Latest News

Tuesday, February 6, 2018

ရန်ကုန်အခြေစိုက်ရိုက်တာသတင်းဌာန မှ သတင်းထောက် နှစ်​ဦးရုံးထုတ်

ရန်ကုန်အခြေစိုက်ရိုက်တာသတင်းဌာန မှ သတင်းထောက် နှစ်​ဦးရုံးထုတ်

ရန်ကုန်  ဖေဖေါ်ဝါရီ  ၆

မြန်မာနိုင်ငံ  အစိုးရလျှို့ဝှက်ချက်  အက်ဥပဒေ  ဖြင့်  ဖမ်းဆီးခံထားရသော  ရန်ကုန်အခြေစိုက်ရိုက်တာသတင်းဌာန မှ သတင်းထောက်များဖြစ်သည့်  သက်ဦးမောင်(ခ)ဝလုံး နှင့် ကျော်စိုးဦး(ခ)မိုးအောင်  တို့ကို ယနေ့  နံနက် (၁၀)နာရီ က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးသို့  ရုံးထုတ်ခဲ့ပြီး  တရားလိုပြသက်သေတစ်ဦးစစ်ဆေးမှု ပြု လုပ်ခဲ့ကြောင်း အဆိုပါ တရားရုံးမှသိရသည်။

ယနေ့စစ်ဆေးမှု နှင့်ပတ်သက်ပြီး  ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး  သတင်းနှင့်ပြန်ကြားရေးအရာရှိ  ဒုတိယခရိုင်တရားသူကြီး  ဒေါ်စုစန္ဒာဝင်း  က "ဒီကနေ့  ကျွန်မတို့တရားရုံး ကို စွဲဆိုတင်ပို့တဲ့၂၀၁၈ ခုနှစ် ရာဇဝတ်ကြီးအမှု အမှတ်(၄)တရားလို  ဒုတိယရဲမှူးကြီး ယုနိုင် |
တရားခံ  သက်ဦးမောင်(ခ)ဝလုံး  ပါ-၂   မြန်မာနိုင်ငံ  အစိုးရ လျှို့ဝှက်ချက်များ  အက်ဥပဒေပုဒ်မ၃(၁)(ဂ)  စွဲဆိုမှု အရ တရားလိုပြသက်သေ မင်္ဂလာဒုံမြို့နယ်  ထောက်ကြန့်နယ်မြေရဲတပ်ဖွဲ့စခန်း က နယ်ထိန်းရဲအရာရှိ  ဒု-ရဲအုပ် တင်ထွေးဦး  ကိုစစ်ဆေးပါတယ် ဒီအမှု မှာ တရားလိုပြသက်သေ(၂၅)ဦးတင်ပြထားတာဖြစ်လို့  ရုံးချိန်းသုံးချိန်းသက်သေသုံးဦးစစ်ဆေးပြီးပါပြီး   ကျန်  ၂၂ ဦးထဲက အမှု လိုက်ဥပဒေအရာရှိ   ရဲ့တင်ပြတဲ့ သက်သေအရေအတွက်အပေါ်မှာ   စစ်ဆေး ဘို့(၁၄-၂-၂၀၁၈)ရက် ဗုဒ္ဓဟူး နေ့ကို ချိန်းဆိုထားပါတယ်"ဟု သတင်းမီဒီယာများအားရှင်းလင်းပြောကြားသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)မြန်​မာ့အလင်း

No comments:

Post a Comment