Latest News

Thursday, March 30, 2017

နမ့်စန်တွင် ဆိုင်ကယ်နှင့်သဲတင်ကားတိုက်၊ ညားခါစ လင်မယားနှစ်ဦးလုံး သေဆုံး

နမ့်စန်တွင် ဆိုင်ကယ်နှင့်သဲတင်ကားတိုက်၊ ညားခါစ လင်မယားနှစ်ဦးလုံး သေဆုံ




ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ လုပ်သားခန်းမရှေ့မှာ ဒီနေ့ မနက် ၁၁ နာရီ အချိန်လောက်က သဲတင်ဆောင်ထားတဲ့ ၆ ဘီးကားနဲ့ ညားခါစ လင်မယားနှစ်ဦး စီးနှင်းလာတဲ့ ဆိုင်ကယ်တိုက်မိလို့ လင်မယားနှစ်ဦးလုံး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။

ညားခါစလင်မယားနှစ်ဦး ဆွေမျိုးတွေ သွားကန်တော့ပြီး အပြန် သဲတင်ဆောင်ထားတဲ့ ၆ ဘီးကားနဲ့ ဆိုင်ကယ် တိုက်မိလို့ သေဆုံးသွားတာ ဖြစ်ပါတယ်။

ယာဉ်မဆင်မခြင်မောင်းနှင်းတဲ့ သဲကားမောင်းသမား ကျော်နိုင်ဝင်းကို ဥပဒေနဲ့အညီ တရားစွဲနိုင်ဖို့ နမ့်စန်ယာဉ်ထိန်းတပ်ဖွဲ့က ဆောင်ရွက်နေကြောင်း သိရပါတယ်။ ဒီဗွီဘီ/သတင်း - သန်းစိုးအောင်

No comments:

Post a Comment