Latest News

Sunday, December 18, 2016

မန်စီးတီးကို ရှုံးနိမ့်ပြီးနောက် အဆင့်-၄ နေရာရောက်သွားတဲ့ အာဆင်နယ်

မန်စီးတီးကို ရှုံးနိမ့်ပြီးနောက် အဆင့်-၄ နေရာရောက်သွားတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းက ဦးဆောင်ဂိုးကို ထိန်းမထားနိုင်ခဲ့လို့ ဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။
     
တိုက်စစ်မှာ အဂူရိုမပါတဲ့မန်စီးတီးအသင်းက အီဟာနာချိုကိုလည်း ပွဲမထုတ်ခဲ့ပဲ ဒီဘရိုင်း၊ စတာလင်၊ ဆေးလ်ဗား၊ ဖာနန်ဒို၊ တိုယေးတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အာဆင်နယ်က ချိန်ဘာလိန်ကို အရန်မှာ ထားခဲ့ပြီး ဆန်းချက်ဇ်၊ အီဝိုဘီ၊ အိုဇေးလ်၊ ဝါးလ်ကော့တို့ကို တိုက်စစ်မှာ ပွဲထုတ်ခဲ့တာပါ။

ပွဲစပြီး ငါးမိနစ်အကြာမှာမှာပဲ အာဆင်နယ်အသင်း မထင်မှတ်ပဲ အဖွင့်ဂိုး ရသွားခဲ့ပါတယ်။ အာဆင်နယ်အသင်း တိုက်စစ်ဆင်လာချိန်မှာ ဆန်းချက်ဇ်က မန်စီးတီးကစားသမားနှစ်ဦးကြားထဲက ဖြတ်ပေးလိုက်တဲ့ဘောလုံးကို ဝဲလ်ကော့က အသာထိန်းပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

မထင်မှတ်ပဲ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာ မန်စီးတီးအသင်းဟာ ဆက်တိုက်ဖိကစားခဲ့ပြီး အာဆင်နယ်အသင်း ဂိုးဧရိယာအနားမှာ ဘောလုံးအပေးအယူလုပ်မှုတွေ အလွန်များပြားခဲ့ပါတယ်။ ဒီဘရိုင်းအလိမ်အခေါက်တွေ၊ အပေးအယူပြုလုပ်မှုတွေက တဆင့် အာဆင်နယ်အသင်းဘက်ကို မန်စီးတီးချေပဂိုးပြန်ရဖို့ ကြိုးပမ်းပေမယ့် ၃၄ မိနစ်မှာ ဆာနေးထိုးဖောက်လာမှုကို အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် ဟန့်တားရာကတဆင့် လဲကျသွားခဲ့လို့ အိမ်ရှင်အသင်းဘက်က ပင်နယ်တီ တောင်းခဲ့ပါသေးတယ်။

ဒုတိယပိုင်းမှာ မန်စီးတီးအသင်းဘက်က ဇာဘလက်တာအစား ဆက်ဂ်နာဝင်ရောက်လာပါတယ်။ ဒုတိယပိုင်း ပြန်စပြီး နှစ်မိနစ် အကြာမှာပဲ မန်စီးတီးအသင်းချေပဂိုး ပြန်ရခဲ့ပါတယ်။ မန်စီးတီးကစားသမား ဆေးလ်ဗားက အာဆင်နယ်ခံစစ်တန်းကို ကျော်ပြီး ဘောလုံးမပေးလိုက်တာကို ဆာနေးက အချိန်ကိုက်ပြေးကာ ကန်သွင်းယူလိုက်တာ ဖြစ်ပါတယ်။

၇၁ မိနစ်မှာ မန်စီးတီးအသင်းက ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ဒီဘရိုင်းက အာဆင်နယ်အသင်းဂိုးပေါက်ဘက် ညာခြမ်းကို ဘောလုံးကန်တင်ပေးလိုက်တာမှာ စတာလင်ဘောလုံးပြေးယူပြီး ဂိုးဧရိယာထဲ ဆွဲဝင်လာခဲ့တာပါ။ အာဆင်နယ် ကစားသမားနှစ်ဦးကို ခြေယောင်ပြကာ ဂိုးဧရိယာအတွင်းကပဲ သွင်းယူလိုက်တာ ဖြစ်ပါတယ်။

အဲဒီနောက်အာဆင်နယ်ဘက်က တိုက်စစ်မှူး ဂျီရုဒ် ဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ဂိုးထပ်မသွင်းနိုင်ကြတော့လို့ လီဗာပူးပွဲမတိုင်ခင်မန်စီးတီးက အဆင့်-၂ နေရာတက်သွားပြီး အာဆင်နယ်က အဆင့်-၄ နေရာ ရောက်သွားပါတယ်။

Sources : Duwun

No comments:

Post a Comment