မဟာသင်္ကြန်အကြိုနေ့ ဘိုကလေးမြိုနယ်၌လူသတ်မှုနှင့်စတင်
ဧပြီ ၁၃ ၂၀၁၇
အမှုဖြစ်ပွားပုံမှာသေဆုံးသူဦးသန်းလွင်(၅၂)နှစ်...ဘ..ဦးမြစိန်သည်ဆိုင်ကယ်ကယ်ရီဆွဲရန်၁၂ ဧပြီ ၂၀၁၇ နေ့တွင်နေအိမ်မှထွက်ခွာသွားခဲ့ပြီးညဥ့်နက်သည့်အထိ့အိမ်ပြန်မရောက်ပဲအဆက်အသွယ်မရရှိ့ဖြစ်နေခဲ့ရာ
ခရီးထွက်ခွာသွားသည်ဟုမိသားစုမှမှတ်ယူနေခဲ့ပြီး(၁၃ ဧပြီ ၂၀၁၇)နေ့တွင်၎င်းနှင့်ခင်မင်ရင်းနှီးသူမိတ်ဆွေတဦးမှကိုသန်းလွင်ကုတင်၁၀၀ဆေးရုံသိုရောက်ရှိနေကြောင်းလာရောက်အကြောင်းကြား
ရာမှအသတ်ခံရသည်ဟုမိသားစုမှသိရှိခဲ့ပါသည်။
သေဆုံးသူကိုသန်းလွင်(၅၂)နှစ်၏အလောင်းအားဘိုကလေးမြိုနယ်ဘုရားချောင်းကျေးရွာအုပ်စုမားယား
ကျေးရွာရှိသချိင်္ုင်းကုန်းအတွင်းရှိအမှိုက်ပုံပေါ်၌တွေရှိခဲ့ရပြီးဝဲဘက်ရင်အုံပေါ်တွင်ထိုးသွင်းဒါဏ်ရာ၂ချက်၊
ယာဘက်ရင်အုံပေါ်တွင်ထိုးသွင်းဒါဏ်ရာ၂ချက်၊ဝဲယာခါးနှင့်နောက်ကြောဘက်တွင်ထိုးသွင်းဒါဏ်ရာ
၂ချက်၊ စုစုပေါင်းထိုးသွင်းဒဏ်ရာ၆ချက်ဖြင်သေဆုံးခဲ့ရကြောင်းသတင်းရရှိပါသည်။
ယင်းလူသတ်မှုဖြစ်စဉ်အားဘိုကလေးမြိုနယ်မြု့မရဲစခန်းမှူးဦးငွေစိုးမှပ၇၈/၁၇/ရာဇသတ်ကြီးပုဒ်မ၃၀၂
အရအမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းနှင့်တရားခံအားအပူတပြင်းလိုက်လံဖမ်းဆီးလျက်
ရှိကြောင်းသတင်းရရှိသည်။
ရောဘတ်ကိုင်လီ
ဘိုကလေးမြို့
ကိုသန်းလွင်သေဆုံးခဲ့သည့်မားယားသချိင်္ုင်းကုန်းအမှိုက်ပုံ
No comments:
Post a Comment