Latest News

Wednesday, April 26, 2017

ရခိုင်ပြည်နယ်က ကမန်တိုင်းရင်းသားတွေ နေထိုင်ဖို့နေရာတောင်းဆို

ရခိုင်ပြည်နယ်က ကမန်တိုင်းရင်းသားတွေ နေထိုင်ဖို့နေရာတောင်းဆို

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့က ဒေသခံ ကမန်တိုင်ရင်းသားတွေဟာ ဘိုးဘွားပိုင် မူလပိုင်မြေနေရာမှာ ပြန်လည်နေ ထိုင်ခွင့်ရရှိရေးနဲ့ ကမန်တိုင်းရင်းသားတွေကို ရန်ကုန်မြို့မှာ နေထိုင်နိုင်အောင် အစိုးရအနေနဲ့ စီစဉ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ကမန်တိုင်းရင်းသားတွေအနေနဲ့ ၂၀၁၂ ခုနှစ်တည်းက မူလပိုင်မြေနေရာကို စွန့်လွှတ်ခဲ့ရတဲ့အတွက် ပြန်လည် နေထိုင်ခွင့်ရရှိရေးအတွက် နိုင်ငံတော် အစိုးရအနေနဲ့ လုပ်ဆောင်ပေးဖို့ တောင်းဆိုကြောင်း ကမန်တိုင်းရင်းသား လူမှုကွန်ယက် ဥက္ကဋ္ဌ ဦးထွန်းဝေက ပြောပါတယ်။

ကမန်တိုင်းရင်းသားတွေဟာ မူလပိုင်မြေနေရာပြန်လည် နေထိုင်ခွင့်ရရှိရေးနဲ့ ကမန်တိုင်းရင်းသား တွေကို ရန်ကုန်မြို့မှာ နေထိုင်နိုင်အောင် အစိုးရအနေနဲ့ စီစဉ်ပေးဖို့ ကြေညာချက်ကို နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သက်ဆိုင်ရာဌာနတွေကို ပေးပို့သွားမယ်လို့ ပြောပါတယ်။

တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲကို ကမန်တိုင်းရင်းသားတွေအပြင် ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ ကမန် တိုင်းရင်းသား လူမှုကွန်ယက် အဖွဲ့အစည်း၊ ရခိုင်လူမှု အဖွဲ့အစည်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Photo: RFA

No comments:

Post a Comment