Latest News

Monday, April 24, 2017

အကောက်ခွန်မဲ့ စားသောက်ကုန် ကျပ်သိန်း ၄၀၀၀ ဖိုး အမြန်ရထားပေါ်က ဖမ်းမိ

အကောက်ခွန်မဲ့ စားသောက်ကုန် ကျပ်သိန်း ၄၀၀၀ ဖိုး အမြန်ရထားပေါ်က ဖမ်းမိ


မန္တလေး-ရန်ကုန် အမြန်ရထားနဲ့ မော်လမြိုင်-ရန်ကုန်အမြန်ရထားတွေပေါ်က ကျပ်သိန်း ၄ ထောင်ကျော်တန်ဖိုးရှိ တရားမဝင်အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်းတွေကို ဧပြီ ၂၄ ရက်နေ့က ရန်ကုန်ဘူတာကြီးမှာ ဖမ်းဆီးမိပါတယ်။

အဲဒီပစ္စည်းတွေကို ရထားပေါ်မှာ ပစ္စည်းတင်ဆောင်ခွင့် တန်ဆာဆောင်ပြီး တင်ဆောင်ခဲ့တာ ဖြစ် ပေမယ့် တရားမဝင်အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်းတွေဖြစ်တဲ့အတွက် အကောက်ခွန် ဦးစီးဌာန လာရောက်သိမ်းဆည်းခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ စားသောက်ကုန်ပစ္စည်းတွေကတော့ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံက ထုတ်လုပ်တဲ့ ကော်ဖီမစ်၊ ငံပြာရည်၊ နွားနို့ဘူးစတဲ့ လူသုံးများတဲ့ ကုန်တွေဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - စိုးယုဇော်(ဒီဗွီဘီ)

No comments:

Post a Comment