Latest News

Wednesday, June 28, 2017

ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်ချက်

ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်ချက်

ရဲရင့်သော စစ်သား တစ်ဦးကို မျှော်လင့်ရှာဖွေနေခဲ့သောဒေါ်အောင်ဆန်းစုကြည်၏ ရှာပုံတော်ခရီးမှာ တစ်နှစ်ကျော်လာပါပြီ။သူမျှော်လင့်သည့် ပုဂ္ဂိုလ်ရှာတွေ့ရန်လည်း ခက်လိမ့်မည်ဟု အသက် (၇၂)နှစ်အရွယ် လူထုခေါင်းဆောင်က လတ်တလောဆွီဒင်ခရီးစဉ်အတွင်းဖွင့်ဟသည်။ လိုအပ်နေသော  ရဲရင့်သတ္တိရှိမှုဆိုသည်မှာ စစ်မြေပြင်တွင် ရဲရင့်ခြင်းမဟုတ်ဘဲ လွှတ်တော်ထဲတွင် ရဲရင့်သောစစ်သားကိုဆိုလိုကြောင်း သူကရှင်းပြသည်။ တပ်မတော်သား တစ်ဦး၏ ထောက်ခံမဲကို မရခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်နိုင်သေးခြင်းနှင့် တိုက် ရိုက်အချိုးကျကြောင်းလည်း ညီမျှ ခြင်းဆွဲပြ၏။ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေး၊ အမျိုး သားပြန်လည်ရင်ကြားစေ့ပြီး ဒီမို ကရက်တစ်ဖက်ဒရယ် ပြည်ထောင် စုတည်ထောင်ရေး၊ တရားဥပဒေ စိုးမိုးရေးဆိုသည့် အလံများ တလူ လူဖြင့် ရေဆန်လေဆန်ခရီးကြမ်း ကို တက်ကုန်ရွက်စုံလွှင့်လာခဲ့ပြီး နောက် ဒေါ်အောင်ဆန်းစုကြည်၏သံလိုက်အိမ်မြှောင်က အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိပ်ကမ်း၌ ကျောက်ချရန်ညွှန်ပြနေသည်။


တပ်မတော်နှင့် ပြန်လည် သင့်မြတ်ရေးဆောင်ရွက်နေသော သူ၏မူအပေါ် ဝေဖန်သူ၊ မကြိုက် သူများ ရှိသော်လည်း မြန်မာ့အနာ ဂတ်တိုးတက်မှုအတွက် မလွှဲမ ရှောင်သာလိုအပ်ချက်အဖြစ် ထိုမူ ကို ခိုင်ခိုင်မာမာဆက်ကိုင်စွဲသွား မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ တပ်မတော်ကိုဒီမိုက  ရေစီစနစ်တကျ အရပ်ဘက်အုပ် ချုပ်မှုအောက်တွင် ထားနိုင်ရေးအ တွက် မည်ကဲ့သို့ပြင်ဆင်နေသ နည်း၊ မည်သည့်အစီအစဉ်များရှိ သနည်းဟု ဆွီဒင်လွှတ်တော်နိုင်ငံ ခြားရေးကော်မတီဒုဥက္ကဋ္ဌက မေး မြန်းသည့်အပေါ် ဒေါ်အောင်ဆန်း စုကြည်က အရပ်ဘက်-စစ်ဘက် ပြန်လည်သင့်မြတ်ရေးမှာ မြန်မာ နိုင်ငံအတွက် အရေးကြီး၍ တပ်မ တော်နှင့် စေ့စပ်ညှိနှိုင်းသော နည်း လမ်းဖြင့် ပန်းတိုင်ဆီရောက် အောင် တစ်ဆင့်ချင်းသွားမည်ဟု ဆိုသည်။ အတိုက်အခံဘဝမှာက တည်းက ဖော်ဆောင်လိုခဲ့သော တပ်မတော်နှင့် ပြန်လည်သင့်မြတ် ရေးကို ဒီချုပ်အစိုးရဖြစ်လာချိန် လက်တွေ့စတင်ကျင့်သုံးသည့်အ ခါမှ လူတွေက အံ့သြကုန်ကြသည် ဟုလည်း သူကဆို၏။

‘‘တချို့လူတွေက သိပ်မကျေ နပ်ကြဘူး။ ရန်သူဟောင်းနဲ့ ပြန် လည်သင့်မြတ်ဖို့ မကြိုးပမ်းသင့် ဘူးလို့ထင်တဲ့လူ တချို့ရှိတယ်’’ ဟု နှစ်ပေါင်း ၃၀ ခန့်စစ်အစိုးရကို ဆန့်ကျင်ခဲ့သော အတိုက်အခံ ခေါင်းဆောင်ဟောင်း နိုဗယ်ငြိမ်း ချမ်းရေးဆုရှင်ကပြောသည်။

‘‘ဒါပေမဲ့ ရန်သူဟောင်းနဲ့ ပြန်သင့်မြတ်ဖို့ ကျွန်မတို့မကြိုးပမ်းဘူး ဆိုရင် နိုင်ငံတစ်နိုင်ငံအဖြစ် ကျွန်မ တို့ဘယ်လိုရှေ့ဆက်သွားမလဲ၊ လူသားမျိုးနွယ်တစ်ခုအဖြစ် ကျွန်မ တို့ဘယ်လိုရှေ့ဆက်ကြမလဲ။ အဲဒီ တော့ပြန်လည်သင့်မြတ်ရေးဟာ ဖြစ်လည်းဖြစ်နိုင်သလို ကျွန်မတို့ တိုင်းပြည်ရဲ့ အနာဂတ်တိုးတက် မှုအတွက် မလွှဲမရှောင်သာလို လည်းလိုအပ်တယ်ဆိုတဲ့ ကျွန်မ တို့ရဲ့မူအပေါ်အင်မတန်ခိုင်ခိုင်မာမာဆုပ်ကိုင်ထားတယ်’’ ဟု သူက ဆိုသည်။

ယခုအချိန်ထိမူ ဒီချုပ်ပါတီ ကနေရာအများစု ရထားသော လွှတ်တော်တွင်း၌ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြင်ဆင်ရေး မ စတင်နိုင်သေးပေ။ နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းမှု၊ စစ်အစိုးရခေတ်နာမည် ဆိုးနှင့်ကျော်ကြားခဲ့သော ပုဒ်မ ၅ညပါ အရေးပေါ်စီမံမှု အက်ဥပဒေ နှင့် ဧည့်စာရင်းတိုင်ကြားခြင်းဆိုင် ရာ ဥပဒေဖျက်သိမ်းမှု၊ ပြည်ထောင် စုလွှတ်တော်ဥပဒေရေးရာနှင့် အ ထူးကိစ္စရပ်များလေ့လာသုံးသပ် ရေးကော်မရှင်သက်တမ်းတိုးမှုစ သည်တို့တွင် တပ်မတော်သား ကိုယ်စားလှယ်များ အကြိမ်ကြိမ် ကန့်ကွက်မှုကြုံခဲ့သည်။ ကန့်ကွက် ရခြင်းအဓိကအချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီ၍ဟုဆို သည်။  လွှတ်တော်ရှိ တပ်မတော် သားအစုအဖွဲ့အနေဖြင့် မဲပေးရာ တွင် အစုအဖွဲ့လိုက်တစ်သဘောတည်းမဲပေးနေကြခြင်းဖြစ်သည်။ အထက်မှဖော် ပြခဲ့သော ဥပဒေတို့ ကို ပြဋ္ဌာန်းခြင်းနှင့် ဖျက်သိမ်းခြင်း များကို အရပ်သားကိုယ်စားလှယ် များကမဲအပြတ်အသတ်အနိုင်ဖြင့်အတည်ပြုခဲ့သည်။ သို့သော်ဥပ ဒေ အပေါင်း၏အခေါင်အချုပ်ဖြစ် သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးအတွက် အရပ်သားကိုယ် စားလှယ်အားလုံးထောက်ခံလျှင်ပင် တပ်မတော်သားကိုယ်စား လှယ်တစ်ဦးထောက်ခံမှုလိုသည်။

ပြည်ထောင်စုအဆင့်မှသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအ ဆင့်အထိ လွှတ်တော်အသီးသီး၏ ၂၅ ရာခိုင်နှုန်းကတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က အဆိုပြု သောတပ်မတော်သားကိုယ်စား လှယ်များဖြစ်နေခြင်းမှာ ဒီမိုကရေ စီစနစ်မကျ၍ ယင်းကိုပြောင်းလဲ ရန်ကြိုးပမ်းမည်ဖြစ်ကြောင်းနိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကတိ ပေးသည်။ ဥပဒေပြုလွှတ်တော်၌ ပြည်သူက ရွေးကောက်ပြီးပြည်သူ ကိုယ်စားပြုသည့် ပြည်သူ၏ တရားဝင်ကိုယ်စားလှယ်များအဖြစ်သတ် မှတ်နိုင်သူများချည်းသာ တာဝန် ထမ်းဆောင်သည့် အခြေအနေ ရောင်အောင် စေ့စပ်ညှိနှိုင်းယူမည် ဟု ဆိုသည်။

‘‘စေ့စပ်ညှိနှိုင်းမှုတွေကတစ် ဆင့် ဒီအပြောင်းအလဲတွေကို ကျွန်မတို့ပြန်လည်ဆောင်ကြဉ်းပေး မယ်။ ကျွန်မတို့ရဲ့နောက်ဆုံးပန်း တိုင်ဆီရောက်အောင် စေ့စပ်ညှိ နှိုင်းတဲ့ခြေလှမ်းတွေ လှမ်းမယ်’’ ဟု တစ်နှစ်သားအစိုးရ၏ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

‘‘ဘာဖြစ်လို့လဲဆိုတော့ ကျွန် မတို့လူ့အဖွဲ့အစည်းရဲ့တည်ငြိမ်မှု ကို မပျက်ပြားချင်ဘူး။ တည်ငြိမ် ရေးက ကျွန်မတို့နိုင်ငံမှာ အင်မ တန်မှကိုအရေးကြီးတယ်’’ ဟုသူ ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဆွီဒင်ခရီးစဉ်ပြီးနောက် ရှေ့ဆင့် နောက်ဆင့်ဆိုသလိုပင် ဇွန်လ ၁၈ ရက်၌ ရုရှားနိုင်ငံရောက်တပ်ချုပ် နှင့် ရုရှားတွင်ပညာသင်နေသော တပ်မတော်အရာရှိများတွေ့ဆုံခဲ့ပြီး တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည်မည်မဟုတ်ဘဲ အစိုးရကို အထောက်အကူဖြစ်စေရန် ကဏ္ဍစုံမှ ပူးပေါင်းပါဝင်နေသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။ လက်ရှိအခြေခံ ဥပဒေသည် ဖက် ဒရယ်စနစ်ကို အခြေခံထားသည့် ဥပဒေဖြစ်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

မြန်မာ့နိုင်ငံရေး လေ့လာ ဆန်းစစ်သူများအနေဖြင့် နိုင်ငံ ရေးမှ တပ်မတော်ဆုတ်ခွာရေးအ ပေါ်အမြင်နှစ်မျိုး မြင်ထားကြသည်။ ပထမအမြင်မှာ နိုင်ငံရေးမှ တပ်မ တော်ဦးစွာထွက်သွားပြီးလုံခြုံရေး ကဏ္ဍပြုပြင်ပြောင်းလဲမှု လုပ် ဆောင်မှသာငြိမ်းချမ်းရေးရပြီး တည်ငြိမ်၍ ဒီမိုကရေစီထွန်းကား ဖွံ့ဖြိုး တိုးတက်မည်ဆိုသောအမြင် ဖြစ်သည်။ ဒုတိယအမြင်မှာ မငြိမ်း ချမ်းမတည်ငြိမ်သေးသရွေ့ တပ်မ တော်က နိုင်ငံရေးကဏ္ဍဆက်ယူ နေ ဦးမည်ဖြစ်ပြီး ငြိမ်းချမ်းတည် ငြိမ်မှ တပ်မတော်ကနိုင်ငံရေးမှ ဆုတ်ခွာမည်ဆိုသော အမြင်ဖြစ် သည်။ အရပ်သား ဒီမိုကရေစီအင် အားစုများ မရွေးချယ်နိုင်မီက တည်းကပင် တပ်မတ်ာက ဒုတိယ လမ်း အတိုင်းလျှောက်မည်ဟု ရွေး ချယ်ဆုံးဖြတ် စီစဉ်ပြီးဖြစ်နေ ကြောင်း လေ့လာသူတို့ကထောက် ပြသည်။


၂၁ရာစုပင်လုံညီလာခံတွင် တပ်မတော်သားအချို့နှင့်အတူတွေ့ရသည့်ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ပြီးခဲ့သည့်ရက်က ဒေါ်အောင် ဆန်းစုကြည်ပြောသည့်အတိုင်း စေ့စပ်ညှိနှိုင်းသည့်နည်းလမ်းဖြင့် လွှတ်တော်တွင် တပ်မတော်ပါ ဝင်နေခြင်းကို ပြောင်းလဲမည်ဆို လျှင် လေ့လာနိုင်စရာနမူနာများ စွာအနက် အိမ်နီးချင်းအင်ဒိုနီးရှား အသွင်ကူးပြောင်းမှုလည်း ပါဝင်သည်။ အင်ဒိုနီးရှားအနေ ဖြင့်ကိုးနှစ်အတွင်း လွှတ်တော်ရှိ စစ်တပ်ထိုင်ခုံအားလုံးကို ဖယ်ရှား နိုင်ခဲ့သည်။ နိုင်ငံရေးနှင့် စီးပွားရေး တွင်ပါဝင်နေသော စစ်တပ်ကို၎င်းဘာသာနောက်ဆုတ်သွားစေ ရန်အချိန်အတိုင်းအတာ သတ်မှတ် ပေးခဲ့သည်။ ၁၉၉၈ နိုဝင်ဘာမှ ၁၉၉၉ ဖေဖော်ဝါရီအထိ အင်ဒိုနီး ရှား၏ ပြုပြင်ပြောင်းလဲမှု ကနဦး ကာလနောက်ပိုင်းတွင် အကောင်း ဆုံးဖြစ်အောင် ပြင်ဆင်ညှိနှိုင်းမှု များ၊ ပြည်သူ့ဆန္ဒခံယူပွဲများ၊ အပေးအယူညှိနှိုင်း သဘောတူညီ ချက်များ အစရှိသည့်အဆင့်များ ကို နှစ်များစွာကြာဆက်လက် ဆောင်ရွက်ခဲ့သည်။ ယင်းအသွင် ကူးပြောင်းမှု အောင်မြင်ရခြင်းအ ချက်များအနက် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ဆိုင်ရာမူဘောင်တစ် ရပ်ကို အင်ဒိုနီးရှားက အချိန်ဇယား ချ၍ ကျကျနနရေးဆွဲထားခြင်း ကြောင့်လည်း ပါဝင်သည်။

အာဏာရှင်ဆူဟာတိုကို ဖြို လှဲပြီးနောက် ၁၉၉၈ တွင် အင်ဒို နီးရှားအစိုးရသည် စစ်ဘက်တာ ဝန်ထမ်းဆောင်ဆဲအရာရှိများကို အရပ်သားအစိုးရအဖွဲ့အတွင်း ရာ ထူးများ ထမ်းဆောင်ခြင်းမှနေ၍ ပိတ်ပင်ခဲ့သည်။ နိုင်ငံတော်အဆင့်နှင့် ဒေသအဆင့်ဥပဒေပြုလွှတ်တော်များတွင် စစ်တပ်ကိုယ်စားလှယ်များကို သိသိသာသာလျှော့ချပစ်ခဲ့သည်။ ၂၀၀၉ အရောက်တွင်မူ သေနတ်ကိုင်ထားသူများ အတွက်ပေးခဲ့ရဖူးသော လွှတ်တော်ထိုင်ခုံနေရာများအားလုံးကို ဖယ် ရှားနိုင်ခဲ့လေသည်။ ထို့အပြင် အင်ဒိုနီးရှားလွှတ်တော်သည် ၂၀၀၄ တွင် ဥပဒေတစ်ခုကို အတည်ပြုခဲ့သည်။ ယင်းမှာစစ်တပ်ကို နိုင်ငံ၏စီးပွား ရေး၌ ဝင်ရောက်လွှမ်းမိုးဆုပ်ကိုင်ထားမှုများမှနေ၍ ရုတ်သိမ်းရန်အ ချိန်ငါးနှစ်ပေးလိုက်သော ဥပဒေဖြစ်သည်။ ယိုပေါက်ဟာပေါက်များ မလွဲဧကန်ရှိသော်လည်း စီးပွားရေးကဏ္ဍ၌ စစ်တပ်လက်ဝါးကြီးအုပ်ထားမှုကို ပြောင်းလဲနိုင်ခဲ့သည်။

မြန်မာနှင့် အင်ဒိုနီးရှားနှစ် နိုင်ငံကြားတွင် သမိုင်းကြောင်း တူ ညီသော အခြေအနေများရှိနေ သည်။ ၁၉၄၀ ပြည့်လွန်နှစ်များတွင် လွတ်လပ်ရေး အသီးသီးရခဲ့ကြပြီး ၁၉၅၀ နှစ်များ၌ လစ်ဘရယ်ဒီမိုက ရေစီ၊ ပါလီမန်ဒီမိုကရေစီကာလတိုလေးတစ်ခုကို ကိုယ်စီဖြတ်သန်းခဲ့ကြဖူးသည်။ ဆယ်စုနှစ်များချီ အာဏာရှင်များ လက်အောက် ဖိနှိပ်ခံခဲ့ရပြီး စီးပွားရေးနှင့် လူ့အဖွဲ့အစည်းကဏ္ဍအားလုံးနီးပါး နိမ့် ကျပျက်စီးခဲ့ရသည်။ နှစ်နိုင်ငံစလုံးတွင် စစ်တပ်က အရေးပါသည့် နေရာတစ်ခု၌ ပါဝင်သည်။ အင်ဒိုနီးရှားတွင် အာဏာယူ Golker ပါတီရှိနေခဲ့သလို မြန်မာတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကို ဖွဲ့စည်းခဲ့သည်။

နှစ်နိုင်ငံလုံးစလုံးသည် တိုင်း ရင်းသားလူမျိုးပေါင်းစုံ နေထိုင် သော နိုင်ငံများဖြစ်ကြသည်။ ဗဟို ချပ်ကိုင်အစိုးရကို ဆန့်ကျင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များက နှစ်နိုင်ငံစလုံး၏ နယ်စပ် ဒေသများ၌ ဝန်းပတ်ထားသည်။

ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရ အကြား ဖွဲ့စည်းပုံအခြေခံဥပဒေ အရ အာဏာခွဲဝေပိုင်းခြားကျင့် သုံးသော ဖက်ဒရယ်စနစ်သည် မိမိတို့နိုင်ငံအတွက် မှန်ကန်သင့်မြတ် သော စနစ်ဖြစ်သလားဆိုသည့် အမေးပုစ္ဆာကို နှစ်နိုင်ငံစလုံးက မေးဖူးကြသည်။ မြန်မာစစ်အာဏာရှင် များက ဖက်ဒရယ်ဆိုသော အသံ ကိုပင် မကြားလိုခဲ့ကြဖူးသလိုပင် တစ်ချိန်က အင်ဒိုနီးရှားသမ္မတ လည်း ဖက်ဒရယ်ဆိုသော စကား လုံးကို အသံထွက်ပြောဖို့ပင် မပြောနိုင်ဖြစ်ခဲ့ဖူးသည်။ သို့သော်အင်ဒို နီးရှားဗဟိုအစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အပေးအ ယူပုံစံများဖြင့် ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် စေ့စပ်ညှိနှိုင်းခဲ့ပြီး နောက် ပြည်နယ်နှင့် ဒေသအဆင့် များကို နိုင်ငံရေးအာဏာသိသိသာ သာအဆင့်ဆင့်တိုးပေးခဲ့သည်။ နောက်ဆုံးတွင်မူ အင်ဒိုနီးရှား သည် စစ်အာဏာရှင်စနစ်မှနေ၍ ဗဟိုချုပ်ကိုင်မှုလျှော့ချသော ဖက် ဒရယ်စနစ်တစ်မျိုးကို အသွင်ကူး ပြောင်းနိုင်ခဲ့သည်။

အင်ဒိုနီးရှား အသွင်ကူး ပြောင်းပြီးနောက် ဆယ်စုနှစ်ကျော် နောက်ကျပြီးမှ မြန်မာ့အသွင်ကူး ပြောင်းမှုဖြစ်လာခြင်းပင်။ ၁၉၆၀ က မြန်မာထက် ဆင်းရဲခဲ့သော အင်ဒိုနီးရှားသည် ယခုအခါအရှေ့ တောင်အာရှတွင် စီးပွားရေးအင် အားအကြီးမားဆုံးနိုင်ငံဖြစ်ပြီး ဂျီ-၂၀ အဖွဲ့ဝင်လည်းဖြစ်နေသည်။ ဤအတောအတွင်း မြန်မာကမူ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် သွားခဲ့ရသည်မှာ ယခုအချိန်အထိ ပင်။

မြန်မာနှင့် အင်ဒိုနီးရှားကြား မတူညီသော အနေအထားအချို့ လည်းရှိပါသည်။ အင်ဒိုနီးရှားပြု ပြင်ပြောင်းလဲမှုကို အာဏာရှင် ဆူဟာတိုက တံခါးဖွင့်ခဲ့ခြင်း မဟုတ်ဘဲ မြန်မာပြုပြင်ပြောင်းလဲ မှုကို တပ်မတော်ခေါင်းဆောင်များကိုယ်တိုင်က တံခါးဖွင့်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားပြုပြင်ပြောင်းလဲရေး ဗိသုကာပညာရှင်များအနေဖြင့် မြန်မာကဲ့သို့ တပ်မတော်နှင့် ဆက်လက်ရင်ဆိုင်ကိုင်တွယ်ရခြင်းမျိုး မလုပ်ခဲ့ရပေ။ ဆူဟာတိုပြီးနောက် တက်လာသော သမ္မတဟာဘီဘီးက နိုင်ငံရေးပြု ပြင်ပြောင်းလဲမှုများ ပြဋ္ဌာန်းသတ်မှတ်ခဲ့ပြီး စစ်တပ်ကို လွှတ်တော်၌ ခန့်အပ်ခွင့်နှင့် ဗီတိုအာဏာကိုင်ထားမှုတို့ကို ဖယ်ရှားပစ်လိုက်သည့်အခါ အင်ဒိုနီးရှားစစ်တပ်က ဘေးမှထိုင်၍သာ ကြည့်နေခဲ့ပြီး ပြဿနာမရှာခဲ့ပေ။

မြန်မာတွင်မူ တပ်မတော်သည် အဓိကအာဏာအကြီးဆုံး ဝန်ကြီးဌာနသုံးခုနှင့် ကာလုံကောင်စီတွင် အသာစီးအနေအထား၊ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း စသည့်နိုင်ငံရေးအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရယူထားရန် စနစ်တကျစီစဉ်ပြီးမှ ပြု ပြင်ပြောင်းလဲမှုတံခါးကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ဦးစလုံး တစိုက်မတ်မတ် ပြောနေခဲ့ကြသည်မှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရသည့်အခါ ပြည်သူလူထုက ဒီမိုကရက်တစ်စံနှုန်းအလေ့အကျင့်များ ဖြင့် ရင့်ကျက်သည့်အခါ တပ်မ တော်၏ အခန်းကဏ္ဍကိုဖြည်း ဖြည်းချင်း လျှော့ချသွားမည်ဖြစ် ပြီး နိုင်ငံရေးမှာ မပါတော့ဟု ဆိုသည်။ ဤအတောအတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိသည်။

လွှတ်တော်တွင်းမှနေ၍ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုသော လမ်းကြောင်းကို ကြိုးပမ်းခဲ့သည့် ဒေါ်အောင်ဆန်းစု ကြည်သည် နောက်ပိုင်းတွင် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှတစ်ဆင့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတည် ထောင်ရေးဆိုသည့် လမ်းကြောင်း ကို ရွေးချယ်လျှောက်လှမ်းနေ သည်မှာ အများအမြင်ပင်။ အစ ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်နှင့် တိုင်းရင်းသား  အင်အားစုများကြား ရင်ကြားစေ့ ပေးသူ၊ စေ့စပ်ထိန်းညှိပေးသူအ ဖြစ် မျှော်လင့်ခဲ့ကြပြီး နောက်ပိုင်း တွင် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်နှင့်သာ ရင်ကြားစေ့ရန် လိုက်လျောကြိုးပမ်းနေကြောင်း ဝေဖန်သံများလည်း ထွက်ပေါ်လာ သည်။ မြောက်ပိုင်းတိုက်ပွဲများ အရေးနှင့် ရခိုင်ပြည်နယ်ပဋိပက္ခ အပေါ် ကိုင်တွယ်တုံ့ပြန်ရာတွင် လည်း တပ်မတော်ဘက်မှအရပ် သားအစိုးရက ရပ်တည်နေကြောင်း  သုံးသပ်ချက်များရှိသည်။  အစိုးရ သစ်ဦးစားပေး လုပ်ဆောင်နေ သော အမျိုးသားရင်ကြားစေ့ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်မည် ဟူသောစကားကို ဒီချုပ်ပါတီ၏ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြော သည့်အခါ တိုင်းရင်းသားများအ ကြားဝေဖန်သံများ ထွက်ပေါ်ခဲ့ရ သည်။

‘‘ပြည်ထောင်စုသား အားလုံး မျှော်လင့်တောင့်တတဲ့ ဖက်ဒရယ် ပြည်ထောင်စုထူထောင်မယ်ဆိုရင် ကြိုတင်ကန့်သတ်ချက်(အထူးသဖြင့်) စည်းတားထားချက် တွေ မထားရှိဘဲ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ခွင့်ရှိရပါမယ်။ မိမိတို့ နိုင်ငံ၊ မိမိတို့လူမျိုးရဲ့ အတိတ်သ မိုင်းကြောင်းနဲ့ လက်ရှိဖြစ်တည် နေတဲ့မူများကို ချင့်ချိန်ပြီး တိုင်း ရင်းသားအားလုံးလက်ခံနိုင်တဲ့ အနာဂတ်ပြည်ထောင်စု၊ ပြည်တွင်းအနာဂတ်ပြည်ထောင်စုထူ ထောက်ကြရာမှာ အမျိုးသားရင် ကြားစေ့ရေးရရှိပြီးမှ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိပြီးမှ နိုင်ငံတော် အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ ကြိုတင်ကန့်သတ်ချက်ကို မရှိ သင့်ပါဘူး’’ ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီဥက္ကဋ္ဌဦးခွန်ထွန်းဦးက ပြော သည်။

ဦးသိန်းစိန်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့တို့ NCA စာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကျန်အဖွဲ့များနှင့် လက်မှတ်ဆက်ထိုးနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ လက်မှတ်မထိုးသေးသည့် အဖွဲ့များတွင် UNFC တပ် ပေါင်းစုအကွဲအပြဲနှင့် ‘၀’လက်နက်ကိုင်အဖွဲ့ဦးဆောင်သော တပ်ပေါင်းစုသစ်တို့လည်း ပေါ် ပေါက်လာရာ ဒေါ်အောင်ဆန်းစုကြည်အတွက် အကျပ်ပိုရိုက်စေခဲ့ သည်။ ၂၁ ရာစုပင်လုံညီလာခံသည် ပြည်ထောင်စုသားအားလုံး တည်ထောင်လိုသော ဖက်ဒရယ် ပြည်ထောင်စုပုံစံအကြောင်း ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန် ဆွေးနွေးကြသည့်အဆင့်မရောက် နိုင်သေးပေ။ ခြောက်လခြားပြီး ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံညီလာခံနှစ်ကြိမ်စလုံးတွင် တပ်မ တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖက်ဒရယ်အမြင်အ ပေါ်အမြင်သည် သိသိသာသာကြီးကွဲလွဲနေဆဲဖြစ်သည်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေတွင်တိုင်းနှင့် ပြည်နယ်အလိုက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအာဏာများ ပေးအပ်ထားပြီးဖြစ် ကြောင်း တပ်ချုပ်ကဆိုသည်။

တစ်ခုတည်းသော တပ်မ တော်သာရှိရမည်ဆိုသည့်မူကို တပ်မတော်ကကိုင်စွဲထားပြီးလက် ရှိတပ်မတော်သည် ပြည်ထောင်စု တပ်မတော်ပင်ဖြစ်သည်ဟုဆို သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် Standard Army ဟု ၎င်းခေါ်ဝေါ်သည့် ခေတ်မီတပ်မ တော်တစ်ရပ်တည်ဆောက်ရေး ရည်မှန်းချက်ကို မိန့်ခွန်းအချို့တွင် ထည့်သွင်းပြောကြားထားသည်။

တပ်မတော်အကြီးအကဲ သည် အခြေခံဥပဒေကို လိုအပ် သည့်အချိန်အခါရောက်လျှင် ပြင် ရမည်ဖြစ်ပြီး ပြင်ဖို့လိုအပ်သည်ကို လက်ခံကြောင်း ပြီးခဲ့သည့်နှစ်က နေပြည်တော်တွင် သတင်းထောက် များနှင့်တွေ့ဆုံစဉ်က ပြောခဲ့ဖူး သည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ကနေဒါသို့သွားရောက်၍ ဖက်ဒ ရယ်အကြောင်း လေ့လာခဲ့ကြ သည်။ ယင်းလေ့လာရေးအဖွဲ့၌ အစိုးရ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တို့နှင့်အတူ တပ်မတော် အရာရှိကြီးများလည်း ပါဝင်သည်။ ၎င်းတို့ တက်ရောက်ဆွေးနွေးခဲ့ သော အစည်းအဝေးများတွင်ဖက်ဒရယ်စနစ်အရစစ်တပ်အခန်း ကဏ္ဍ၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးတို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်၌ တွေ့ရသည်။ ရာစုနှစ်ထက်ဝက်ကျော် စစ်အာ ဏာရှင်စနစ် အုပ်စိုးခံခဲ့ရသော မြန်မာနိုင်ငံတွင် အရပ်သားများနှင့် တပ်မတော်အကြား ပြန်လည်သင့် မြတ်မှုနှင့် ဒီမိုကရေစီယဉ်ကျေးမှု လိုအပ်နေကြောင်း ဒေါ်အောင် ဆန်းစုကြည်ကဆိုသည်။

ပြန်လည်သင့်မြတ်ရေးနှင့် အပြန်အလှန်ယုံကြည်မှုကို တပ်မ တော်နှင့် ပြည်မက အရပ်ဘက် အင်အားစုများအကြားတွင်သာမ ကဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်အကြား၊ ဗမာတိုင်းရင်းသားလူများစုနှင့် ဗမာမဟုတ်သော တိုင်းရင်းသား လူနည်းစုများအကြား၊ အာဏာရ ပါတီနှင့် တိုင်းရင်းသားပါတီများ အကြား အစရှိသည့် အလွှာပေါင်း စုံ၊ အစိတ်အပိုင်းပေါင်းစုံ၊ မျက်နှာ စာပေါင်းစုံတွင် တည်ဆောက်ရန် လိုအပ်နေသည်မှာ မြန်မာ့မျက် မှောက်အခြေအနေမှန်ပင်ဖြစ် သည်။

‘‘တပ်မတော်က အရပ်သား အာဏာပိုင်တွေရဲ့ လက်အောက် မှာ ပရော်ဖက်ရှင်နယ်ကျပြီး (နိုင်ငံရေးကင်းရှင်းပြီး) လေးစား ဖွယ်အဖွဲ့အစည်းကြီးတစ်ရပ်အ ဖြစ် ရပ်တည်မယ့် တကယ့်စစ်မှန် တဲ့ ဒီမိုကရေစီစနစ်တစ်ရပ် ပေါ် ပေါက်လာစေချင်ကြတဲ့ ကျွန်မတို့ ရဲ့ ပြည်သူလူထုဟာ ကျွန်မတို့ နောက်မှာ အခိုင်အမာရပ်တည် တယ်ဆိုတာ စိတ်ချယုံကြည်ပါ တယ်။ အနှေးနဲ့အမြန် ကျွန်မတို့ ပန်းတိုင်ကို ရောက်ရှိအောင်မြင် နိုင်မယ်လို့ စိတ်ချယုံကြည်တယ်။ ပိုမြန်လေ ပိုကောင်းလေပေါ့’’ဟု အသက် (၇၂)နှစ်အရွယ် ဒေါ် အောင်ဆန်းစုကြည်က မျှော်လင့် ချက်အပြည့်ဖြင့်ပြောသည်။

7Day News

No comments:

Post a Comment