Latest News

Monday, January 30, 2017

“ကွယ်လွန်သူ ကိုနေဝင်း၏ သားများအတွက် ပညာရေးရံပုံငွေထူထောင်ခြင်း”

“ကွယ်လွန်သူ ကိုနေဝင်း၏ သားများအတွက် ပညာရေးရံပုံငွေထူထောင်ခြင်း”

ကွယ်လွန်သူ ကိုနေဝင်း(ခ)ကိုဝင်းလွင်(အငှားယာဉ်မောင်း)နှင့် ဇနီး မစုသက်ခိုင်တို့၏
သားများဖြစ်ကြသော သားကြီး ဖုန်းမြတ်ကျော်(ဒုတိယတန်း)၊
သားလတ် လင်းလက်ကျော်(မူကြို)၊ သားငယ်(၄၅ရက်သား၊ အမည်မမှည့်ရသေး)တို့၏
ပညာရေးဆုံးခန်းတိုင် သင်ကြားနိုင်ရန်အတွက်
၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ရံပုံငွေတစ်ရပ်ကို
ထူထောင်လိုက်ပါသည်။ အဆိုပါရံပုံငွေသို့ မတည်ထည့်ဝင် လှူဒါန်းထားမှုမှာ
အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) 500,000 ကျပ်
(၂) ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း 10,000,000 ကျပ်
(၃) ပစ်တိုင်းထောင်ဖောင်ဒေးရှင်း(Sky Net ရုပ်သံ) 10,000,000 ကျပ်
(၄) ကျားမသန်းဌေး မိသားစု                                  1,000,000 ကျပ်
တို့ဖြစ်ပါသည်။
ထည့်ဝင်လှူဒါန်းလိုသူများအနေဖြင့် ကမ္ဘောဇ(KBZ) ဘဏ်၊ ရွှေဘုံသာဘဏ်ခွဲ(၁)
စာရင်းနံပါတ် ( 04030100401548401 ) သို့ ထည့်ဝင်လှူဒါန်းနိုင်ပါသည်။

၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)

No comments:

Post a Comment