ကားမတော်တဆမှုကြောင့် တစ်လခန့် အနားယူရမယ့် ဗေလုဝ
ကြီးကြီးမားမားထိခိုက်ခဲ့တာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဟောပြောပွဲသွားရင်း ကားမတော်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်ဗေလုဝကတော့ တစ်လခန့် အနားယူရမယ်လို့ သိရပါတယ်။ ကြီးကြီးမားမား ထိခိုက်ခဲ့တာမျိုး မရှိပေမယ့် ခါးအနည်းငယ် ထိခိုက်ခဲ့တာကြောင့် ဆေးဝါးကုသမှု ခံယူလျက်ရှိတယ်လို့ သိရပါတယ်။တစ်လလောက် ဆေးထိုးဆေးသောက်လုပ်ရမှာ ဖြစ်တဲ့အတွက် အနုပညာအလုပ်တွေနဲ့ ဟောပြောပွဲတွေကို တစ်လခန့် အနားယူရမယ်လို့ သိရပါတယ်။
ဟောပြောပွဲတွေ သွားရင်းနဲ့ ကားမတော်တဆဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဗေလုဝစီးလားတဲ့ ကားမှာ ဦးခင်မောင်ချင်းရယ်၊ ကားမောင်းတဲ့သူရယ် သုံးယောက်ပဲ ပါတာဖြစ်ပြီး ဗေလုဝမှာ ခါးနည်းနည်းထိသွားကာ ကားမီးလောင်မှာ စိုးတဲ့အတွက် တံခါးကို တွန်းဖွင့်ပြီး ဆင်လိုက်တာကြောင့်လက်ဖဝါးတွေ နည်းနည်းပွန်းသွားတယ်လို့ သိရပါတယ်။
ဗေလုဝဟာ ဤအရာကို အချစ်လို့ခေါ်သလား ရုပ်ရှင်ဇာတ်ကားကြီးတွင် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။
Source : News Watch Journal: Duwun
Sunday, February 19, 2017
ကားမတော်တဆမှုကြောင့် တစ်လခန့် အနားယူရမယ့် ဗေလုဝ
ကားမတော်တဆမှုကြောင့် တစ်လခန့် အနားယူရမယ့် ဗေလုဝ
Reviewed by Ar Ti
on
7:16 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment