ဇွန်-၄၊ ဧရာဝတီ
မြန်အောင်မြို့နယ်၊ မြစ်ကျိုးအုပ်စု၊ မာလကာကုန်းကျေးရွာရှိ ရောင်နီအရက်ချက်စက်ရုံသို့
ညနေ၅နာရီခွဲအချိန်တွင်လျှပ်စစ်၊စွမ်းအင်၊စက်မှုလက်မှုနှင့်လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးနှင့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့သွားရောက်ကြည့်ရှုကြပြီး
စက်ရုံ၏စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ပြည်သူများခံစားနေရသည့်ဒုက္ခများ
ဆက်လက်မဖြစ်အောင် လိုအပ်သည်များကိုအမြန်ဆုံးဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ်ဦးမန်းဂျော်နီမြန်အောင်သို့ ဝင်ရောက်ခဲ့စဉ်ကလည်း
သက်ဆိုင်ရာကိုယ်စားလှယ်များမှ ၀င်ရောက်ကြည့်ရှုရန်ပြောဆို၍ ၀င်ရောက်စစ်ဆေးခဲ့ပြီး"
မြန်အောင်မြို့အဝင်ကအရက်ချက်စက်ရုံကိုသက်ဆိုင်ရာကိုယ်စားလှယ်တွေက
ဝင်ကြည့်ပေးပါဆိုလို့ဝင်ကြည့်တော့တော်တော်စိတ်ပျက်သွားတယ်
စက်ရုံကအကြီးကြီးနံဆော်နေတာပဲဒီမအိုဆေးစက်ရုံကြီးကိုလွှတ်တော်ကိုယ်စားလှယ်တွေကတဆင့်
လုပ်ဆောင်ပေးဖို့တောင်းဆိုကြပါ" ပြောဆိုသွားကြောင်းသိရသည်။
Credit to Hits Chone
No comments:
Post a Comment