Latest News

Saturday, January 7, 2017

မြန်မာ မှ မလေးရှား အစိုးရကို သင်္ဘောကိစ္စ တရားဝင် ပြောပြီ

မြန်မာ မှ မလေးရှား အစိုးရကို သင်္ဘောကိစ္စ တရားဝင် ပြောပြီ

မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာန မှ မလေးရှား ရှိ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများမှ အကူအညီများ ထောက်ပံ့ရန် စေလွှတ်မည်ဆိုသော သင်္ဘော ဆိုသည်ကို  အစိုးရ မှ တားမြစ်ပေးရန် ရန်ကုန်ရှိ မလေးရှား သံရုံး ကို တရားဝင် အကြောင်းကြားလိုက်ပြီ ဖြစ်ပါတယ်။

မိတ်ဆွေ အာဆီယံ နိုင်ငံများ၏ အကူအညီ ပေးမှုကို ကြို ဆိုသော်လည်း တရားဝင် သံတမန် လမ်းကြောင်းအရသာ ပြု လုပ်သင့်ပြီး အခုလို ခွင့်ပြု ချက် မရပဲ ၀င်လာမှုမျိုးကို တားမြစ်ပေးရန် ပြောဆိုလိုက်ပါတယ်။

မလေးရှား အစိုးရ.ဖက်ကတော့ တရားဝင် ပြန်လည် တုန့် ပြန်မှု မရှိသေးပါဘူး။

သို့သော်လည်း မလေးရှား သတင်းဌာန အဆိုအရ အဆိုပါ မစ်ရှင်တွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လူပေါင်း ၂၄၅ ဦး ပါဝင်မည် ဖြစ်ပြီး ထိုအထဲတွင် မလေးလူမျိုး ၁၅၀ ခန့် ပါဝင်မယ်လို့ ဆိုပါတယ်။ မြန်မာ ရေပိုင်နက်ကို ၀င်လို့ မရပါက ဘင်္ဂလားဒေ့ရှ် ကို သွားမယ်လို့ ဆိုနေပြန်ပါတယ်။

သီးခြား ဖြစ်စဉ်တရပ်အနေနဲ့ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး က ကိုဖီအာနန် နဲ့ တွေ့ ဆုံပြီး အခုလို အခြေအနေ မှာ နိုင်ငံတကာ က ဘာလုပ်ပေးသင့်လည်း ဆိုတာနဲ့ ပါတ်သက်ပြီး ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲ အပြီး မှာ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးက အာနန် ကော်မရှင် ကို အပြည့်အ၀ ထောက်ခံကြောင်း ထုတ်ဖေါ် ပြောကြားခဲ့တယ် လို့ ဆိုပါတယ်။

Sources; Brain Wave ဥာဏ်လှိုင်း

No comments:

Post a Comment