Latest News

Saturday, January 7, 2017

ယာဉ်မတော်တဆ ဖြစ်ပွားပြီး ယာဉ်စီးနင်းသူအားလုံး ထိုင်ခုံခါးပတ်ပတ်ကြရန် ဝန်ကြီးချုပ် မန်းဂျော်နီ ဖောစ့်ဘွတ်တွင်နှိုးဆော် ထား

ယာဉ်မတော်တဆ ဖြစ်ပွားပြီး  ယာဉ်စီးနင်းသူအားလုံး ထိုင်ခုံခါးပတ်ပတ်ကြရန် ဝန်ကြီးချုပ် မန်းဂျော်နီ ဖောစ့်ဘွတ်တွင်နှိုးဆော် ထား

ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီသည် ယာဉ်မတော်တဆမှုဖြစ်ပွားချိန်တွင် ထိုင်ခုံခါးပတ် ပတ်မထားကြောင်း သတင်းရရှိပြီး မော်တော်ယာဉ်မောင်းနှင်သူနှင့် စီးနင်းသူအားလုံး ထိုင်ခုံခါးပတ် ပတ်ကြရန် ၎င်းက တိုက်တွန်းထားသည်။

ဝန်ကြီးချုပ် မန်းဂျော်နီ လိုက်ပါလာသော ယာဉ်သည် ဇန်နဝါရီ ၆ ရက် ညနေ ၅ နာရီခန့်က ပုသိမ်-ရန်ကုန်လမ်း ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာ အနီးတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည်။

ဧရာဝတီတိုင်းဒေသကြီး အ စိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးအား ဝန်ကြီးချုပ်စီးနင်းလာသော ယာဉ်မတော်တဆဖြစ်ချိန်တွင် ထိုင်ခုံခါးပတ် ပတ်ထားခြင်း ရှိ၊ မရှိ 7Day Daily က မေးရာ ‘‘ခါးပတ် ပတ်မထားဘူး။ ပေ့ခ်ျ (ဝန်ကြီးချုပ် ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ) ဝင်ကြည့်လိုက်ပါ။ တိုက်တွန်းထား တယ်။ ရှေ့က နှစ်ယောက်က ခါးပတ်ပါတယ်။ ဝန်ကြီးချုပ်ကတော့ ခါးပတ်မပတ်မိဘူးပေါ့နော်။ အဲဒါကြောင့်မို့လို့ ပြည်သူတွေကို ခါးပတ်ပတ်ကြဖို့ ဆိုပြီးတော့ နှိုးဆော်ထားပါတယ်’’ ဟု ပြောသည်။

ဝန်ကြီးချုပ် မန်းဂျော်နီသည် ပုသိမ်မြို့မှ နေပြည်တော်သို့ အစည်းအဝေးတက်ရောက် ရန်ထွက်ခွာလာစဉ် ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာ မိုင်တိုင်အမှတ် (၂၃/၅-၂၃/၄)အရောက် မျက်နှာချင်းဆိုင်မှလာသော တက္ကစီတစ်စီးက ကုန်တင်ယာဉ်အား ကျော်တက်ရန် ခေါင်းပြူထွက်ပြီး ဝန်ကြီးချုပ်ယာဉ်ကို မြင်သည့်အတွက် ခေါင်းပြန်အသိမ်းတွင်နောက်မှလာသော ခရီးသည်တင်ယာဉ်က တက္ကစီကို တိုက်မိကာ တက္ကစီကလည်း ဝန်ကြီးချုပ်၏ကားခေါင်း လက်ဝဲဘက်ခြမ်းသို့ ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ ကား၏ညာဘက်နောက်ခန်းတွင် လိုက်ပါလာသော ဝန်ကြီးချုပ်သည် ကားရှေ့ခန်း ထိုင်ခုံနှင့် ဆောင့်မိကာ ၁၀ မိနစ် ခန့် သတိလစ်ခဲ့ကြောင်း ၀န်ကြီးချုပ်၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသား ထားသည်။ ထို့ပြင် ကားရှေ့ခန်း တွင် ထိုင်နေသူနှစ်ဦးစလုံး ခါး ပတ်ပတ်ထားပြီး ယာဉ်တိုက်မှုဖြစ်

ပွားချိန်ကားလေအိတ်များ ပွင့်လာ၍ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သောကြောင့် ယာဉ်မောင်းနှင်သူ၊ စီးနင်းသူအားလုံး ထိုင်ခုံခါးပတ် ပတ်ရန် အထူးသတိပေးနှိုးဆော် ပါသည်ဟု ရေးသားထားသည်။

နောက်ဆုံးရရှိသော သတင်း များအရ ဝန်ကြီးချုပ်၏ဒဏ်ရာ စိုး ရိမ်စရာမရှိတော့ဘဲ အာရုံကြော အနည်းငယ်သာ ထိခိုက်မိခြင်းဖြစ် ကာ ကိုယ်ခန္ဓာဒဏ်ရာအနာတရ မရှိတော့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ် စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်း ဌေးက ပြောသည်။ ယာဉ်တိုက်မှု ဖြစ်ပွားချိန်က ဝန်ကြီးချုပ်၏လက် နှစ်ဖက် လှုပ်ရှားမရ၍ ရန်ကုန် ဆေးရုံကြီးတွင် အရေးပေါ်ကုသ ခဲ့ရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်သည် နေပြည်တော်တွင် ပြုလုပ်မည့် အစည်းအဝေးအချို့သို့ မတက် ရောက်နိုင်တော့ပေ။

ရန်ကုန်တိုင်းနှင့် မန္တလေးတွင် မော်တော်ယာဉ်မောင်းနှင် သူများနှင့် စီးနင်းလိုက်ပါသူများ ထိုင်ခုံခါးပတ်မပတ်၍ အရေးယူမှု ကို ၂၀၁၇ ဇန်နဝါရီ ၁ ရက်က စတင်ပြီး အရေးယူသည့် နှစ်ရက်အတွင်း ယာဉ်အစီးရေ ၅၀ ကျော် ဖမ်းဆီးခဲ့ကြောင်း သိရ သည်။ယာဉ်မောင်းနှင်စဉ် ခါးပတ် မပတ်ထားသူများကို ဒဏ်ကြေး ငွေအဖြစ် ကျပ်သုံးသောင်းမှ ကျပ်သုံးသိန်းအထိ တရားရုံး၏အမိန့် အရ ကောက်ခံအရေးယူမည်ဖြစ် သည်။ ယာဉ်မတော်တဆမှုနှင့်ပတ် သက်၍ တာဝန်ရှိသော အမျိုးသား နှစ်ဦးကို အမှုဖွင့်အရေးယူထား ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Sources; 7 Day News Journal

No comments:

Post a Comment