Latest News

Tuesday, June 13, 2017

ကျောင်းသူ/ကျောင်းသားများ တင်ဆောင်လာသည့် စက်လှေ တိမ်းမှောက်



ဇွန် - ၁၃

ချင်းတွင်းမြစ်ကြောင်း မင်းကင်းမြို့နယ် l ကြွေကျေးရွာ နဲ့ ရွာဘကျေးရွာ ကိုကူးတဲ့ ကူးတို့စက်လှေ တစ်စီး ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းက တိမ်းမှောက်တယ်လို့သိရပါတယ်။

ကျောင်းသူကျောင်းသားတွေ ပါဝင်လာတဲ့ အဲဒီစက်လှေ တိမ်းမှောက်မှုမှာ အသေအပျောက်တော့ မရှိဘူးလို့ သိရပါတယ်။

စင်လှေပေါ်မှာ ဆယ်တန်း ကျောင်းသူတစ်ဦး | ကိုးတန်း ကျောင်းသား တစ်ဦး l ခုနှစ်တန်း ကျောင်းသူ တစ်ဦး ခြောက်တန်း ကျောင်းသူ တစ်ဦး l ငါးတန်း ကျောင်းသူနှစ်ဦး နဲ့ ကျောင်းသားတစ်ဦး အပါအဝင် စက်လှေမောင်းသမား တစ်ဦး ပါ ပါတယ်။

ကမ်းက ထွက်ခွာချိန်မှာ အမြန်ယာဉ်နှစ်စီးအတွေ့ အစုန်အဆန်လှိုင်းကို မထိန်းနိုင်ပဲ တိမ်းမှောက် ခဲ့တယ်လို့ သိရပါတယ်။

ဒီကူးတို့လမ်းကြောင်းမှာ ပုံမှန်အားဖြင့် စက်လှေကြီးတွေသာ ကူးနေကြဖြစ်ပေမယ့် အခုစက်လှေကတော့ လျှော်လဗန် (ခေါ်) ဟွန်ဒါ စက်တပ် လှေကလေးဖြစ်တယ်လို့ Sagaing Regional Information Page က အတည်ပြုထားပါတယ်။

တိမ်းမှောက်မှုကြောင့် လူအသေအပျောက် မရှိပေမယ့် စာရေးကိရိယာ နဲ့ ကျောင်းသုံးစာအုပ်တွေ ရေစိုပျက်စီးသွားတယ်လို့ ကနဦးသတင်းရရှိ ထားကြောင်း ဖော်ပြထားပါတယ်။

REF--Sagaing Regional Information Page
Monywa Gazette
https://www.facebook.com/monywagazette

No comments:

Post a Comment