Latest News

Wednesday, May 18, 2016

ဟင်္သတမြို့ နယ်၊သုံးခွအနောက်ကျေးရွာနေ ကလေးမိခင်တစ်ဦး အကြမ်းဖက်ရိုက်နှက်ခြင်းခံရ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ် တံတားဦးအုပ်စုသုံးခွအနောက်ကျေးရွာနေအဖ ဦးနိုင်ဦး၏
သမီးဖြစ်သူမသီတာဦး အား တစ်ရွာတည်းနေဦးဖိုးတု၏သား ကုလားလေးခေါ်ကိုနေလင်းထိုက်မှ ဆင်မီးတူးဝါးရင်းတုတ်ဖြင့်ရိုက်နှက်ခဲ့ကြောင်းသိရပါသည်။
အဆိုပါကျူးလွန်သူမှာနေ့စဉ်အရက်သောက်စားမူးရစ်နေပြီးနိမ္ဗာန်ရဲစခန်းတွင်လည်းရိုက်နှက်ရမ်းကားမှု
များဖြင့် ရဲခံဝန်များဖြင့်ပြုလုပ်ထားသူတစ်ဦးဖြစ်ကြောင်းသိရပါသည်။
ရိုက်နှက်ခံရသူအမျိုးသမီးမှာကလေးမိခင်တစ်ဦးဖြစ်ပြီးညီအစ်မတော်စပ်သူတစ်ဦးနှင့်ကုလားထိုင်တွင်
ထိုင်ပြီးစကားပြောနေစဉ်တဖက်သတ်အကြမ်းဖက်ရိုက်ခြင်းခံခဲ့ရကြောင်းသိရပါသည်။
နိမ္ဗာန်ရဲစခန်းတွင်အမှုဖွင့်တိုင်ကြားထားကြောင်းသိရပြီ ယခုအချိန်အထိ (18:31) ဖမ်းဆီးအရေးယူခြင်း
မရှိသေးကြောင်းကာယကံရှင်များထံမှသိရပါသည်။
သတင်းဓာတ်ပုံ-Reddish Rose 
18 . 5 . 2016



No comments:

Post a Comment