Latest News

Tuesday, February 14, 2017

ဟိုင်းကြီးကျွန်းမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တရားမ၀င်သစ် များ သယ်ဆောင်လာသည့် လှေတစ်စီးဖမ်းဆီးရမိ

ဟိုင်းကြီးကျွန်းမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တရားမ၀င်သစ်

များ သယ်ဆောင်လာသည့် လှေတစ်စီးဖမ်းဆီးရမိ



ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တရားမ၀င်သစ်များ သယ်ဆောင်လာသည့် လှေတစ်စီးကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်က ဖမ်းဆီးရမိခဲ့ကြောင်း မြ၀တီသတင်း တစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၄ ရက်က ဖော်ပြထားသည်။

တပ်မတော်(ရေ)မှ စစ်ရေယာဉ်တစ်စီးသည် ပင်လယ်ပြင်လုံခြုံရေးဆောင်ရွက်စဉ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဟိုင်းကြီးကျွန်း၏ အနောက်မြောက်ဘက် ရေမိုင် ၁၈ မိုင်ခန့် အကွာရှိ မြန်မာ့ရေပိုင်နက်အတွင်း၌ မသင်္ကာဖွယ် စက်လှေတစ်စီးကို တွေ့ရှိသဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာ လှေပေါ်မှ အမျိုးသားလေးဦးကို တရားမဝင် အခြား အသား ဆိုဒ်စုံ ရှစ်တန်ခန့်နှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ သစ်နှင့် လှေအား ဟိုင်းကြီးကျွန်းမြို့နယ်ရဲစခန်းနှင့် သစ်တောဦးစီးဌာနသို့ စနစ် တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - The Myawady Daily

No comments:

Post a Comment