Latest News

Thursday, November 2, 2017

စစ်တွေနဲ့ ရသေ့တောင် ဘုန်းတော်ကြီးကျောင်းတွေကိုရောက်တဲ့အခါ ဆရာတော်ကြီးတွေရဲ့ ဩဝါဒက တူညီနေတာကို ထူးခြားစွာတွေ့ရ

စစ်တွေနဲ့ ရသေ့တောင် ဘုန်းတော်ကြီးကျောင်းတွေကိုရောက်တဲ့အခါ ဆရာတော်ကြီးတွေရဲ့ ဩဝါဒက တူညီနေတာကို ထူးခြားစွာတွေ့ရ

မောင်တော နိုဝင်ဘာ ၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်သို့ရောက်ရှိပြီး မြို့နယ်သံဃနာယက အဖွဲ့ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ယခုခရီးစဉ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား သတင်းအ¸ကတွေ့ဆုံမေးမြန်း ထားသည်-

မေး။ ယခုလာရောက်တဲ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ပြောပြပေးစေလိုပါတယ်။

ဖြေ။ အခုခရီးစဉ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးစီးပြီး ဆောင်ရွက်နေတဲ့ လုပ်ငန်းအစီအမံတွေကို စစ်တွေ မြို့မှာရှိတဲ့ ပြည်နယ် သံဃနာယက ဆရာတော်ကြီးတွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး စတဲ့မြို့နယ်တွေမှာရှိတဲ့ ဆရာတော် သံဃာတော် တွေကို အသိပေးလျှောက်ထားဖို့နဲ့ ဩဝါဒခံယူဖို့ မှာကြား တာဝန်ပေးလို့ ဒီခရီးစဉ်ဖြစ်လာတာဖြစ်ပါတယ်။

မေး။ ဆရာတော်ကြီးတွေရဲ့ မိန့်ကြားချက်တွေနဲ့ စပ်လျဉ်းပြီးပြောပြပေးစေလိုပါတယ်။

ဖြေ။ မနေ့က စစ်တွေမြို့မှာလုပ်တဲ့ ဩဝါဒခံယူပွဲမှာ သာသနာ ရေးဆိုင်ရာတွေ လျှောက်ထားပြီးတဲ့အပြင် ကျောင်း တွေမှာပူဇော်ဖို့ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တွေကို လှူဒါန်း ခဲ့ပါတယ်။ သက်ကြီးဝါကြီး ဆရာတော်ကြီးတွေကိုလည်း ဆေးပဒေသာပင် လှူဒါန်းခဲ့ပါတယ်၊ ဆရာတော် သံဃာတော် ကြီးတွေက လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါတယ်၊ စစ်တွေ နဲ့ ရသေ့တောင် ဘုန်းတော်ကြီး ကျောင်းတွေ ကိုရောက်တဲ့အခါ ဆရာတော်ကြီးတွေရဲ့ ဩဝါဒက တူညီနေတာကို ထူးခြားစွာ တွေ့ရပါတယ်။

သဘောကတော့ အမျိုးသားရေး ခံစားချက်အတူတူပဲ ဆိုတာ ပြောချင်တာပါ၊ ဩဝါဒတွေထဲက နံပါတ်တစ် အချက် ကတော့ တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့သူတွေကို ပြန်လည် လက်ခံရာမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ကိုက်ညီ ရမယ်၊ နောက်တစ်ချက်က ၁၉၉၃ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့ကိုက်ညီဖို့နဲ့ အထောက်အထား ခိုင်လုံမှသာ ပြန်လက်ခံဖို့ဆိုတဲ့ ဩဝါဒတွေ ပေးခဲ့ပါတယ်။

နောက်တစ်ချက်က နယ်စပ်ခြံစည်းရိုး ကာရံဖို့ဆိုရာ မှာ ယခင် ကာသွားတဲ့ခြံစည်းရိုးအဟောင်းက မခိုင်မခံ့ဖြစ် နေ ပါတယ်၊ လူတွေလည်း ဥဒဟိုဖြတ်သန်းနေကြတယ်လို့ ဆရာ တော်ကြီးတွေက မိန့်ကြားပါတယ်။
အခု မြန်မာနိုင်ငံ မောင်တောနယ်စပ်ခြံစည်းရိုးကို နိုင်ငံတော်ကနေ ငွေကျပ်ကျပ်ဘီလီယံပေါင်း ၆၀ (ကျပ်ကျပ်သန်းပေါင်း ခြောက်သောင်း) အကုန်အကျခံ တည်ဆောက်မယ်လို့ဆို တယ်၊ ဒီလိုကျပ်ကျပ်သန်း ပေါင်းများစွာ အကုန်အကျခံပြီး တည် ဆောက်ရာမှာ ပလိုင်းပေါက်နဲ့ ဖားကောက်သလိုမဖြစ်ဖို့ အရေးကြီး တယ် ဆိုတဲ့အကြောင်း၊ ပြည်သှူဘဏ္ဍာငွေတွေ ကုန်သလောက် ခိုင်ခံ့ကောင်းမွန်တဲ့ ခြံစည်းရိုးဖြစ်ဖို့ လိုတယ် ဆိုတဲ့အကြောင်း၊ ဆောက်ထားပြီးတဲ့ ခြံစည်းရိုးကိုလည်း ပြည်နယ်အစိုးရအဖွဲ့နဲ့အတူ အင်ဂျင်နီယာ ပညာရှင်တွေပါ ပါဝင်တဲ့အဖွဲ့က စစ်ဆေးကြပ်မတ်ပြီး သဘောတူလက်ခံမှ အတည်ပြုဖို့ မှာကြားပါတယ်။
နောက်တစ်ချက်က ခြံစည်းရိုးတစ်ခုတည်းသာမက ပင်လယ်ပြင်ဘက် ပင်လယ်ကမ်းရိုးတန်းဘက်ကနေ လုံခြုံရေး စောင့်ကြပ်ဖို့ အရေးကြီးတယ်ဆိုတဲ့အကြောင်း မှာကြားပါတယ်၊ နောက် ကုလသမဂ္ဂအဖွဲ့ အစည်းတွေက ပြည်ပအကူအညီတွေ ပေးတဲ့အခါမှာ သူတို့သဘောအတိုင်း မပေးစေလိုကြောင်း၊ ပြည်နယ် အစိုးရရဲ့ ကြီးကြပ်မှု၊ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ကွပ်ကဲမှုတွေနဲ့ ပေးမှသာ မျှမျှတတ ဖြစ်မှာဖြစ် ကြောင်း၊ ဒီလိုမှ မလုပ်ရင် တိုင်းရင်းသားတွေဘက်မှာ လုံးဝမရတာမျိုးရှိ ကြောင်း၊ မျှမျှတတပေး ဖို့လိုတယ်ဆိုတဲ့အကြောင်းတွေ ကို အဓိကထားပြောကြားပါတယ်။

ဟုတ်ကဲ့။  အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား။
တွေ့ဆုံမေးမြန်း- အောင်ကျော်ဦး၊ ဓာတ်ပုံ- ဟန်လင်းနိုင်
ပြန်/ဆက်

No comments:

Post a Comment