Latest News

Sunday, January 29, 2017

ဦးကိုနီလုပ်ကြံခံရခြင်းနှင့်ပတ်သက်၍ ဦးဝင်းထိန်နှင့်တွေ့ဆုံခြင်း

ဦးကိုနီလုပ်ကြံခံရခြင်းနှင့်ပတ်သက်၍ ဦးဝင်းထိန်နှင့်တွေ့ဆုံခြင်း

‘‘နိုင်ငံတော်ခေါင်းဆောင်တွေရဲ့ လုံခြုံရေးတိုးမြှင့်ပေးဖို့ အစိုးရကို တိုက်တွန်းဖို့ စိတ်ထဲမှာ ဆုံးဖြတ်ပြီးသားပါ’’

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ပြည်ပ ခရီးစဉ်တစ်ခုမှ မြန်မာနိုင်ငံ သို့ ဇန်န၀ါရီ ၂၉ ရက် ညနေက ပြန်ရောက်လာစဉ် ရန်ကုန်လေဆိပ် ၀င်ပေါက်အနီးတွင်သေနတ်သမား တစ်ဦး၏ အနီးကပ်ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရ သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်း ထိန်ကို ၎င်းနေထိုင်ရာ နေပြည် တော်စည်ပင်ဧည့်ရိပ်သာဝင်းအ တွင်းသို့ သတင်းမီဒီယာသမားများက ဇန်န၀ါရီ ၂၉ ရက် ညတွင် သွားရောက်မေးမြန်းထားသည် များမှ အချို့ကို ဖော်ပြလိုက်ပါ သည်။

ဦးကိုနီလုပ်ကြံခံရတဲ့ကိစ္စနဲ့ပတ် သက်ပြီး အရေးပေါ် အစည်းအ ဝေးလုပ်တယ်လို့ ကြားရပါတယ်။

မဟုတ်ပါဘူး။ ဒီလိုကိုယ်တို့ ကတော့ ဦးကိုနီက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုဥပဒေအ ထောက်အကူအဖွဲ့မှာပါတယ်။ ဥက္ကဋ္ဌက နာယကကြီး ဦးတင်ဦး၊ နောက် ဦးဉာဏ်ဝင်း၊ ဦးကိုနီ၊ နောက် ရှေ့နေကြီးဖြစ်တဲ့ ဦးထွန်း ထွန်းဟိန်တို့၊ ဦးအောင်ကြည်ညွန့် တို့ ပါတာပေါ့။

တောက်လျှောက် ဦးကိုနီရဲ့ ထူးခြားထင်ရှားချက်က အင်န်အယ်လ်ဒီ အမြို့မြို့အနယ် နယ်ရယ်၊ နောက်တစ်ခုက ရွေး ကောက်ပွဲပြီးတဲ့အခါမှာ အနိုင်ရတဲ့ အရွေးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဥပဒေနဲ့ ပတ် သက်ပြီး သင်တန်းတွေ ပေးတဲ့နေ ရာမှာ သူက အသင်အပြလည်း ကောင်းတယ်။ အပြောအဆို လည်းရှင်းတယ်။ အယူအဆ လည်းရှင်းတယ်။ သူ့ရဲ့ ထူးခြား ချက်က ကျွန်တော်တို့ ရည်မှန်း ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ရွေးကောက်ပွဲ ရည်မှန်းချက်မှာတော့ ပြင်ဆင် ရေးကို ဦးစားမပေးဘူး။ အသစ် ပြန်ရေးမယ်ဆိုတဲ့အချက်ကို အ မြဲတမ်းဦးစားပေး ပြောတဲ့အတွက်ကြောင့်မို့ နိုင်ငံရေးဝေါဟာရအရ ပြောမယ်ဆို သူက hard liner။ သို့သော် အခုကိစ္စကျတော့ ပြန် ကြားရေးဝန်ကြီးခေါင်းဆောင်တဲ့ ၂၁ ယောက်အဖွဲ့က အင်ဒိုနီးရှား သွားတယ်။ ဟိုမှာ ၁၀ ရက် လောက်နေပြီး ပြန်လာတယ်။

ပြန်တဲ့အခါမှာ လေဆိပ်ကနေခွဲပြီး ပြန်တဲ့အခါ သူတစ်ယောက် တည်းရွေးပြီးတော့ လုပ်ကြံခံရတယ်ဆိုတာ ထူးခြားတယ်။မြန်မာ ပြည်မှာ အင်မတန်ရှားပါးတဲ့ဖြစ် ရပ်ပဲ။ နောက်တစ်ခု နိုင်ငံရေးအ မြင်အရ ကြည့်မယ်ဆို စိတ်မ ကောင်းစရာလည်းဖြစ်တယ်။ စိုး ရိမ်စရာလည်းဖြစ်တယ်။ ဦးကိုနီဟာဆိုရင် ဥပဒေကြောင်းအရ အများကြီးအားကိုးရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရာနှုန်းပြည့်ထောက်ခံတဲ့ပုဂ္ဂိုလ်ဆို တော့ သူဒီလိုဖြစ်သွားတာကိုစိတ်လည်းမကောင်းဘူး။ အစားထိုးဖို့က အင်မတန်ခက်တဲ့ ပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ နှမြောလည်း နှမြောမိတယ်။ ဒါနဲ့ပတ်သက်လို့ ကတော့ ကျွန်တော်တို့ နိုင်ငံတော် ခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို တိုးမြှင့်ပေးဖို့ အစိုးရကို တိုက် တွန်းဖို့ စိတ်ထဲမှာ ဆုံးဖြတ်ပြီးသား ပါ။

ပြည်သူတွေကလည်း ဒီဖြစ်စဉ် ပေါ်မှာ လူမြင်ကွင်းရှေ့မှာဖြစ် သွားတာမို့ စိုးရိမ်ပူပန်မှုတွေရှိနေ ပါတယ်။ အဲဒီ အပေါ်မှာကော ဘာပြောချင်ပါသလဲ။

ကျွန်တော် ဗီဒီယိုတွေထဲမှာ ကြည့်တာ ဦးကိုနီက သူ့မြေးလေး ကို ချီထားတယ်။ သတ်တဲ့သူက ခေါင်းကို သေနတ်နဲ့ ချိန်တာ ဗီဒီယိုတက်လာတယ်ဆိုတော့ ဒါ တမင်သက်သက်ကြိုတင်ပြီး လုပ် ကြံတဲ့ကိစ္စလေ။ အဲဒီတော့ တမင် သက်သက်ကြိုတင်ပြီး လုပ်ကြံတဲ့ ကိစ္စကျတော့ လုံခြုံရေးရှုထောင့် က ကြည့်ရင် ကာကွယ်ဖို့ တော် တော်ခဲယဉ်းတယ်။ မတော်တဆ မှ မဟုတ်ဘဲနဲ့၊ နောက်ပြီးတော့ ၀ိုင်းဖမ်းတဲ့ပုဂ္ဂိုလ်တွေပါ အပစ်ခံ ရတယ်။ တစ်ယောက်ဆိုသေသွား တယ်။ အဲဒီလောက်ကြီးဆိုးတာ ပေါ့။

ဦးကိုနီဟာ ပါတီမှာ အရေးပါတဲ့ သူဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီအနေနဲ့ ဘာဆက်လုပ်သွားမှာလဲ။

ဦးကိုနီနဲ့ပတ်သက်ပြီး ဘာ တွေဆက်လက်စုံစမ်းသွားမလဲဆို တာက တရားဥပဒေကြောင်းအရ လုပ်ဖို့က သက်ဆိုင်ရာက လုပ်ပါ လိမ့်မယ်။ သူတို့လည်း အရေးတ ယူဆောင်ရွက်ပေးမယ်လို့ ယုံ ကြည်တယ်။

အဖွဲ့ချုပ်ရဲ့ မူလရည်ရွယ်ချက် ဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး ကကော ဦးကိုနီမရှိတဲ့အချိန်မှာ ဘယ်လိုဆက်ဖြစ်လာမှာလဲ။

သူမရှိတဲ့အချိန်မှာ ဒီရည် ရွယ်ချက်ကို ထိပါးမယ်လို့ လုံးဝမ ဖြစ်နိုင်ဘူး။

ဒီလုပ်ကြံမှုနဲ့ပတ်သက်ပြီး နောက် ကွယ်က ကြိုးကိုင်တဲ့သူတွေရှိနေ တယ်လို့ သုံးသပ်မိပါသလား။

ရှိနိုင်တယ်။ ဘာလို့လဲဆို တော့ ဗီဒီယိုမှာ ကြည့်လိုက်လို့ရှိ ရင် မြင်ကွင်းမှာ လုပ်တယ်ဆိုက တည်းက မုန်းလို့မဟုတ်ဘူး။ ကြို တင်စီစဉ်တာ။ ကြိုတင်စီစဉ်တာ ကလည်း ဖမ်းခံရတဲ့သူရဲ့ ရုပ်ပုံ ကြည့်ရတာ ဘာမှ ထူးထူးခြားခြား မတွေ့ရဘူး။ ကြေးစားဖြစ်ဖို့များ တယ်။ ကြေးစားဆို သူ့ကိုဘယ်သူ ခိုင်းလဲ၊ အဲဒါတော့ လုံခြုံရေးပိုင်း က ဆက်ပြီးစုံစမ်းရမှာပါ။

အဖွဲ့ချုပ်အနေနဲ့ ခေါင်းဆောင် တွေလုံခြုံရေးကို ဘာတွေထပ်ပြီး လုပ်ဖို့ရှိလဲ။

Sources: : 7Day News Journal

No comments:

Post a Comment