Latest News

Sunday, March 12, 2017

ရွှေစာရံဘုရားပွဲတော်သို့ ရေလမ်းမှ သွားလာသူများ ဘေးကင်းစေရန် လုံခြုံရေးဆောင်ရွက်

ရွှေစာရံဘုရားပွဲတော်သို့ ရေလမ်းမှ သွားလာသူများ ဘေးကင်းစေရန်

လုံခြုံရေးဆောင်ရွက်



မန္တလေး ရွှေစာရံဘုရား ပွဲတော်သို့ ရေလမ်းခရီးမှ သွား လာသူများဘေးအန္တရာယ်ကင်း စေရန် ရဲတပ်ဖွဲ့နှင့် ဒေသခံရပ် ကျေးလူငယ်များပါဝင်သည့် လုံ ခြုံရေးအင်အား ၃၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပွဲတော်သို့ ဒုဋ္ဌ၀တီမြစ်တစ် ဖက်ကမ်း ကျေးရွာမှလာရောက် သူများနှင့် ဘုရားအနောက်ဘက် ရှိ နဂါးရုံဘုရား၊ နားတောင်းကျ ဘုရားသို့ ရေလမ်းကြောင်းမှ သွားလာသူများ အန္တရာယ်ကင်း စေရန် ယခုကဲ့သို့ လုံခြုံရေးအင် အားချပြီး ဆောင်ရွက်ခြင်းဖြစ် ကြောင်း မြစ်အတွင်းလုံခြုံရေး ဆောင်ရွက်နေသည့်     ဦးမြင့် အောင်က ပြောသည်။

‘‘မြစ်ထဲက ရေနစ်မြုပ်တာ တို့၊ တခြားအန္တရာယ်တို့ မရှိအောင် လုံခြုံရေးဆောင်ရွက်ပေးတာပါ။ ဖြစ်ခဲ့ဖူးတာတော့ မရှိဘူး။ ဒါပေ မဲ့ မဖြစ်ပွားအောင်ပေါ့။ စက်လှေ တွေမှာ သတ်မှတ်လူထက်ပိုတင် ရင် အန္တရာယ်ရှိတော့ သတ်မှတ် လူထက်ပိုမတင်အောင်၊ ခိုက်ရန် ဖြစ်ပွားမှုမရှိအောင် လုံခြုံရေး ဆောင်ရွက်ပေးရတာ’’ဟု ၎င်းက ပြောသည်။

ရွှေစာရံဘုရားပွဲတော်ကို တပေါင်းလပြည့်နေ့ကစတင်ကာ လပြည့်ကျော် ၉ ရက် (မတ်လ ၂၁) ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဘုရားပွဲတော် ကာလတွင် ဇာတ်ပွဲများ၊ ပျော်ပွဲ ရွှင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ် ကြောင်း ရွှေစာရံဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။

‘‘ဒီနေ့က လပြည့်နေ့လည်း ဖြစ်တော့ အနယ်နယ် အရပ်ရပ် က ပွဲတော်လာရောက်သူတွေနဲ့ တော်တော်လေး စည်တယ်။ ဒီလို ပွဲတော်စတဲ့ ရက်ရယ် လပြည့် ကျော် ၇၊ ၈ ရက်က ဒီဘုရားပွဲ တော်ရဲ့ အစည်ဆုံးရက်တွေပဲ’’ ဟု ရွှေစာရံဘုရားဂေါပကဥက္ကဋ္ဌ ဦးပြေငြိမ်းက ပြောသည်။

ဘုရားပွဲတွင် ရောင်းချရန် ဆိုင်ခန်းပေါင်း ၁,၃၀၀ ကျော်ခွင့် ပြုထားကာ ရွှေစာရံဘုရားပွဲ၏ အမှတ်သင်္ကေတလက်ဆောင် ပစ္စည်းဖြစ်သော ထန်းရွက်ပုတီး၊ ထန်းရွက်ငါးရောင်းချသူများ လည်း များပြားခဲ့ပြီး ပွဲတော်သို့ လာရောက်သူများဖြင့် စည်ကား နေကြောင်း သိရသည်။

မိဖုရားစောလှမွန်တည်ထား ခဲ့သော ရွှေစာရံဘုရားသည် နှစ်ပေါင်း ၉၀၀ ကျော်ရှိပြီဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပြီး မန္တလေးမြို့၏ ၁၇ မိုင်ခန့်အကွာဒုဋ္ဌ၀တီမြစ်ကမ်းနံဘေး ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာတွင် တည်ရှိသည်။



7Day News Journal

No comments:

Post a Comment