Latest News

Monday, April 24, 2017

"YBS အဆို ဆုံးဖြတ်ရန် ရက်ရွှေ့ဆိုင်း"

"YBS အဆို ဆုံးဖြတ်ရန် ရက်ရွှေ့ဆိုင်း"

ယနေ့(ဧပြီ ၂၄ရက်)တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌
ကိုယ်စားလှယ် ၂၆ဦးဆွေးနွေးခဲ့သော YBS နှင့်ပတ်သက်သည့်
အဆိုအား ဆုံးဖြတ်ရန် ရက်ရွှေ့ဆိုင်းလိုက်သည်။

လွှတ်တော်တွင် အဆိုတစ်ရပ်ဆွေးနွေးပြီးပါက အဆိုအား အတည်ပြုခြင်း၊ မပြုခြင်း၊မှတ်တမ်းတင်ထားရှိခြင်း စသည်ဖြင့် ပြုလုပ်လေ့ရှိသော်လည်း YBS အဆိုအား ဧပြီ ၂၇ရက်မှသာ ဆုံးဖြတ်ရန် လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်ဥက္ကဌအား တင်ပြခဲ့သည်။YBS အဆိုအား ဧပြီ ၂၇ ရက်တွင် ကျင်းပမည့် လွှတ်တော်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်က မှတ်ချက်ပြုပြီးနောက်  အဆိုရှင်၏ သဘောထားတို့တောင်းခံပြီးမှသာ ဆုံးဖြတ်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက် ပိုမိုကောင်းမွန်လာစေရေးနှင့်ထိရောက်သော စည်းမျဉ်း
စည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို
အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ်
ဦးဝေဖြိုးဟန်ကတင်သွင်းခဲ့ခြင်းဖြစ်သည်။(7Day News)

No comments:

Post a Comment