Latest News

Friday, May 19, 2017

သားမက်က ယောက္ခမကို ဓားဖြင့် ထိုး သတ်


မေ -၁၉

မြစ်ကြီးနားမြို့ရှိ စီတာပူရပ်ကွက်တွင် သားမက်က ယောက္ခမအား ဓားဖြင့် ထိုးသတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။

မေလ ၁၉ ရက်နေ့ ယနေ့ ညနေ ၃ နာရီခန့်တွင် စီတာပူရပ်ကွက်၊ ဆွတ်ငိုင်မြောက် နယ်မြေ၊ လမ်းသွယ် (၅)ရှိ အိမ်အမှတ် ၁၆၆ တွင် ဓားထိုးမှုဖြစ်ပွားကြောင်း သိရသဖြင့် ရဲအုပ်လှမင်းအောင်က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါ အိမ်အပေါ်ထပ်ရှိ ခေါင်းရင်းခန်းတွင် အမျိုးသမီးတစ်ဦး၏ ယာဘက်ရင်အုံတွင် ဓားနှင့် ထိုးသွင်းထားသည့်ဒဏ်ရာဖြင့် လဲကျနေသည်ကိုတွေ့ခဲ့ရကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအား ၎င်း၏ သမက်ဖြစ်သူက ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ယောက္ခမဖြစ်သူ ဒေါ်လုဆွန်းက တစ်အိမ်တည်းအတူနေသော သားမက် ကိုမြင့်လွင်အား ဆုံးမစကားပြောသည်ကို ကိုမြင့်လွင်က မကျေနပ်သဖြင့် အရိုးအသွား ၂၆ လက်မခန့်ရှိသော ဓားဖြင့် ထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓါးထိုးမှုကြောင့် ဒေါ်လုဆွန်းအား မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း သိရသညိ။

ထိုသို့ သေဆုံးသွားသည့်အတွက် ပြစ်မှုကျူးလွန်ခဲ့သည့် ကိုမြင့်လွင်အား မြစ်ကြီးနားမြို့မရဲစခန်း တွင် အမှုကြီးအမှတ်စဉ် -၅/၂၀၁၇၊ (ပ)၁၃၃/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ -၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေသည်ဟု မြို့မရဲစခန်းမှ သိရသည်။

ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm

No comments:

Post a Comment