Latest News

Monday, April 10, 2017

ခွဲစိတ်မှုတွေများတာကြောင့် ဆေးရုံကြမ်းပြင်မှာပင်အိပ်ရတဲ့ လေးစားစရာ ဂရုဏာရှင် ဆရာဝန်

ခွဲစိတ်မှုတွေများတာကြောင့် ဆေးရုံကြမ်းပြင်မှာပင်အိပ်ရတဲ့ လေးစားစရာ ဂရုဏာရှင် ဆရာဝန်

ဆရာဝန်တစ်ယောက်ဖြစ်ဖို့ဆိုတာ ဆေးပညာကို ဆေးတက္ကသိုလ်မှာ နှစ်ပေါင်းများစွာသင်ယူရရုံသာမက ဆေးရုံတွေမှာလည်း နာရီပေါင်းများစွာ လက်တွေ့ပညာသင်ကြားပြီးတော့မှဆရာဝန်တစ်ယောက် ဖြစ်လာတာ ဖြစ်ပါတယ်။ဒါ့အပြင် ဆရာဝန်တွေရဲ့ အသက်မွေးဝမ်းကြောင်းကိုက လူသားများအတွက် အလုပ်အကျွေး ပြုရတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ အတွက် လေးစားစရားကောင်းတဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ဆရာဝန်တွေထဲမှာ စုန်းပြုးတွေလည်း ပါလာတတ်ပေမဲ့ ခံယူချက်အမှန်နဲ့ မြင့်မြတ်တဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ အဲလ်ဘတ်ရှိုက်ဇာ (Albert Schweitzer) တို့ကဲ့သို့ ဂရုဏာရှင်များအဖြစ်ပေါ်ထွက်လာတတ်ပါတယ်။အခု ဒီမှာတော့ လေးစားစရာ ဂရုဏာရှင် ဆရာဝန်တစ်ယောက်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

တရုတ်နိုင်ငံ အန်ဟွေ ပြည်နယ် ဒင်ယွန် မြို့ (Dingyuan) တွင် ခွဲစိတ်ခန်း ၀တ်စုံနဲ့ ဆေးရုံကြမ်းပြင်မှာ အိပ်နေခဲ့တဲ့ ဆရာဝန်တစ်ယောက်ရဲ့ ဓာတ်ပုံများဟာ အင်တာနက်ပေါ်မှာ ပျံနှံလာခဲ့ပါတယ်။ဆရာဝန်ရဲ့ နာမည်ဟာ လူဟန် (Luo Heng) လို့ခေါ်ပြီး အလုပ်ချိန် ၂၈ နာရီ၊အရေးပေါ် ခွဲစိတ်မှု ၅ ခု အပြီးမှာ ပင်ပန်းလွန်းတဲ့ အတွက် အိမ်တောင်မပြန်နိုင်ဘဲ ဆေးရုံကြမ်းပြင်ပေါ်မှာပဲ အိပ်နေခဲ့တာဖြစ်ပါတယ်။

ဓားစာခံ၅၀၀ကျော်သတ်ပြီး ၂၀ဝကျော် အဓမ္မကျင့်ခဲ့ဖူးသည့် IS စစ်သားက နောင်တမရဟုဆို
ခွဲစိတ်ဆရာဝန်ဖြစ်တဲ့ လူဟန်ဟာ ညဘက်မှာပဲ အရေးပေါ် ခွဲစိတ်မှု နှစ်ခုကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပြီး နောက်တစ်နေ့မနက်မှာ ၃ ခု ပြုလုပ်ခဲ့ရတာ ဖြစ်တယ် လို့  China Central Television နဲ့ China Daily သတင်းစာတို့မှာ ဖော်ပြခဲ့တာ ဖြစ်ပြီး တရုတ် ဆိုရှယ် မီဒီယာ Weibo မှာလည်း ဒေါက်တာရဲ့ လူနာများအတွက် ကြိုးစားခဲ့ပုံကို ဝေငှထားကြပါတယ်။

သို့ပေမဲ့ ဆရာဝန်များအခုလိုကြာမြင့်စွာအလုပ်လုပ်ခြင်းနဲ့ ပါတ်သတ်ပြီး အန္တရာယ်ကြီးပုံကိုဆိုရှယ်မီဒီယာ အသုံးပြုသူတစ်ဦးကတော့ ” ဒီလို အလုပ်အတွက် နစ်မြှပ်ထားတဲ့ သူတွေကို ကျွန်တော်လေးစားပါတယ်။ဒါပေမဲ့ ကျွန်တော် ဒီလုပ်ရပ်ကိုတော့ အားမပေးပါဘူး။ကျွန်တော့်အမြင်ကတော့ အလုပ်ကိုကောင်းမွန်အောင်လုပ်ဆောင်နိုင်ရန်အတွက် ကောင်းကောင်း အနားယူသင့်ပါတယ်။ ” လို့ရေးသားခဲ့ပါတယ်။

တခြားသော ဆိုရှယ်မီဒီယာ အသုံးပြုသူတစ်ဦးကတော့ ” လူနာများကို အကောင်းဆုံး ပေးဆပ်ထားတဲ့ ဆရာဝန်တစ်ယောက်ပါ ” လို့ရေးသားခဲ့သလို တခြားသော တစ်ယောက်ကတော့ ” ဆရာဝန် အများစုဟာ လေးစားစရာကောင်းလွန်းပါတယ် ” လို့ရေးသားခဲ့ပါတယ်။

ဆရာဝန်လောင်းများကို ဆေးပညာသင်ကြားပေးသူ ဆရာကြီးတစ်ဦးကတော့ ” တရုတ်နိုင်ငံ ဆေးပညာနဲ့ သူနာပြု နယ်ပယ်က လူတွေက လေးစားစရာကောင်းတဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ပိုင်ဆိုင်ထားကြတဲ့ သူတွေဖြစ်ပါတယ်။ဒါပေမဲ့ အနားယူတယ်ဆိုတာ မကြံခိုင်ခြင်းရဲ့ လက္ခဏာ တစ်ခုမဟုတ်ပဲ ကျွန်တော်တို့အားလုံး လုံလောက်တဲ့ အနားယူချိန် ရှိနေဖို့ လိုအပ်ပါတယ် ” လို့ရေးသားခဲ့ပါတယ်။

Shwemom

No comments:

Post a Comment