Latest News

Saturday, April 1, 2017

အလုပ်သမ မိန်းကလေးငယ်အား ဒဏ်ရာများရရှိအောင်နှိပ်စက်သူ အလုပ်ရှင်ကို အမှုဖွင့်အရေးယူ

အလုပ်သမ မိန်းကလေးငယ်အား ဒဏ်ရာများရရှိအောင်နှိပ်စက်သူ
အလုပ်ရှင်ကို အမှုဖွင့်အရေးယူ


ရန်ကုန်၊ ဧပြီ ၁

၃၀.၃.၂၁၀၇ ရက်နေ့ ၁၂၀၀ အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊
ဘိုကလေးမြို့နယ်နေ ဒေါ်-----သည် နေအိမ်၌ရှိနေစဉ် ဒေါပုံမြို့နယ်နေ
ဒေါ်-----မှ ၎င်း၏မြေးတော်စပ်သူ မ------၊ အသက်(၁၃)နှစ်မှာ ၎င်း၏
နေအိမ်သို့ရောက်ရှိနေကြောင်းနှင့် ခန္ဓာကိုယ်အနှံ့ဒဏ်ရာအမာရွတ်များရရှိထားကြောင်းပြောပြသဖြင့် ဒေါပုံမြို့နယ်ရှိ ဒေါ်----၏အိမ်သို့ထွက်ခွာလာရာ ၃၁.၃.၂၀၁၇ ရက်နေ့တွင် ၁၀၀၀အချိန်ခန့်တွင် အဆိုပါနေအိမ်သို့ရောက်ရှိပြီး မြေးဖြစ်သူအားမေးမြန်းရာ ၎င်း၏အလုပ်ရှင်ဖြစ်သူ တာမွေမြို့နယ်၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ ဗညားဒလမ်းနေ ဦးခင်မောင်အေးက ၀ါးလုံးတုတ်ဖြင့်ရိုက်နှက်ခြင်း၊ သံပိုက်ဖြင့်ရိုက်နှက်ခြင်း၊ ကော်ပိုက်ဖြင့်ရိုက်နှက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ ယာဘက်နားအားသွားပွတ်တံဖြင့်
ထိုးခြင်း၊ မိန်းမကိုယ်အားဖယောင်းတိုင်မီးဖြင့်ထိုးခြင်းများပြုလုပ်ခဲ့သဖြင့်
၎င်းမိန်းကလေးငယ်၌ ယာမျက်ခုံးအမာရွတ် ၁ ခု၊ နှာခေါင်း ရိုးဖူးရောင်
ဒဏ်ရာ ၁ ချက်၊ အပေါ်နှုတ်ခမ်းအမာရွတ် ၁ ခု၊ ၀ဲဘက်နားဖူးရောင်
ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ရင်သားနှစ်ဖက်တွင်ဆွဲစိတ်ထားသောအမာရွတ်များ၊ ယာဒူးခေါင်းအမာရွတ် ၁ခု၊ လွန်ခဲ့သော ၂ရက် ၃ ရက်ခန့်က ယာပါးအားလက်ဖြင့်ရိုက်ခဲ့သဖြင့် ဖူးရောင်နာကျင်ဒဏ်ရာ၊ ယာခြေဖမိုးအားဝါးလုံးတုတ်ဖြင့်ရိုက်သဖြင့် ခြေဖမိုးနာကျင်ဒဏ်ရာ၊ ယာနားမကြား၊ မိန်းမကိုယ်ဖူးရောင်ဒဏ်ရာနှင့် ၀မ်းဗိုက်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။


ယင်းသို့ မြေးဖြစ်သူအား ဒဏ်ရာများရရှိအောင် နှိပ်စက်သူ ခင်မောင်အေးအား အရေးယူပေးရန်တိုင်တန်းချက်အရ တာမွေမြို့မရဲစခန်း(ပ)၂၁၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူကူန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်ငြိစွန်းမှုရှိ/မရှိ အမှတ်(၆)လူကူန်ကူးမှု တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment