ဖထီး ဦးမန်းဂျော်နီ ခင်ဗျာ
အရှုပ်တွေကို ရှင်းဖို့ လက်ငင်း မအားနိုင်ဘူးဆိုတာ နားလည်သော်လည်းပဲ ပြည်သူ့ရင်ဖွင်သံတခုမို့ တင်ပေးလိုက်ပါတယ်။
သို့
ဦးနေမျိုးဇင်ခင်ဗျာ။ ။
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်အထောင်မြို့ ကမ်းနာမဲဇလီကျေးရွာနှင့် ကန်ကလေးကျေးရွာ ကိုဖြတ်သန်းစီးဆင်းပီး ငဝန်မြစ်အတွင်းသို့စီးဝင်သော(ဒကချောင်း)တည်ရှိပါသည်။ထိုချောင်းကိုဖြတ်၍ကျေးရွာနှစ်ခုကိုဆက်သွယ်ထားသောဘောတံတား ဟာဖြတ်သန်းခအလွန်တောင်းခံပါသည်။ လူကြီးတစ်ဦးကို ၂၅၀ ခလေး၁၀၀ ထော်လာဂျီး အသွားအပြန်၁၅၀၀ ပေးဆောင်နေရပါသည်။ ကမ်နားမဲဇာလီကျေးရွာဘက်တွင် အထက်တန်းကျောင်းတည်ရှိပါသည်။ထိုဘောတံတားကိုကျေးရွာမှ ပေးဆောင်နေရသောအခွန်အခမှ နှစ်ပေါင်းများစွာရှိ၍ ထိုသို့ပေးဆောင်နေရပါသော်လည်း ကျေးရွာဖွံ့ဖြိုးသင့်သည်မှာ အမှန်ပင်ကြာသင့်ပါသည်။
တံတားဖြတ်သန်းခမှာ အလွန်ပင်များပြားသောကြောင့် ကျေးရွာနေကျေးလတ်ပြည်သူများ ဒေသခံများ
အပေါ်အခက်အခဲ ဖြစ်နေပါသည်။ထိုအပြင် ကမ်းနားမဲ့ဇလီကျေးရွာတွင်အထက်တန်း ကျောင်းဖွင့်လှစ်ထားသဖြင့်ကျောင်းသားကျောင်းသူများလှေငယ်လေးဖြင့်ချောင်းရေတက်ချိန်
ဖြစ်၍ရေပြင်ကိုကူးခတ်နေကြသည်မှာမြင်သူအဖို့ စိတ်မအေးနိုင်ပါ။ခေတ်စနစ်နှင့် မညီပဲဖြတ်သန်းခကောက်ခံခြင်းဖြစ်သည်။မိုးရာသီတွင်လည်းမိမိကိုယ်ပိုင်လှေဖြင့်ထိုချောင်းကိုကူးခွင့်မပေးပဲ ထိုဆိပ်ခံဘောတံတားပိုင်ရှင်ကသာကူးတို့လှေဖြင့်တစ်ယောက်တစ်ရာ ဖြင့်ကူးပေးပါသည်။ပေ၈၀လောက်သာရှိသောချောင်းကို ကျန်းမာရေးအကြောင်းကြောင့်သော်၎င်းအခြားအရေးပေါ်ကိစ္စရပ်များအလျင်အမြန်မကူးနိုင်ပါ။ည၆နာရီ
မနက်၆နာရီအတွင်းသာကူးခေတ်နိုင်ပီး ထိုချောင်းကိုဖြတ်၍ကျောင်းသားများသည်လည်းထိုတံတားမှဖြတ်သန်းသည့်အခါ အခကြေးငွေပေးဆောင်နေရသည်မှာလည်းမဖြစ်သင့်သည်ကိစ္စဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်သူဘက်တော်သားဦးနေမျိုးဇင် အားကူညီဆောင်ရွက်ပေးပါရန်မေတ္တာရပ်ခံတင်ပြအပ်ပါ
သည်။
Nay Myo Zin
No comments:
Post a Comment