Latest News

Tuesday, March 28, 2017

Myanmar Idol Winner ဆုရှင် သားငယ် မန္တလေးမြို့တော်မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သီဆိုဖျော်ဖြေမည်

Myanmar Idol Winner ဆုရှင် သားငယ် မန္တလေးမြို့တော်မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သီဆိုဖျော်ဖြေမည်

Myanmar Idol Season 2 ပြိုင်ပွဲ၏ Winner ဆုရှင် သားငယ်အား မန္တလေးမြို့တော်မဟာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် သီဆိုဖျော်ဖြေရန် ဖိတ်ခေါ်ထားကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။

မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင် Myanmar Idol Season 2 ပြိုင်ပွဲ၏ Winner ဆုရှင် သားငယ်နှင့် အတူ 1st Runner Up ဆုရှင် ဘီလီလမင်းအေးကို မေတ္တာဖြင့် နှစ်ရက် လာရောက်ဖျော်ဖြေပေးရန် ကမ်းလှမ်းထားသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားခြင်းဖြစ်သည်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ၏ဖေ့ဘုတ်စာမျက်နှာတွင် “သားငယ်ကို မန္တလေးမြို့တော်ဗဟိုမဏ္ဍပ်မှာ ဖျော်ဖြေခိုင်းမလား” ဟု မေးခွန်းမေးထားပြီး “MDY ကို ရောက်စေရမည်” ဟုလည်း Comment ဖြေဆိုထားသည်။

ဗဟိုမဏ္ဍပ်တွင် စိန်ဒူးဝါးဆိုင်းနှင့် မန္တလေးမှ မြန်မာ့ဆိုင်းပညာရှင်များ၊ မန်းစည်ပင်ဆိုင်းဝိုင်း တို့က တီးခတ်ဖျော်ဖြေကြမည်ဖြစ်ကာ စည်ပင် ယိမ်းအကအဖွဲ့များက နေ့စဉ် ပုံမှန်ဖျော်ဖြေပေးနေမည် ဖြစ်သည်။ ထို့ပြင် မနော်ရမ္မံအပန်းဖြေဥယျာဉ်တွင်ပြုလုပ်မည့် လူငယ်များ ပျော်ရွင်စွာ ဆင်နွှဲကြမည့်မဏ္ဍပ်တွင် လာရောက်သီဆိုကြမည့် နာမည်ကြီးအဆိုတော်များ၊ အနုပညာရှင်များကိုလည်းဗဟိုမဏ္ဍပ်တွင် အလှည့်ကျ လာရောက်ဖျော်ဖြေပေးရန် သဘောတူထားကြောင်း သိရသည်။
ငယ်ငယ်( The Mandalay News Journal )

No comments:

Post a Comment