Latest News

Monday, February 5, 2018

ဖျာပုံ-ဘိုကလေး အဝေးပြေး ကားလမ်းမကြီးဘေးရှိ အလုံပိတ်တဲအိမ်များ

ဖျာပုံ-ဘိုကလေး အဝေးပြေး ကားလမ်းမကြီးဘေးရှိ အလုံပိတ်တဲအိမ်များ

အလုံပိတ်တဲအိမ်များအား ကြပ်မတ်ပေးစေလို
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ် ကျုံကူကျေးရွာမှ ငါးဖာလုံခန့်အကွာ ညောင်တပင်သုသာန်ရှေ့ ဖျာပုံ-ဘိုကလေးအဝေးပြေးကားလမ်းမကြီးဘေးရှိ ခြံဝင်း တစ်ခုအတွင်း အလုံပိတ်တဲအိမ်များ တည်ဆောက်ထားပြီး အခကြေးငွေယူ၍ စီးပွားဖြစ် ငှားရမ်းအသုံးပြုနေ၍ လူကြီး၊ လူငယ်များအတွက် အမြင်မသင့်ဖွယ်ဖြစ်လျက် ရှိရာ လူငယ် လူရွယ်၊ ကျောင်းသား ကျောင်းသူများ အတုယူမှားမည်ကို မိဘပြည်သူများ စိုးရိမ်နေသည်။ သို့ပါ၍ အဆိုပါ အလုံပိတ်တဲများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါရန် ဒေသခံများ လိုလားလျက်ရှိကြသည်။

''ဒီအလုံပိတ်တဲလေးတွေ ဖွင့်လှစ်ငှားရမ်းအသုံးပြုနေတာက နှစ်နှစ် ကျော်ခန့် ရှိနေပါပြီ၊ ဒီတဲလေးတွေကို ဖျာပုံမြို့နဲ့ ကျုံကူကျေးရွာ ပတ်ဝန်းကျင်မှာရှိတဲ့ လူငယ် လူရွယ်၊ စုံတွဲတွေ အချိန်ပိုင်းလာရောက် တည်းခိုနေကြတာပါ၊ သူတို့တွေက အရက် သေစာတွေ ဝယ်ယူလာပြီး သောက်စားတဲ့အပြင် စုံတွဲတွေလည်း လာတာတွေ့ရတယ်၊ ဒါ့အပြင် မူးယစ်ဆေးဝါး သုံးစွဲမှုတွေလည်း ရှိနေတာမို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက လူငယ် လူရွယ်များ လမ်းမှားမရောက်စေရေး အမြန်ဆုံးကြပ်မတ်ရှင်းလင်း ပေးသင့်ပါ တယ်'' ဟု ဒေသခံတစ်ဦးက ပြောသည်။
ချမ်းသာ(Myanmaalinn)

No comments:

Post a Comment