Wednesday, February 22, 2017
ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်အား သားမယားပြုကျင့်
ပြည်ကြီးမဏ္ဍိုင်၊ ဖေဖော်ဝါရီ (၂၁)ရက်
တနင်္သာရီတိုင်းဒေသကြီး၊ ပြည်ကြီးမဏ္ဍိုင်မြို့ ၊ မနိုးရုံးကျေးရွာအုပ်စု၊ ချောင်းလဖုန်းရွာတွင် ဖေဖော်ဝါရီလ (၁၈)ရက် ည(၁၁း၃၀)နာရီအချိန်ခန့်၌ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်အား သားမယားပြု ကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေ ညပိုင်း (၂၃း၃၀)နာရီအချိန်ခန့်တွင် ဦး------- (ကျဘန်း) လုပ်ကိုင်သူ၏ တဲအိမ်တွင် သမီးဖြစ်သူ မ------(၁၃)နှစ် နှင့်အတူရှိနေစဉ် မ----မှာ တဲရှေ့ပေ(၈၀)အကွာခန့် တွင် ဖခင်၏အလုပ်အား ကူညီလုပ်ကိုင်ရန် ထွက်သွားပြီး(၁)နာရီခန့်ကြာသည်အထိ ပြန်မလာ၍ ဓါတ်မီးထိုး၍လိုက်ရှာစဉ် သမီးဖြစ်သူမှာ ငိုယို၍သူမအား ဖခင်၏ အလုပ်ရှင် ဦးသိန်းဝင်း၏သားမှ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ပြောပြသည်။
ဖခင်မှ ဓါတ်မီးဖြင့် လိုက်လံထိုးကြည့်ရာ သစ်ဇင်ထက် (ခ) နောင်ပိန် အသက်(၂၀)နှစ်မှာ ထွက်ပြေးသွား သည်ကို တွေ့ရှိရသဖြင့် သားမယားအဖြစ်ပြုကျင့်သူ သစ်ဇင်ထက် (ခ) နောင်ပိန်အား ဥပဒေအရ အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
အဆိုပါအမှုအား ဘုတ်ပြင်းမြို့ နယ်ရဲတပ်ဖွဲ့စခန်း မှ ကျူးလွန်သူ သစ်ဇင်ထက်(ခ)နောင်ပိန်အား ဖမ်းဆီးကာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့်အမှုဖွင့်အရေးယူ ထားကြောင်းသိရှိရသည်။
Iprd Kawthoung
ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်အား သားမယားပြုကျင့်
Reviewed by timeayeyar
on
4:51 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment