Latest News

Thursday, April 13, 2017

မြောက်ကိုရီးယားနှင့် ထိစပ်နေသောနယ်စပ်သို့  တရုတ်က စစ်သည် အင်အား၂၅,၀၀၀ ထပ်မံစေလွှတ်

မြောက်ကိုရီးယားနှင့် ထိစပ်နေသောနယ်စပ်သို့  တရုတ်က စစ်သည်

အင်အား၂၅,၀၀၀ ထပ်မံစေလွှတ်



မြောက်ကိုရီးယားနယ်စပ်တစ်လျှောက် စစ်ရေးဆောင်ရွက်ရန် တရုပ်တပ်ဖွဲ့ဝင် ၂၅’၀၀၀ အား ထပ်မံတိုးမြှင့်ချ ထားလို က်ပြီး ၊ နိုင်ငံတစ်ဝှမ်းလုံးအတွက် သတိပေးချက်ထုတ်ပြန်လိုက်ကြောင်း အိတ်စ်ပရက်သတင်းမီဒီယာက ယနေ့ ( မြန် မာစံတော်ချိန် နံနက် ၀၉ နာရီခန့် ) က ရေးသားဖော်ပြသည်။

အိမ်နီးချင်း အထီးကျန်မြောက်ကိုရီးယားနိုင်ငံနှင့် အနောက်အုပ်စုကြား အဆိုးရွားဆုံးတင်းမာမှု့ကိုဖော်ပြရာရောက်သည့် တရုပ်နိုင်ငံတစ်ဝှမ်းလုံးအတွက် သတိပေးချက်ထုတ်ပြန်လိုက်သည်ဆို၏။

မြောက်ကိုရီးယား နိုင်ငံတွင်း ပဋိပက္ခများကြောင့် နယ်စပ်တစ်လျှောက်ဖြစ်နိုင်ခြေများအတွက် တရုပ်နိုင်ငံစစ် နယ်မြေ ၅-ခုလုံးတွင် အသင့်ရှိနေကြရန် ပေကျင်းအစိုးရက တပ်လှန့်ထားလိုက်သည်။

တရုပ်နိုင်ငံ၏ နယ်စပ် ပြည်နယ်များဖြစ်သော ရှန်ဒေါင်း၊ ဇီဂျီယန်း၊ ယူနန်ပြည်နယ်များရှိ ခြေလျှင်တပ်၊ သံချပ်ကာယာဉ်၊ စက်မှု့အင်ဂျင် နီယာ တပ်ဖွဲ့၊ တပ်မဟာအားလုံး အသင့်ရှိနေကြရန် တပ်လှန့်ထားကြောင်းသိရှိရသည်။ တရုပ်အရှေ့မြော က်ကို ရီးယားနယ်စပ်တွင် ယခင်ချထားပြီး တပ်ဖွဲ့အင်အားမှာ ၁၅၀’၀၀၀ ရှိနေကြောင်း ထိုင်ဝမ် ချိုင်းနားပို့စ်သတင်း ဌာန ကဖော်ပြသည်။

အမေရိကန်နှင့်တောင်ကိုရီးယားနိုင်ငံတို့ပူးပေါင်းလျှက် ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးလေ့ကျင့်ရန်ရည်ရွယ် ထားသည် ။ ဖြစ်ပေါ်လာသည့်အခြေအနေအားလုံးတွင် ကြီးသောအမှု့ပျောက်စေမည့် ငြိမ်းချမ်းသောနည်း လမ်း ဖြင့် အဖြေရှာကြရန် တရုပ်သမ္မတ ဇီဂျင်ပင်းက နှစ်ဖက်လုံး၏ ခေါင်းဆောင်များနှင့်တယ်လီဖုန်းဆက်သွယ် မေတ္တာရပ်ခံခဲ့သည်။

Credit to Focus Myanmar

No comments:

Post a Comment