Latest News

Tuesday, January 10, 2017

ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်ကြိုးများ ဖြတ်တောက်ခိုးယူခံရ

ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်ကြိုးများ ဖြတ်တောက်ခိုးယူခံရ

ပခုက္ကူခရိုင် မြိုင်မြို့နယ် သနပ်ပင်ကုန်းကျေးရွာအုပ်စုနဲ့ ဂွေးပင်လယ်ကျေးရွာအုပ်စုက ရွာသားတွေ ကိုယ်ထူကိုယ်ထသွယ်တန်းထားတဲ့ လျှပ်စစ်ဓါတ်ကြိုးတွေ ဖြတ်တောက်ခိုးယူ ခံခဲ့ရပါတယ်။

အဆိုပါ ကျေးရွာအုပ်စုနှစ်စုက ကြေးဝိုင်ယာ ဓာတ်ကြိုးတွေကို နေရာ ၄နေရာမှာ ရက်ပိုင်းလောက်သာခြားပြီး ခိုးယူခံရတာဖြစ်ပြီး   တနေရာစီအတွက် တန်ဖိုး ကျပ် ၅ သိန်းထက်မနည်း အခိုးခံခဲ့ရတယ်လို့ သိရပါတယ်။

ခိုးမှုကျူးလွန်သူကို သက်ဆိုင်ရာက စုံစမ်းနေပြီး ဒီအမှုကို မြိုင်မြို့နယ်ရဲစခန်းမှာ ပုဒ်မ ၆၁ နဲ့ အမှုဖွင့်ထားပါတယ်။

Sources; DVB

No comments:

Post a Comment