Latest News

Friday, April 28, 2017

ဧရာဝတီဘဏ်မှာအပ်ထားတဲ့ ဘီလျံ ၇ဝ ကိစ္စ ရန်ကုန်တိုင်းလွှတ်တော်မှာမေး

ဧရာဝတီဘဏ်မှာအပ်ထားတဲ့ ဘီလျံ ၇ဝ ကိစ္စ ရန်ကုန်တိုင်းလွှတ်တော်မှာမေး

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဝယ်ယူထားတဲ့ ဘတ်စ်ကားအသစ်တွေ ရောက်ရှိလာရင် လက်ရှိကားအဟောင်းတွေကို ဖယ်ရှားပစ် ဖို့ရှိမရှိနဲ့၊ လွှတ်တော်က ခွင့်ပြုထားတဲ့ ဘတ်ဂျက်ငွေ ဘီလျံ ၇ဝ  ကို အသုံးပြုမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဒီကနေ့ အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် တိုင်းအစိုးရ အဖွဲ့က ဧရာဝတီဘဏ်မှာ အပ်နှံထားတဲ့ ကျပ်ငွေ ဘီလျံ ၇ဝ နဲ့ ပတ်သက်ပြီး ဒေါ်စန္ဒာမင်းက အခုလို ထည့်သွင်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘတ်စ်ကားအသစ်တွေမှာ မကြာခင်ကုန်တော့မယ့် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်တွေ တပ်ဆင်မယ်ဆိုရင် ပြည်သူတွေအတွက် ရေရှည်မှာတည်ငြိမ်တဲ့ ယာဉ်စီးခနှုန်းထားနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။ ဒေါ်စန္ဒာမင်းရဲ့ မေးခွန်းကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြသောင်းက ပြန်လည်ဖြေကြားရာမှာ... ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ တရုတ်နိုင်ငံက ကားအသစ် အစီးရေတထောင် ဝယ်ယူဖို့ လက်မှတ်ရေးထိုးထားကြောင်းသာ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြောင်းလဲခဲ့တဲ့ YBS စနစ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေရာမှာ၊ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ၂ဝ ကျော်က YBS စနစ်နဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။ RFA

No comments:

Post a Comment