Latest News

Monday, February 27, 2017

အိပ်ရေးမဝခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုး (၈) ခု

အိပ်ရေးမဝခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုး (၈) ခု


အသက်အရွယ်အလိုက် အိပ်စက်ချိန်တွေဟာ အမျိုးမျိုး ကွဲပြားကြပါတယ်။ ကလေးငယ်လေးတွေက တစ်နေ့ကို ၁၆ နာရီလောက် အိပ်စက်ကြသလို အရွယ်ရောက်ပြီးသူတွေဟာ ပျမ်းမျှအားဖြင့် တစ်ညကို ၈ နာရီ အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝ၀ မအိပ်ဘူးဆိုရင်တော့ ဒီဆိုးကျိုးတွေနဲ့ ကြုံတွေ့ရတော့မှာပါ။

၁။ မတော်တဆမှု
လမ်းပေါ်မှာ သွားလာနေရသူတွေ၊ ယာဉ်မောင်းနှင်ရသူတွေဟာ အိပ်ရေးဝဖို့ အရေးကြီးပါတယ်။ အိပ်ငိုက်ပြီး ကားမောင်းတာကြောင့် ဖြစ်ပွားရတဲ့ ယာဉ်တိုက်မှုတွေဟာ တစ်နှစ်တစ်နှစ် မနည်းလှပါဘူး။

၂။ ကိုယ့်စွမ်းရည်ကျဆင်း
တွေးခေါ်မှုအပိုင်းနဲ့ လေ့လာသင်ယူနိုင်မှုတွေမှာ အားနည်းသွားပါတယ်။ တက်ကြွမှုမရှိ၊ အာရုံစူးစိုက်လို့မရသလို ပြဿနာတွေဖြေရှင်းရာမှာလည်း ညံ့ဖျင်းလာပါတယ်။ အထူးသဖြင့် လေ့လာသင်ယူနိုင်စွမ်း လျော့ကျလာတာပါ။

၃။ ကျန်းမာရေးဆိုးကျိုး
နှလုံးရောဂါ၊ ရုတ်တရက်နှလုံးရပ်တာ၊ နှလုံးအားနည်းခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ သွေးတိုး၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

၎။ လိင်စွမ်းဆောင်ရည်ကျဆင်း
အိပ်စက်ခြင်းဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အိပ်ရေးမဝခြင်းကြောင့် လိင်စိတ်လျော့ပါးလာမှုဟာ အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ကြုံတွေ့ရတယ်လို့ သိရပါတယ်။

၅။ စိတ်ကျရောဂါ
အိပ်ရေးမဝတာ၊ အိပ်စက်မှု မူမမှန်တာတွေဟာ စိတ်ကျရောဂါကို ဖြစ်စေနိုင်တဲ့ လမ်းစတွေပါပဲ။ ၂၀၀၅ ခုနှစ်အတွင်းက အမေရိကမှာပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုတစ်ခုအရ တစ်ညကို ၆ နာရီပြည့်အောင် မအိပ်သူတွေဟာ စိတ်ဓာတ်ကျဆင်းမှုနဲ့ ပူပင်သောကတွေ ပိုများနေတာကို တွေ့ခဲ့ရပါတယ်။

၆။ အသားအရေပျက်စီး
အသားအရေကလည်း ဝါကျင့်ကျင့်ဖြစ်လာပြီး မျက်အိတ်တွဲလာပါတယ်။ မျက်ကွင်းညိုတာတွေလည်း ဖြစ်လာပါတယ်။ ကော်လာဂျင် (collagen) တွေကို ပျက်စီးစေလို့ အသားအရေလည်း မကောင်းတော့ပါဘူး။

၇။ မေ့လွယ်
ဦးနှောက်က လုံလောက်တဲ့ အနားယူမှု မရတဲ့အခါ မေ့တတ်လွယ်လာပါတယ်။ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းလာပါတယ်။

၈။ ဝိတ်တက်စေ
အိပ်ရေးမဝတဲ့အခါ ပိုပြီးဆာလောင်တတ်လာပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်အလေးချိန် တက်လာဖို့ ရာခိုင်နှုန်းအရမ်းများပါတယ်။ တစ်ညကို ၆ နာရီပြည့်အောင် မအိပ်သူတွေဟာ တစ်ညကို ၇ နာရီမှ ၉ နာရီ အိပ်သူတွေနဲ့ယှဉ်ရင် အဝလွန်နိုင်ခြေ ၃၀ ရာခိုင်နှုန်း ပိုများပါတယ်။



Duwun

No comments:

Post a Comment