Latest News

Thursday, March 30, 2017

ပညာရေးဝန်ထမ်းများကိစ္စ တိုင်းလွှတ်တော်တွင် ဆွေးနွေး

ပညာရေးဝန်ထမ်းများကိစ္စ တိုင်းလွှတ်တော်တွင် ဆွေးနွေး

ပညာရေးဌာနအဆိုနှင့် ပတ်သက်ပြီး လူမှုရေးဝန်ကြီးက ဝန်ထမ်းခန့်ထားမှုကိစ္စ ဝန်ထမ်းပြောင်းရွှေ့ကိစ္စ ဆောက်လုပ်ရေးကိစ္စတို့ စုပေါင်းပြီး အဆိုအဖြစ် ဖန်တီးထားခြင်းဖြစ်ကြောင်း အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်တွင် လူမှုရေးဝန်ကြီးက ပြောဆိုဆွေးနွေးခဲ့သည်။

 "ဝန်ထမ်းများခန့်ထားမှုကိစ္စ၊ ဝန်ထမ်းများပြောင်းရွှေကိစ္စ၊ ဆောက်လုပ်ရေးကိစ္စတို့ကို စုပေါင်းပြီး အဆိုအဖြစ် ဖန်တီးထားခြင်းဖြစ်ပါတယ်၊ ထို့အဖြစ်အပျက်တခုစီကို မေးခွန်းတစ်ခုစီမေးနိုင်ပါက အကျိုးသက်ရောက်မှု ပိုအားကောင်းနိုင်ပါတယ်၊ အဆိုအဖြစ်တင်သွင်းတဲ့နေရာမှာ မိမိမဲဆန္ဒနယ်  အဖြစ်အပျက်များ စုစည်းခြင်း ထို့မှတဆင့်မြို့နယ် ထို့မှတဆင့် တိုင်းအတွင်းမှာရှိတဲ့ အဖြစ်အပျက်တူများကို သာဓက ဖော်ပြပြီး နယ်ပယ်ကျယ်ပြန့်စွာ သုံးသပ်နိုင်ဖို့လိုအပ်ပါတယ်”ဟု လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ပုသိမ်မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် တင်သွင်းသည့်အဆိုအား ထောက်ပြပြောကြားသည်။

 "တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေအခန်း ၁၂ နည်းဥပဒေ၁၁၉အပိုဒ်ခွဲငယ် (ဂ)မှာ အဆိုနဲ့ ပတ်သက်ပြီး အဓိပ္ပါယ်ဖော်ပြတဲ့နေရာမှာ ရှင်းလင်းပြတ်သား၍တိကျစွာဖော်ပြသော် အကြောင်းအရာတစ်ခုပါရမယ်လို့် ဖော်ပြထားပါတယ်။ မိမိတင်ပြလိုတဲ့ သွားလိုတဲ့ ဦးတည်ချက်ကို ရှင်းလင်းတင်ပြရမယ်၊ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် သက်တမ်းဟာ တစ်နှစ်ကျော်ပြီး ဖြစ်ပါပြီ။ တစ်နှစ်ဆိုတဲ့ အချိန်ကာလဟာ သင့်တင့်လျောက်ပတ်တဲ့ အချိန်ကာလ လည်း ဖြစ်ပါတယ် ။ အစိုးရသစ်အနေနဲ့ ပြည်သူများ ယုံကြည်အားကိုးစွာ ရွေးချယ်ပေးလိုက်သော လွှတ်တော်အင်အားနဲ့ပေါင်းစပ်ပြီး နှစ်ပေါင်းရှည်ကြာစွာယိုင်နဲ့နေတဲ့ ကဏ္ဍများကို တည့်မတ်ရန် ထိန်းကျောင်းလျက်ရှိတဲ့၊ပညာရေးကဏ္ဍဟာ တိုင်းပြည် ထူထောင်တဲ့နေရာမှာ အခြေခံအုတ်မြစ် ဖြစ်သည့် အရေးပါတဲ့ကဏ္ဍဖြစ်တဲ့အားလျော်စွာ အစိုးရသစ်မူဝါဒနှင့်အညီ မှန်ကန်သည့် အချက်အလက်များကို အခြေခံ၍ ထိရောက်သည့် ပညာရေးပြောင်းလဲမှု စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ရေး လုပ်ငန်းများလည်းဆောင်ရန် ကြပ်မတ်သွားမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက တိုင်းလွှတ်တော်သို့ တင်ပြခဲ့သည်။

ပုသိမ်မြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဦးအောင်သူထွေး က"ဧရာဝတီတိုင်းဒေသကြီး ပညာရေးဌာနမှ တာဝန်ရှိသူအချို့၏လုပ်ငန်းများဆောင်ရွက်ရာတွင် လွဲချော်မှုများ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိစစ်အရေးယူ ထိန်းကျောင်း တည့်မတ်ပေးနိုင်ရေး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆို”အား တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုအား ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ကန့်ကွက်သူမရှိ တိုက်တွန်းကြောင်း တိုင်းဒေသကြီးလွှတ်တော်တွင် ဆုံးဖြတ်ခဲ့သည်။ Mizzima

No comments:

Post a Comment