Latest News

Wednesday, February 22, 2017

ပင်လောင်းတွင် အချုပ်သား ၅ ဦး အချုပ်ခန်းဖောက်ထွက်ပြေး

ပင်လောင်းတွင် အချုပ်သား ၅ ဦး အချုပ်ခန်းဖောက်ထွက်ပြေး

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့မှာ ဒီကနေ့မနက်က အချုပ်သား ၅ ဦး ထောင်ဖောက်ထွ က်ပြေးသွားပါတယ်။

ဒီကနေ့မနက် ၄ နာရီ နဲ့ ၅ နာရီကြားမှာ ပင်လောင်းမြို့နယ်ရဲစခန်းမှာရှိတဲ့ အချုပ်သား ၅ ဦး အချုပ်ခန်းဖောက်ထွက်ပြေးသွားပြီး တဦးကို ပြန်လည်ဖမ်းဆီးရမိတယ်လို့ ပင်လောင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူ ဒေသခံ ခွန်ပိုင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်အသိ ရဲတယောက်က ပြောပြတာ ဒီမနက် ရဲစခန်းမှာ အချုပ်သား ၅ ယောက်ထွက်ပြေး သွားတယ်တဲ့၊ သူတို့က ကင်းမှူးကို ရေနွေးပူနဲ့လောင်းတယ်။ မျက်နှာကိုလည်း ငရုပ်သီးထောင်းရေနဲ့ ပက်ပြီး ထွက်ပြေးသွားတယ်။ အချုပ်သားတွေ လွတ်မြောက်သွားတာနဲ့ ပတ်သက်ပြီး ကင်းမှူး တပ်ကြပ် ကျော်ကျော်လတ်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့အညီ အရေးယူနေတယ်။ အဲဒီ ၅ ယောက်မှာ တယောက်က ပြန်လည်ဖမ်းဆီးရမိတယ်ပေါ့နော်၊ ကျန်တဲ့ ၄ ယောက်ကို ဖမ်းမိဖို့ အခု ပင်လောင်း တမြို့လုံးကို ရဲတွေ ပိုက်စိပ်တိုက်ရှာနေကြတယ်”

လွတ်မြောက်နေတဲ့ အကျဉ်းသား ၄ ယောက်ဟာ မူးယစ်မှုနဲ့ ထောင် နှစ်ရှည် ကျခံရမယ့် ကျော်နိုင်၊ မင်းမင်းလတ်၊ ခွန်ထွန်းလင်း၊ မောင်အေးတို့ဖြစ်ပြီး ရန်ကုန်၊ လွိုင်ကော်၊ ပဲခူးနဲ့ ဖယ်ခုံဒေသက လူတွေလို့သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေမေးမြန်းဖို့အတွက် ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ထွေအုပ်ရုံးနဲ့ ရှမ်းပြည်နယ်ရဲတပ်ဖွဲမှူးရုံးကိုပါ ကြိုးစားဆက်သွယ်ပေမယ့်လည်း အဆက်အသွယ် မရရှိပါဘူး။

DVB

No comments:

Post a Comment