Latest News

Friday, July 21, 2017

သိန္နီဒေသခံတွေ နေရပ်ပြန်

သိန္နီဒေသခံတွေ နေရပ်ပြန်

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်မှာ နယ်မြေမတည်ငြိမ်လို့ မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြသူ ၇၀၀ ထဲက ဒေသခံ ၃၀၀ ကျော်လောက်ဟာ သူတို့နေရပ်ဆီ ဒီကနေ့ပြန်သွားကြပြီဖြစ်ပါတယ်။

မြို့နဲ့အနီးဆုံးဖြစ်တဲ့ ရွာ ၃ရွာကို လက်ရှိမှာ တပ်မတော်က လုံခြုံရေးယူထားပေးတယ်ဆိုပြီး ဗျူဟာမှူးက လာပြောတဲ့အတွက် ပြန်လွှတ်လိုက်တာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီက ပြောပါတယ်။

"ဒီနေ့တော့ ဟိုနားရယ်၊ ခမ်းတိမ်းရယ် ဝမ်စောက်ရယ် ၃၀၀ ကျော်လောက်တော့ရှိမယ် သူက မြို့နဲ့ အနီးဆုံးရွာတွေဖြစ်တယ် ဟိုမှာတပ်ကလည်း လုံခြုံရေးယူထားတယ်ဆိုတော့လေ ကျန်တဲ့ရွာတွေတော့မလွှတ်သေးဘူး ခုနတုန်းက ဗျူဟာမှူးလာတော့ ကျွန်မတို့ကို အကျိုးအကြောင်းလေး ပြောပြ တာပေါ့၊ ဒီ၃ရွာကတော့ နီးနီးနားနားဆိုတော့ ပြန်လို့ရတယ်ပေါ့ သူတို့တပ်တွေလည်း ရှိတယ်ပေါ့"

မြို့နဲ့အလှမ်းဝေးတဲ့ရွာက လူတွေကိုတော့ ပြန်မလွှတ်သေးဘဲ လုံခြုံရေးစိတ်ချရလောက်တဲ့အထိ စောင့်ကြည့်ဦးမယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက အစိုးရတပ်မတော်စစ်ကြောင်းတွေလည်း အဲဒီရွာတွေဘက်ရောက်လာကြသလို အဲဒီကျေးရွာတွေတဝိုက်မှာ TNLA အဖွဲ့တို့ လှုပ်ရှားတဲ့နေရာလည်းဖြစ်တဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေကြတယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် ခမ်းတိမ်းကျေးရွာအုပ်စုက ရွာပေါင်း ၇ ရွာက ဒေသခံ ၇၀၀ ကျော်လောက်ဟာ သိန္နီမြို့ပေါ်ကို ထွက်ပြေးလာကြတာပါ။

ဓါတ်ပုံ - နန်းခင်ထားရီ

RFA

No comments:

Post a Comment