Latest News

Friday, February 10, 2017

အီရန်တော်လှန်ရေးနေ့၌ ထရမ့်ရဲ့ ခြိမ်းခြောက်စကားများကို တုံ့ပြန် ကာ ပြည်သူသန်းပေါင်းများစွာ စုရုံးချီတက်

အီရန်တော်လှန်ရေးနေ့၌ ထရမ့်ရဲ့ ခြိမ်းခြောက်စကားများကို တုံ့ပြန်

ကာ ပြည်သူသန်းပေါင်းများစွာ စုရုံးချီတက်



အီရန်နိုင်ငံမှာ ၁၉၇၉ အစ္စလာမ်မစ်တော်လှန်ရေး နှစ်ပတ်လည်နေ့အထိမ်းအမှတ်အနေနဲ့ သန်းပေါင်းများစွာသော ပြည်သူတွေဟာ စုရုံးချီတက်ကြပြီး   အမေရိကန်အစိုးရသစ်အပေါ် တုံ့ပြန်ခြင်း၊ ခြိမ်းခြောက်စကားများကို ချေဖျက်ခြင်းအဖြစ် ချီတက်မှုကို သမ္မတဖြစ်သူက ဖော်ကျုးလိုက်ပါတယ်။

တီဟီရန်မြို့တော်အနှံ့ ဒီနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ပြည်သူထောင်သောင်းပေါင်းများစွာရဲ့ ချီတက်ပွဲမှာ သမ္မတ ဟတ်ဆန်ရိုဟာနီလည်း ပါဝင်ခဲ့ပါတယ်။ နိုင်ငံတစ်လွှားမှာလည်း အထိမ်းအမှတ်ချီတက်ပွဲတွေ ဒါဇင်ထက်မနည်းရှိပါတယ်။

“ခုချီတက်တဲ့ လူအင်အားက အိမ်ဖြူတော်အစိုးရသစ်ရဲ့ မှားမှားယွင်းယွင်း ပြောဆိုမှုတွေကို တုံ့ပြန်လိုက်တာပါပဲ။ ခုလို ပြည်သူအင်အား ပြသခြင်းနဲ့ ကမ္ဘာကို ပြောလိုက်တာက အီရန်ပြည်သူတွေကို လေးစားမှုနဲ့ ဆက်ဆံပါဆိုတာကိုလည်း ပြသလိုက်တာဖြစ်တယ်။”လို့ ရိုဟာနီက ဆိုပါတယ်။

“အီရန်ပြည်သူတွေအနေနဲ့ နိုင်ငံကို ခြိမ်းခြောက်ပြောဆိုနေတဲ့ နိုင်ငံမျိုးကို ခုလိုအင်အားပြပြီး နောင်တရစေမှာဖြစ်တယ်။ အီရန်အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့ကို ခြိမ်းခြောက်တဲ့ ဘယ်သူမဆို အီရန်ရဲ့ နိုးကြားတက်ကြွမှုကို သိထားသင့်တယ်။”ဟု ၎င်းက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့လရာထူးရယူပြီးနောက်ပိုင်းကစပြီး အီရန်ကို ပိုမိုထိုးနှက်ပြောဆိုလာခဲ့ပါတယ်။

ဇန်နဝါရီ ၂၉ ရက်က အီရန်ရဲ့ ဖျက်အားပြင်းဒုံးကျည်စမ်းသပ်မှုကြောင့် ထရမ့်ဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အီရန်အပေါ် ချမှတ်ပြီး အမေရိကန်တာဝန်ရှိသူတွေကလည်း သတိပေးပြောဆိုမှုတွေ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ ပင်တဂွန်အကြီးအကဲသစ် ဂျိမ်းမတ်တစ်က အီရန်နိုင်ငံဟာ “ကမ္ဘာမှာ အကြမ်းဝါဒီတွေကို အကြီးဆုံးအထောက်အပံ့ပေးနေတဲ့ နိုင်ငံတစ်နိုင်ငံ”ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Sources : Mizzima - News in Burmese

No comments:

Post a Comment