့ လူနာ ၄ ယောက် ထပ်ပြီးတွေ့ရှိခဲ့တာပါ။

ရာသီတုပ်ကွေးကနေ ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိတဲ့ အနေအထားမျိုးဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ ကိုယ်ခံအားနည်းတဲ့သူတွေမှာ ဖြစ်ပွားတာဖြစ်ပြီး ရောဂါစစ်ဆေးတွေ့ရှိကြရင်လည်း စိတ်မပူကြဘဲ ဆေးကုသမှု ခံယူကြဖို့၊ ကာကွယ်ရေးအနေနဲ့ အပြင်က ပြန်လာတိုင်းမှာ လက်ဆေးကြဖို့နဲ့ လူထူထပ်တဲ့နေရာတွေမှာ Mask တပ်ကြဖို့ကိုလည်း ဝန်ကြီးက တိုက်တွန်းထားပါတယ်။

DVB

No comments:

Post a Comment