Latest News

Tuesday, March 28, 2017

ဒီချုပ်အစိုးရလက်ထက် ကုန်သွယ်မှုပမာဏ ၂ ရာခိုင်နှုန်းကျော် မြင့်တက်

ဒီချုပ်အစိုးရလက်ထက် ကုန်သွယ်မှုပမာဏ ၂ ရာခိုင်နှုန်းကျော် မြင့်တက်

ဒီချုပ်အစိုးရလက်ထက် တစ်နှစ်အတွင်း ကုန်သွယ်မှုပမာဏ ယခင်ဘဏ္ဍာနှစ်ထက် ၂ ရာခိုင်နှုန်းကျော်တိုးတက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် မတ် လ ၁၀ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိ ကန်ဒေါ်လာ ၂၆ ဒသမ ၃ ဘီလီယံကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာ လတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ သန်း ၅၄၀ ကျော်ပိုလာကြောင်း အထက်ပါ ၀န်ကြီးဌာနမှ သိရ သည်။ ‘‘သဘာဝဓာတ်ငွေ့တင်ပို့မှု က လျော့သွားပေမယ့် လယ်ယာ ထွက်ကုန်နဲ့ ရေလုပ်ငန်းက တိုး လာတယ်’’ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံ၏ အဓိကပို့ကုန် ဖြစ်သော သဘာဝဓာတ်ငွေ့ပြည် ပတင်ပို့ရောင်းချမှုမှ ၀င်ငွေရရှိမှု သည် ဈေးနှုန်းကျဆင်းမှုကြောင့် ယခင် ဘဏ္ဍာနှစ်ထက် အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ကျော်လျော့နည်းခဲ့သည်။

သို့သော် လယ်ယာထွက် ကုန်နှင့် ရေထွက်ကုန်ပြည်ပတင်ပို့ မှုမှ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ် လာသန်း ၄၀၀ ခန့်ပိုရရှိကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ကုန်သွယ်မှုပမာဏတိုးမြှင့် လာခြင်းကြောင့် ပို့ကုန်ကဏ္ဍတွင် ဒေါ်လာသန်း ၄၀၀ ကျော်ပိုရရှိ ထားပြီး သွင်းကုန်ကဏ္ဍ၌ ဒေါ် လာ ၁၄၀ ကျော် ပိုမိုသုံးစွဲထား ကြောင်း သိရသည်။

ကုန်သွယ်မှုပမာဏတိုးမြှင့် လာသည် ဆိုသော်လည်း ပို့ကုန်နှင့် သွင်းကုန်ပမာဏခြားနားချက် (ကုန်သွယ်မှုလိုငွေ)သည် ယခင်အစိုးရလက်ထက်ကဲ့သို့ပင် ဆက်လက်မြင့်မားနေပြီး ယခု ဘဏ္ဍာနှစ် မတ်လ ၁၀ ရက်အထိ ဒေါ်လာ ငါးဘီလီယံကျော် ရှိသည်။

ကုန်သွယ်မှုလိုငွေ လျှော့ချ ရန် စီးပွားကူးသန်း ၀န်ကြီးဌာနက ပို့ကုန်မြှင့်တင်ရေးဆောင်ရွက်ချက်များအပြင် သွင်းကုန်လျှော့ချရေး လုပ်ဆောင်နေကြောင်း သိရသည်။  ၂၀၁၇ က စတင်၍ မော် တော်ယာဉ်တင်သွင်းမှုနှင့် သက် ဆိုင်သည့် မူဝါဒ ပြောင်းလဲချက် များကြောင့် ယခင်က တစ်ရက် လျှင် ကားအစီးရေ ရာဂဏန်း တင်သွင်းနေခြင်းမှ ယခုဆယ်ဂဏန်းသို့ လျော့ကျသွားကြောင်း ဦးတိုးအောင်မြင့်က ဆိုသည်။ ( 7Day News )

No comments:

Post a Comment