Latest News

Monday, January 30, 2017

ဒုက္ခသည်တွေကို ဝေးလံတဲ့ ကျွန်းတခုမှာ ရွှေ့ပြောင်းထားဖို့ ဘင်္ဂလားဒေ့ရှ် စီစဉ်

ဒုက္ခသည်တွေကို ဝေးလံတဲ့ ကျွန်းတခုမှာ ရွှေ့ပြောင်းထားဖို့ ဘင်္ဂလားဒေ့ရှ် စီစဉ်

ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့လက်ခံထားရတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဝေးလံတဲ့ သန်ဂါချားကျွန်းကို ပြောင်းမယ့်အစီအစဉ် ဆက်လုပ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကရောက်လာပြီး အထောက်အထားမရှိသေးတဲ့သူတွေကို မှတ်ပုံတင်စာရင်းပြုစုဖို့နဲ့ ပြောင်းရွှေ့တဲ့အခါ ကူညီဖို့အတွက်ကို ဒေသခံအာဏာပိုင်တွေကို ညွှန်ကြားထားသလို၊  ကော်မတီတရပ်ဖွဲ့ထားပြီးပြီလို့ ဆိုပါတယ်။

ဒုက္ခသည်အများစုက Cox's Bazar နားကစခန်းတွေမှာရှိနေပြီး၊ အခုပို့မယ့်နေရာက အဲဒီကနေ ၉ နာရီလောက်သွားရတဲ့ခရီးဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မှတ်ပုံတင်ထားတဲ့သူတွေရော မတင်ရသေးတဲ့သူတွေပါ စုစုပေါင်း ၂ သိန်း ၃ သောင်း ၂ ထောင်လောက်ရှိတယ်လို့ ဆိုပါတယ်။ အခုလိုပြောင်းရွှေ့ရတာက သူတို့ကို တစုတစည်းတည်းထားဖို့ ဆောင်ရွက်တာဖြစ်သလို၊ အဲဒီကနေကျော်ပြီး တခြားကိုသွားရင် ဖမ်းပြီးပြန်ပို့မယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း မွတ်ဆလင် ၇ နိုင်ငံက ခရီးသွားတွေ အမေရိကန်နိုင်ငံတွင်း ဝင်ရောက်ခွင့်ပိတ်ပင်လိုက်တဲ့ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ လုပ်ရပ်အပေါ် စိုးရိမ်ပူပန်ကြောင်း OIC မွတ်ဆလင်အဖွဲ့ဝင် ၅၇ နိုင်ငံက ပြောကြားလိုက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် အစွန်းရောက်တွေကို ပိုပြီးရဲဆေးတင်ရာပဲ ရောက်သွားလိမ့်မယ်လို့လည်း OIC အဖွဲ့က သတိပေး လိုက်ပါတယ်။

တချိန်တည်းမှာပဲ ကနေဒါနိုင်ငံ ကွိဘက်ပြည်နယ်က မွတ်ဆလင်ဗလီတခုကို သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် မနေ့က ညနေပိုင်း ဝတ်ပြုဆုတောင်းနေသူ ၆ ဦး သေဆုံးခဲ့ရပါတယ်။

ကနေဒါဝန်ကြီးချုပ် Justin Trudeau က ဒီအကြမ်းဖက်တိုက်ခိုက်မှုအပေါ် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

Photo: United Nations Refugee Agency - Cox's Bazar, Bangladesh  FB

( ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းက ကလေးငယ်တွေကို တွေ့ရစဉ်)

Sources: : RFA

No comments:

Post a Comment