Latest News

Saturday, February 11, 2017

စလစ်ပြေစာဖြင့် တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်များ ကြိုတင်ဝင်ငွေခွန်ကောက်ခံခြင်းကို ဧပြီ ၁ ရက်တွင် စတင်မည်

စလစ်ပြေစာဖြင့် တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်များ

ကြိုတင်ဝင်ငွေခွန်ကောက်ခံခြင်းကို ဧပြီ ၁ ရက်တွင် စတင်မည်



ရန်ကုန် ဖေဖော်ဝါရီ ၁၁

ယာဉ်အိုယာဉ်ဟောင်းအပ်နှံသည့် ပြေစာ(စလစ်)ဖြင့် တင်သွင်းခွင့် ပြုသည့် မော်တော်ယာဉ်များကို ကြိုတင်ဝင်ငွေခွန်ကောက်ခံခြင်းကို ဧပြီ ၁ ရက်မှစတင်၍ ကောက်ခံ သွားမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရသည်။

ယာဉ်အိုယာဉ်ဟောင်းအပ်နှံ သည့်ပြေစာ(စလစ်)ဖြင့် တင်သွင်း ခွင့်ပြုသည့်မော်တော်ယာဉ်များအနေ ဖြင့် ထုတ်လုပ်သည့်ခုနှစ် သတ် မှတ်ချက်မြင့်သော မော်တော်ယာဉ် များဖြစ်လာခြင်း၊ တန်ဖိုးကြီးမော် ဒယ်မြင့် ဇိမ်ခံမော်တော်ယာဉ်များ ကိုလည်း တင်သွင်းလာနိုင်ခြင်း တို့ကြောင့် ထိုပြေစာစလစ်ဖြင့် တင်သွင်းခွင့်ပြုသည့် မော်တော် ယာဉ်များကို ကြိုတင်ဝင်ငွေခွန် ကောက်ခံပြီးမှသာ ကနဦးမှတ်ပုံ တင်ခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆို ပါ ဌာန၏ကြေညာချက်အရသိရ သည်။

ထို့အပြင် ယာဉ်အိုယာဉ်ဟောင်း  အပ်နှံသည့်ပြေစာ(စလစ်)ဖြင့် တင် သွင်းခွင့်ပြုသည့်မော်တော်ယာဉ် များ၊ပြည်ထောင်စု သို့မဟုတ် တိုင်း ဒေသကြီး၊ ပြည်နယ်ဘဏ္ဍာငွေအရ အသုံးဆိုင်ရာခွင့်ပြုရန်ပုံငွေဖြင့် တင် သွင်းမည့် မော်တော်ယာဉ်များ၊ နာရေးယာဉ်များ၊မီးသတ်ယာဉ်များ၊ ဘာသာရေး၊ ကုသိုလ်ရေးသက် သက်ဆောင်ရွက်သည့်အဖွဲ့အစည်း ပိုင်မော်တော်ယာဉ်များ၊ နိုင်ငံ တော်၏လုပ်ငန်းဌာန၊ အဖွဲ့အစည်း များ၊ စီမံကိန်းများတွင် အသုံးပြု ရန်လှူဒါန်းသည့် သို့မဟုတ် ထောက်ပံ့သည့်ယာဉ်များ၊ လှူဒါန်း ရန်အတွက် တင်သွင်းလာသည့် ယာဉ်များ၊သံတမန်များ၊သံရုံးများက တင်သွင်းလာသည့်ယာဉ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများက တင်သွင်းသည့် မော်တော်ယာဉ် များနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေများ အရ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိ သောကာလအတွင်း တင်သွင်း သည့်ယာဉ်များအား ကြိုတင်ဝင်ငွေ ခွန်ပေးဆောင်ရန်မလိုဘဲ ကနဦး ယာဉ်မှတ်ပုံတင်ခြင်းကို ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ပြည်ပမှတင်သွင်း သည့် မော်တော်ယာဉ်များကို ကြိုတင်ဝင်ငွေခွန်ကောက်ခံခြင်းကို ၂ဝ၁၆ခုနှစ် ဇွန်လတွင် စတင် ဆောင်ရွက်ခဲ့ပြီး ယခုအခါ မော် တော်ယာဉ်တင်သွင်းခြင်းနှင့် သက် ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေး ကော်မတီ၏ ၃ဝ-၁၁-၂ဝ၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၂ဝ၁၆အရ ယခုနှစ်အတွက် ကြို တင်ဝင်ငွေခွန်ကောက်ခံခြင်းကို ဧပြီ ၁ ရက်တွင် စတင်ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။

ကြိုတင်ဝင်ငွေခွန်ပေးဆောင် ခြင်းကို ပြည်ပမှတင်သွင်းသော မော်တော်ယာဉ်များအား ကြိုတင် ဝင်ငွေခွန်ကောက်ခံရေးအဖွဲ့ရုံးများ တွင် ဆောင်ရွက်နိုင်ကြောင်း သိရ သည်။

Sources : ဝေဝေဖြိုး ( The Union Daily )

No comments:

Post a Comment