Latest News

Monday, May 1, 2017

မန္တလေးတွင် အမေရိကန်နိုင်ငံသားတစ်ဦး ဦးနှောက်သွေးကြောပြတ်သေဆုံး

မန္တလေးတွင် အမေရိကန်နိုင်ငံသားတစ်ဦး ဦးနှောက်သွေးကြောပြတ်သေဆုံး

 မန္တလေးမြို့မဟာ အောင်မြေမြို့နယ်ရှိ နေအိမ်တစ် ခုတွင် အဲကွန်းဖွင့်၍ထိုင်နေစဉ် အမေရိကန်နိုင်ငံသားတစ်ဦး ဦး နှောက်သွေးကြောပြတ်သေဆုံး ခဲ့သည်။

သေဆုံးသူသည် အသက် (၆၅) နှစ်ရှိ အမေရိကန်နိုင်ငံ သားဖြစ်ကာ မန္တလေးမြို့သာ စက်မှုဖွံ့ဖြိုးတိုးတက်ရေး  အ များပိုင်ကုမ္ပဏီတွင် အကြံပေးအ ရာရှိအဖြစ် လုပ်ကိုင်နေသူဖြစ် သည်။ မေလ ၁ရက်ညနေ ၅ နာရီ ၁၅မိနစ်ကကုလားထိုင်ပေါ်တွင် ထိုင်နေစဉ် ရုတ်တရက်သေဆုံး ခဲ့သည်။

‘‘ဆရာဝန်တွေပြောချက်အ ရ ဦးနှောက်သွေးကြောပြတ်ပြီး သေတယ်လို့ လတ်တလောသုံး သပ်ထားတယ်။ ကျန်တာကရင်ခွဲ စစ်ဆေးပြီးမှ သိရမယ်’’ ဟု မန္တ လေး ပြည်သူ့ဆေးရုံကြီးမှ တာဝန် ကျရဲအရာရှိကပြောသည်။

အမေရိကန်နိုင်ငံသားသည် ကျန်းမာရေးအခြေအနေအရ ညဘက်ရောက်လျှင် အသက်ရှူ ကျပ်ခြင်းကြောင့်အောက်ဆီဂျင် ပေးရကြောင်း မန္တလေးခရိုင်ရဲ တပ်ဖွဲ့မှူးရဲမှူး သက်ဝင်းကပြော သည်။

‘‘ကုလားထိုင်ပေါ်မှာထိုင်နေ ရင်းသေသွားတာ။ ထိုင်းနိုင်ငံမှာ လည်းဆေးကုသနေတယ်ဆိုတာ သိရတယ်။ အဲကွန်းအောက်မှာ ထိုင်နေရင်းဖြစ်သွားတာ။ တခြား ဒဏ်ရာလည်းမရှိပါဘူး။သေမှု သေခင်းပဲဖွင့်သွားမှာပါ’’ ဟု ရဲမှူး သက်ဝင်းကပြောသည်။

မန္တလေးမြို့တွင် မေလ၁ ရက် မွန်းလွဲ ၃နာရီအထိအမြင့်ဆုံး အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်ဖြစ် သည်။ ‘‘မေလ ၅ရက်အထိတော့ နေ့အပူချိန်များပါတယ်။ မေလ ၇ ရက်၊ ၈ ရက်လောက်မှာတော့ မိုး ထစ်ချုန်းရွာဖို့ရှိတယ်။ အပူချိန်က မေလဆန်းပိုင်းမှာထပ်ပြီး မြင့် တက်ဖို့ ရှိတယ်။မုတ်သုံဝင်မယ့်အ နေအထားရှိတဲ့အတွက် မိုးရွာ လိုက်၊ ပူလိုက်တော့ဖြစ်မယ်။ အရမ်းကြီး ဆိုးဆိုးရွားရွား အခြေ အနေထိတော့မရောက်နိုင်ပါဘူး’’  ဟု မန္တလေးတိုင်းဒေသကြီး မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန  ညွှန်ကြားရေးမှူး ဦး ကျော်လွင်ဦး ကပြောသည်။

နေ့အပူချိန်မြင့်တက်လာမှု ကြောင့် အပူကြောင့်ဖြစ်ပွားတတ် သည့် ရောဂါများအတွက်မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါး၊ နေရာနှင့်လူအင်အားကို အဆင် သင့်ပြုလုပ်ထားကြောင်း ဆေးနှင့် လူမှုဆက်ဆံရေးအရာရှိ ဦးမင်း လွင်ကပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ လူ့ခန္ဓာကိုယ် ခံစားနေရသော အပူချိန်သည် ၅၄ ဒီဂရီစင်တီဂရိတ်ထက်ကျော် လွန်ပါက အလွန်အန္တရာယ်ကြီး သည်ဟု သတ်မှတ်၍ Heat Stroke ရကာလေဖြတ်ခြင်း၊ ဦး နှောက်သွေးကြောပြတ်ခြင်းတို့ ကြောင့် အသက်ဆုံးရှုံးတတ် ကြောင်း၊ မြန်မာနိုင်ငံတွင် အဆို ပါ အပူဒဏ်သင့်မှုအန္တရာယ်အ ဖြစ်များနေကြောင်း ဒေါက်တာ ထွန်းလွင်ကဧပြီလကုန်ပိုင်းတွင် သတိပေးထားသည်။


7Day News Journal

No comments:

Post a Comment