ဇွဲကပင်ကေဘယ်ကား စီမံကိန်း ရတနာအုတ်မြစ်တော်စီ မင်္ဂလာ အခမ်းအနား ကျင်းပ
ဘားအံ မေ ၁
ကရင်ပြည်နယ်၏ ကျက်သရေဆောင် ဇွဲကပင်တောင်ပေါ်ရှိ ဆံတော်ရှင် စေတီတော်မြတ်ကြီးကို ခုနစ်ရက်သား သမီးများ ပင်ပန်းဆင်းရဲမှုမရှိဘဲ အလွယ် တကူ တက်ရောက်ဖူးမြော်နိုင်ရန်၊ သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းသူ များ၊ ပြည်တွင်း ပြည်ပဘုရားဖူး ဧည့်သည် များတောင် ထိပ်ပေါ်ရှိ ဘုရားစေတီ ကျောင်းကန်များကို အလွယ်တကူ သွားရောက် ဖူးမြော်၍ လှပသော ရှုမျှော်ခင်းများအား ရှုမြင်စေပြီး ခရီးသွား လုပ်ငန်း ဝန်ဆောင်မှုမြှင့်တင်ရန် ရည်ရွယ် ၍ ဇွဲကပင် ကေဘယ်ကားစီမံကိန်း ပန္နက်တော်တင်မင်္ဂလာနှင့် ရတနာအုတ် မြစ်တော်စီမင်္ဂလာအခမ်းအနားကို ဧပြီလ ၂၉ ရက်နေ့က ဇွဲကပင်တောင်ခြေလုမ္မနီ ဥယျာဉ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဇွဲကပင် ကေဘယ်ကားစီမံကိန်းကို ပီနန်ဆရာတော်ဘုရားကြီး အဂ္ဂမဟာ ပဏ္ဍိတ အရှင်ပညာဝံသ၊ ဇွဲကပင် ဆရာတော်ဘုရားကြီး ဓမ္မကထိက ဗဟု ဇနဟိတဓရ အရှင်ကဝိဓဇ၊ သာသန ဇေယျမင်္ဂလာ သုံးထပ်ကျောင်းဆရာ တော် ဘုရားကြီးမဟာသဒ္ဓမ္မဇောတိကဓဇအရှင်ပညိန္ဒ၊ တောင်ကလေးအေး ရိပ် ကျောင်းဆရာတော် ဒေါက်တာအရှင် ပညာသာမိတို့ ဦးဆောင်၍ ချစ်လင်းမြိုင်တိုယိုတာ ကုမ္ပဏီလိမိတက် က ရင်းနှီးမြှုပ်နှံပြီး မြန်မာ့ဇာတိမြေ အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည်ဖြစ်ပြီး လူ ၅ဝ လိုက်ပါစီးနင်းနိုင်မည့် ကေဘယ်ကား နှစ်စီးပါဝင်မည်ဖြစ်ကာ အမြင့် မီတာ ၆၈ဝ၊ အကွာအဝေး ၁၅၅၈ ဒသမ ၅ဝ မီတာ၊ ဝေဟင်ပြေးလမ်းတွင် ကြားတာ ဝါများမပါရှိဘဲ ဆွစ်ဇာလန်နှင့် သြစတြီးယားနိုင်ငံတို့မှ ပညာရှင်များ ပူးပေါင်းပါဝင်၍ ၂ဝ၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့အပြီး တည်ဆောက် သွားရန် စီမံကိန်း ရေးဆွဲထားကြောင်းသိရ သည်။
အခမ်းအနားတွင် ဆရာတော်များ က မင်္ဂလာပန္နက်တော်များအား ရိုက်ပေး တော်မူကြပြီး အုတ်မြစ်တော်စီမင်္ဂလာ ကိုဆက်လက်ကျင်းပရာ ဇွဲကပင်ဆရာ တော်ဘုရားကြီးက ပတ္တမြားအုပ်တော်၊ ကမ္ပည်းမော်ကွန်း ကျောက်စာတော်တို့ အား စီစဉ်ဆောင်ရွက်တော်မူကြကာ ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ မွန်တိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီး ဦးမင်းတင်ဝင်းနှင့် ဆရာတော် ဘုရားကြီး၏ တပည့်ဒါယကာ၊ ဒါယိကာမတို့က ကျန်ရှိနေသော ရတနာ အုပ်တော်များကိုအုတ်မြစ်တော်စီမင်္ဂလာ ဆင်ယင်ကျင်းပခဲ့ကြကြောင်း သိရ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment