Latest News

Friday, October 20, 2017

Political Analysis Paper (အပိုင်း - ၂)


Political Analysis Paper (အပိုင်း - ၂)

The effectiveness of the Political Disaster

၁. နိုင်ငံရေးဟာ ရှုပ်ထွေးတယ်၊ ကျယ်ပြန့်တယ်၊ နက်နဲတယ် ဆိုပေသည့် ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးရဲ့ စံတန်ဖိုးဟာ စကားလုံးအနေနဲ့ တစ်ခုဘဲရှိပါတယ်။
ရိုးသားဖြောင့်မတ်မှု - Sincerity, Righteousness

ရိုးသားမှု - နိုင်ငံရေးမှာ ရိုးသားရမယ်လို့ ရှေးလူကြီးတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ စာရေးဆရာကြီးတွေက ကျွန်တော်တို့ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက အမြဲတမ်းဆုံးမ လမ်းညွှန်ပေးထားပြီးဖြစ်ပါတယ်ဗျာ။

၂. ပြီးခဲ့တဲ့ အပိုင်း(၁) မှာ တိုင်းပြည်ရဲ့ ဖယိုဖရဲ ကသောင်းကနင်း ဖြစ်မှုတွေအပေါ် အကြောင်းရင်းကိုရှာဖွေခဲ့တဲ့အခါမှာ ” ငါ ” ဆိုတဲ့ အတ္တဖက်မှု ကိုယ်ကျိုးစီးပွါးအပေါ်ကာကွယ်ဦးထိပ်ထားမှု သဘောတရားကို ဖေါ်ပြခဲ့ပါတယ်။

ကျွန်တော့်အနေဖြင့် Non – Aligned ဘက်မလိုက်ကြားနေ၀ါဒရှုထောင့် ကနေ ကြည့်ခြင်းမဟုတ်ပါ။ Lobbyist တစ်ယောက်လည်းမဟုတ်ပါဘူးဗျာ။ နိုင်ငံသားတစ်ယောက်အနေနဲ့ဘဲ ကြည့်ပါတယ်။

လွတ်လွတ်လပ်လပ်ကြည့်ပါတယ်၊ တိုင်းပြည်အပေါ်စွဲတဲ့ အစွဲကလွဲလို့ အာဃတစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အာဏာစွဲ၊ အဖွဲ့အစည်းအစွဲ၊ ချစ်ခြင်း/မုန်းခြင်းဒွန်တွဲမှုအစွဲ စသည့် အစွဲကင်းနိုင်သမျှကင်းအောင်ကြည့်ပြီး စူးစမ်းလေ့လာခဲ့ပါသည်ဗျာ။

၃. တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေလိုမှုဆိုတဲ့ ရှုထောင့်ကနေကြည့်တဲ့အခါမှာ သာမညလက္ခဏာအရ စဉ်းစားဆင်ခြင်တုံ့တရားအသိဥာဏ်ရှိတဲ့ လူ့အဖွဲ့အစည်းတရပ်အနေဖြင့် တပြေးညီကြည့်တဲ့အခါမှာ ချစ်ခြင်း/မုန်းခြင်း သံသယအမြင်လျော့ပါးသွားမှာပါ။ တဖန် တိုင်းပြည်ခေါင်းဆောင် အသီးသီးတို့၏ ပညာဂုဏ် ရာထူးဂုဏ် လုပ်ပိုင်ခွင့်အာဏာတို့အပေါ် အခြေခံ၍ထူးခြားလေးနက်တဲ့ ခေါင်းဆောင်အသီးသီးတို့၏ ၀ိသေသလက္ခဏာရှုထောင့်ကနေကြည့်ပါတယ်။ ဒီလိုကြည့်ခြင်းအားဖြင့် ချစ်ခြင်း/မုန်းခြင်း အစွန်းများလျော့နည်းသွားသည့်နှင့်အတူ ယုတ္တိဗေဒအမြင်ဘက်ကို ပိုမိုအားသန်စေသည့်အတွက် ဖြစ်ပေါ်နေသည့် အခြေအနေတွေအပေါ် Theory နှင့် Practicability အရ နှိုင်းယှဉ် ချိန်ဆနိုင်မှာပါ။ သို့သော် ယူဆချက်တွေဟာ အမှားမကင်းနိုင်ပါဘူးဗျာ။
Negative effect တွေလည်းရှိနိုင်သလို Positive effect တွေလည်းရှိနိုင်ပါတယ်။

၎. တခါတလေမှာ အခြေအနေတရပ်ကို အဖြေထုတ်နိုင်ဖို့အတွက် ပြောင်းပြန် ပြန်စဉ်းစားရတဲ့အခြေအနေတွေရှိတက်ပါတယ်။

ဆိုကြပါစို့ -
၂၀၂၅ ခုနှစ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို စိတ်ကူးဖြင့် လှမ်းကြည့်လိုက်တယ် အဲဒီလိုကြည့်တဲ့အခါမှာ ကိုယ်ချစ်တဲ့သူတွေဆိုတဲ့ အစွဲဖြင့် ကြည့်ရအောင်ပါ - ဤသို့ကြည့်ခြင်းမှာ အနာဂတ်မှာ ကိုယ်ချစ်တဲ့သူတွေကို ခေါင်းဆောင်အနေဖြင့် အမြဲထာဝရ ပါစေချင်တယ် ရှိစေချင်တယ်ဆိုတဲ့သဘောပါ။

သို့သော် ခေါင်းဆောင်တွေဆိုတာ လူသားတွေပါ နတ်ဒေ၀ါတွေ မဟုတ် ပါဘူး အိုရမှာပါ နာရအုံးမှာပါ ခေါင်းဆောင်ဆိုတာ နိုင်ငံဝန်ထမ်း တစ်ယောက်ပါ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရနေတာပါ ရာထူးအဆောင်အယောင်တွေကို ဖယ်လိုက်ရင် တနိုင်ငံလုံးဒုက္ခကို ခေါင်းခံရတဲ့သူပါ။ ပြီးခဲ့တဲ့ကိစ္စကိုကြည့်ရင် လောကဓံတို့ရဲ့လှည့်စားတက်တဲ့ သဘော ဒီအချက်ပေါ်လွင်မှာပါ။

၅. ထို့ကြောင့် ကျွန်တော်တို့တတွေဟာ ဖြစ်နေတဲ့ ပြဿနာအရပ်ရပ်တို့ကို ခေါင်းဆောင်တွေရဲ့ အပေါ်မှာချည်းဘဲ ဒီဖက်ကိုပုံမရရင် ဟိုဖက်ကိုပုံ ဟိုဖက်ကိုပုံလို့မရရင် ဒီဖက်ကိုပုံ ဒီလိုသာ ဟိုပုံဒီပုံ ပုံအပ်ထားမယ်ဆိုရင် ဒါကို တရားတယ်လို့ ခေါ်လို့မရပါဘူး။ အားလုံးမှာ ခေါင်းဆောင်မှုဆိုတဲ့ တာဝန်ကိုယ်စီရှိကြပါတယ်။

အဲဒီတာဝန်ကိုယ်စီကလည်း ခေါင်းဆောင်အသီးသီးတို့အပေါ် ထောက်ခံကြောင်းပြသရတဲ့ အလုပ်ကို ဆိုလိုတာမဟုတ်ပါဘူး။ (ပြတဲ့အခါလည်း ပြကြတာပေါ့ခင်ဗျာ) များသောအားဖြင့်က ထောက်ခံတယ်လို့ပြောလိုက်ရင် တော်တော့်ကိုဟုတ်နေပြီလို့ ထင်နေတာတွေလည်းရှိပါတယ်။ ခေါင်းဆောင်အတွက် ခွန်အားတွေဖြစ်စေမယ်ပေါ့။ အဲဒီလို တသတ်မှတ်တည်း ယုံကြည်ထားလို့လည်းမရပါဘူး နိုင်ငံရေးသဘောဖြင့်ကြည့်ရမှာပါ သူရင်ဆိုင်နေရတဲ့ အခြေအနေတွေအပေါ်မူတည်ပြီး သိမ်သိမ်မွှေ့မွှေ့သွားနေရတဲ့အခါမျိုးမှာ သူ့အတွက် ရှေ့ခြေလှမ်းဟာ ခက်ခဲနိုင်တယ်၊ အန္တရာယ်ရှိနိုင်ပါတယ်။ များသောအားဖြင့် Campaign တွေအတော်တော်များများဟာ နိုင်ငံရေးမဟာဗျူဟာ အခင်းအကျင်းမျိုး မဟုတ်ဘဲ ချစ်ခြင်း/မုန်းခြင်း ဒွန်တွဲမှုနဲ့ လုပ်ကြတာဖြစ်လို့ တခါတခါမှာ Negative Effects သက်ရောက်စေတက်ပါတယ်။ အကောင်းဆုံးကတော့ ခေါင်းဆောင်ရဲ့ လမ်းညွှန်ချက်တွေကို တသွေမသိမ်းလိုက်နာဆောင်ရွက် သွားဖို့သာဖြစ်ပါတယ်။

၆. ခေါင်းဆောင်မရှိရင် ဘယ်လိုလုပ်ကြမလဲပေါ့..ဒီမေးခွန်းဟာ အာဏာရပါတီအတွက် အရေးကြီးတဲ့မေးခွန်းတရပ်ဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ပြီးနောက် ၁၉၄၈ ကနေ ၁၉၅၈ (၁၀) နှစ် ဆိုတဲ့ အတိုင်းအတာအခြေအနေကို ပြန်လည်သုံးသပ်ကြည့်ဖို့လိုမှာပါ။ ဖဆပလ ကွဲပါတယ်။ အဲဒီကစလိုက်တဲ့အစဟာ ဒီကနေ့ထိဘဲ ဆိုတာလည်းမမေ့ပါနဲ့အုံးပေါ့။

(၂၀၁၈ - ၂၀၂၅ ) = (၇) နှစ်သာ ကွာဟပါတယ်။

သိပ်ကြာလှတဲ့အချိန်တော့မဟုတ်ပါဘူး သို့သော် ခန့်မှန်းလို့မရနိုင်လောက်တဲ့ ပြဿနာအကျပ်အတည်းတွေရှိနေပါတယ်ဗျာ။ သေချာတာကတော့ (၂၀၂၅) မှာ လက်ရှိ ထိပ်တန်းခေါင်းဆောင်တွေထဲက အချို့တ၀က် ဟာ ဆက်လက်ပါလာနိုင်လိမ့်မယ်လို့ မထင်ပါဘူး။ အတက်(၁)နှစ်ဟာ သိပ်မသိသာပေသည့် အကျ တစ်နှစ်က သိပ်သိသာပါတယ်။ လောကဓံရဲ့ လှည့်ကွက်တွေဟာ အင်မတန်ကြောက်စရာကောင်းပါတယ်။ ထို့ကြောင့် ပြင်ဆင်ရပါလိမ့်မယ်။

၇. ကျွန်တော်တို့ဟာ (၂၀၁၈ - ၂၀၂၅ ) ခုနှစ်အတွင်းမှာ အနည်းဆုံး အောက်ဖေါ်ပြပါအချက် (၆) ချက်ကို ရင်ဆိုင်နေကြရပြီး ကျော်ဖြတ်နိုင်အောင် အားထုတ်ကြိုးပမ်းကြရမှာပါ။

1. Constitutional Crisis
၂၀၁၇ - ၂၀၂၀ - ၂၀၂၅ ထိကို လက်ရှိအခြေအနေအတိုင်း No Cooperative, No or Lower Constructive Engagement Positions နဲ့ ဆက်သွားမယ်ဆိုရင် လက်ရှိ အခြေအနေအတိုင်းမှာဘဲ ရှိနေမယ်ဆိုတဲ့ အဖြေထွက်ပါတယ်။
အကြောင်းက Constitution ကြောင့်ပါ။ သဘောကတော့ Constitution ကို ပြင်ဖို့ /မပြင်ဖို့ လွန်ဆွဲနေမယ်၊ မပြင်နိုင်သေးတဲ့အချိန်မှာ သူ့လမ်း/ကိုယ့်လမ်း သီးခြားစီ ရန်ဆောင်သွားနေမယ်ဆိုရင် ဒီမှာဘဲ Extremism က နှစ်ဖက်စလုံးမှာ ပိုအားကောင်းလာနေမှာပါ၊ အပြန်အလှန်အပြစ်ပုံချတက်တဲ့ ထိုးနှက်ချက်တွေနဲ့ ရှေ့ဆက်သွားနေမယ်ဆိုရင် လက်ရှိအခြေအနေထက် ပိုမိုဆိုးရွားအနေအထားတရပ်သို့ ရောက်ရှိသွားနိုင်ပါတယ်။
တခါတခါမှာ ကိုယ်က သူတို့ကို Extremist တွေလို့ သုံးနှုန်းရင်းနဲ့ ကိုယ်ပါ Extremist တစ်ယောက်ဖြစ်မှန်းမသိ ဖြစ်လာတက်ပါတယ်။

ဒီလိုအခြေအနေဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေဖို့ဆိုတဲ့ အတွေးဟာ မျော်လင့်ချက် နည်းသွားပါလိမ့်မယ်။

2. Leadership Crisis
ခေါင်းဆောင်မှု အကျပ်အတည်း ဆိုသည်မှာ လက်ရှိခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍဟာ အဲဒီအချိန်မှာ ဇရာအိုအရွယ်ဖြစ်လာပါပြီ ဒီနေရာမှာ လက်ရှိထိပ်တန်းခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍဟာ အချို့ပါဝင်လာနိုင်ဖို့ဆိုတာ အသက်အရွယ် ကျန်းမာရေး စတဲ့အခြေအနေတွေက ဟန့်တားနေပါလိမ့်မယ်။ Second Liner အဖြင့် ခေါင်းဆောင်ပိုင်းမှာ လက်ရှိအာဏာရပါတီမှာဆိုရင် အင်မတန်အားနည်းပါတယ်။ ယခင် 88 Generation လောက် အားမကောင်းဘူး။

သို့သော် သူကလည်း Activism နဲ့ နိုင်ငံရေးအာဏာရယူဖို့ဆိုတာ ဆန္ဒရှိပုံမပေါ်ပါဘူ။ (အကြောင်းတွေရှိတယ်ပေါ့ဗျာ..ထားလိုက်ပါတော့) သို့ဆိုရင် သူက ပါတီထောင်သည်ဖြစ်စေ မထောင်သည်ဖြစ်စေ နိုင်ငံရေးအရ (၂၀၂၀) မှာ ပါတီချင်းထိပ်တိုက်တွေ့ကြမှာပါ။

သို့သော် နိုင်ငံရေးပါတီအရေအတွက်က ကျွန်တော်တို့ထင်ထားတဲ့ အရေအတွက်ထက် ပိုများနေတဲ့အခါမှာ ပါတီငယ်တွေဟာ ညွှန့်ပေါင်းဖွဲ့ပြီး တဖက်မှာဘဲ ရပ်ကြမှာပါ။ ဒီလိုအခြေအနေဟာ မဟာမိတ်ပေါ်လစီ မရှိတဲ့အခါမှာ ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်တွေဘဲဖြစ်ပါလိမ့်မယ်။ ဒီပြဿနာက သမိုင်းမှာရှိခဲ့ဘူးတဲ့ ဖဆပလ ခေတ် သန့်ရှင်း/တည်မြဲ ကွဲသလို အခြေအနေမျိုးထက် ပိုမိုဆိုးရွားနိုင်ပါတယ်။ အကယ်၍များ ဒီလိုအခြေနေမျိုးကို ကြိုတင်တွက်ဆထားမယ်ဆိုရင် ယခုက စ၍ ပြင်ဆင် ရမှာတွေရှိပါလိမ့်မယ်။

3. Public Influence
လက်ရှိအခြေအနေမှာ အာဏာရပါတီဟာ ပြည်သူလူထုထောက်ခံမှု အားကောင်းနေပါသေးတယ်။ သို့သော် ဒီလိုအခြေအနေဟာ ချစ်ခြင်း/မုန်းခြင်း ကနေ ဖြစ်ပေါ်လာတဲ့ သဘောတရား၊ လက်ရှိတာဝန်ယူခဲ့ပြီးတဲ့ကာလအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့အခြေ အနေတွေကြောင့် လူထုထောက်ခံမှုအခြေအနေဟာ ယခင်ကထက် ပိုများလာဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ လက်ရှိအခြေအနေဖြင့် မှန်းဆကြည့်ရင် (၂၀၂၀) ရွေးကောက်ပွဲမှာ မဲတွေ လျော့သွားနိုင်ပါသေးတယ်။

ဒီကြားကာလမှာ ပြည်နယ်တိုင်းဒေသအတွင်းမှာ ရှိတဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် ပါတီရဲ့ တို့ရဲ့ စွမ်းဆောင်ရည်ဟာ ပိုအားနည်းခဲ့လျှင် အကျပ်အတည်းတွေဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုအခြေအနေဟာ အထက်မှာ ဖေါ်ပြခဲ့တဲ့ Leadership Crisis နဲ့ ဆက်စပ်ဖြစ်ပေါ်လာတဲ့ အခြေအနေတရပ်အတွင်းမှာလည်း ရောက်ရှိနေနိုင်ပါတယ်။

4. Economic Crisis
လက်ရှိစီးပွါးရေးညွှန်းကိန်းတွေအရ ပြည်တွင်းသုံးငွေမှာ လိုငွေပြသနေပါတယ်။

World Bank ညွှန်းကိန်းတွေအရ
GDP Growth -
6.9 (2017),
7.2 (2018),
7.3 (2019) လို့ဖေါ်ပြထားပါတယ်။

ADB ညွှန်းကိန်းတွေအရ - ပူးတွဲပါ ပုံများ။

1. GDP Growth - 5.9 (2016), 7.7 (2017), 8.0 (2018)
2. Inflation Rate - 7.0. (2017), 7.5 (2018)
3. Current Account Balance - 8.0 (2017), - 8.0 (2018)
4. National Poverty Line - 25.6 %

ညွှန်းကိန်းတွေအရ စီးပွါးရေးတိုးတက်မှုအရှိန် ရခါစ အနေအထားမှာဘဲရှိနေပါတယ်။ သို့သော် ပြီးခဲ့တဲ့ ဘူသီးတောင်၊ မောင်းတော ကိစ္စတွေကြောင့် ကုန်သွယ်မှုမှာ ပို့ကုန် အနည်းငယ်ကျဆင်းသွားဖွယ်ရှိပါတယ်။ ပြည်တွင်းရသုံးမှန်းခြေငွေစာရင်းမှာ လိုငွေ ကျပ် ဘီလီယံ(၄၀၀၀) ရှိပါတယ်။ ဒီအတွက် အခွန်တွေ တိုးကောက်လာဖို့ ဖြစ်လာနိုင်ပါတယ်။

အခွန်တိုးကောက်တဲ့နေရာမှာ ပြည်တွင်းစီးပွါးရေး ငွေစီးဆင်းလည်ပတ်မှု အခြေအနေတွေဟာ လေးလံထိုင်းမှိုင်းနေမယ်ဆိုရင် အခြေခံလူတန်းစားတွေမှာ ထိခိုက်မှာပါ။ ပြည်တွင်းဘဏ်တွေမှာ ငွေတွေအလွန်အမင်းများနေလျှင်သော်လည်းကောင်း၊ ဘဏ်တွေဟာ အတိုးဒဏ်ကို ရေရှည်ခံနိုင်ဖို့မလွယ်ကူလှပါဘူး။ ဘဏ်တိုးနှုန်းတွေကို လျော့ချပေးခဲ့ကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက မြန်မာ နိုင်ငံမှာ အသက် (၁၅) နှစ်ကနေ (၆၄) နှစ်ကြား အလုပ်လုပ်နိုင်သူ လူဦးရေရဲ့ (၃၄) ရာခိုင်နှုန်းက အလုပ်လက်မဲ့သဘောဖြစ်နေကြောင်း၊ ပြည်ပကိုပဲ ထွက်ဖို့ကြိုးစား နေကြကြောင်း လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ဒီသဘောတရားက မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့အရမ်းများနေတယ် ဆိုတဲ့အချက်ပါ။ အလုပ်အကိုင်မရှိဘူး၊ အလုပ်အကိုင်မရှိတဲ့ အကြောင်း ရင်းက ပြည်တွင်းကုန်ထုတ်လုပ်မှု အပိုင်းမှာ အားနည်းလွန်းနေတယ် ဆိုတဲ့အချက်ပါ။ ဈေးကွက်မရှိတာထက် ကုန်ပစ္စည်းထုတ်လုပ်ရောင်းချဖို့ ထက် ဟိုဖက်ကနေ၀ယ်လိုက် ဒီဖက်မှာပြန်ရောင်းလိုက် ဒီလိုရေတိုလုပ်ငန်း ကိုဘဲ လုပ်ကိုင်ချင်ကြတာများပါတယ်။ အလက်စားနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းတွေကလည်း အားနည်းလျက်သာရှိနေပါသေးတယ်။ ဒီလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ ချေးငွေအစီအစဉ်မှာလည်း ညံ့ဖျင်းတဲ့ပေါ်လစီ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုစနစ်တွေအောက်မှာ လက်သိပ်ထိုးပေးတဲ့အနေ အထားတွေကြောင့် မအောင်မြင်ခဲ့ပါဘူး။

သဘောကတော့ လက်ရှိစီမံခန့်ခွဲမှုစနစ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မဖန်တီးပေးနိုင်ဘူး၊ လူတွေကို ပြည်တွင်းမှာ ရင်းနှီးလုပ်လာနိုင်အောင် မစွဲဆောင်နိုင်ခဲ့ပါဘူး။ တိုင်းပြည်တပြည်ရဲ့စီးပွါးရေးကို အဓိက ကျားကန်ပေးမယ့် အသေးစား အလက်စား စက်မှုလက်မှုလုပ်ငန်းတွေဟာ တစ်နိုင်ငံလုံးအနေအထားအရ လုပ်ငန်းပေါင်း(၆၀၀၀) ခန့် ရှိနေပေသော် လည်း လုပ်ငန်းလည်ပတ်မှု တိုးတက်မှုအခြေအနေတွေဟာ ရင်းနှီးမြှုပ်နှံမှု အခက်အခဲတွေကြောင့် တိုးတက်မှု နှေးကွေးလျှက်ရှိနေပါတယ်။

5. Land Reform Crisis
လယ်ယာကဏ္ဍဟာ တိုင်းပြည်ရဲ့ အဓိကစီးပွါးရေးဖြစ်ပေမယ်လည်း အမှန်တကယ်လယ်စိုက်တဲ့သူ လယ်ယာမြေပိုင်ဆိုင်ရေးနှင့် သိမ်းဆည်းခံ လယ်ယာမြေပြဿနာတွေအပေါ် ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခြင်း မရှိသေးပါဘူး။ သို့သော်လည်း (၂၀၁၇) ကစ၍ လယ်ယာမြေရင်းနှီးမြှုပ်နှံမှု ပေါ်လစီအသစ်အရ လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတွေကို အစိုးရအထောက်အပံ့ဖြင့် နဂိုသမားရိုးကျနည်းလမ်းကနေဖေါက်ထွက် လုပ်ကိုင်နေပါတယ်။ ယခင်ကတည်းက စဉ်းစားခဲ့ကြတဲ့ လယ်သမား တွေ ဆင်းရဲမွဲတေမှု လျော့ချပြီး၊ သားသမီးများ ပညာကောင်းကောင်း သင်စေနိုင် မယ်။ အမွေခံသားသမီးတွေက ပညာတက်တွေဖြစ်လာတဲ့အခါမှာ လက်မှုအဆင့်ကနေ စက်မှုလယ်ယာအဖြင့် စဉ်းစားလာကြမယ်၊ လယ်သမား သားသမီးမျိုးဆက်မှ အဆင့်မြင့် စက်မှုလယ်ယာလုပ်ငန်းများကို ကူးပြောင်းလာနိုင်မယ်ဆိုတဲ့ Concept ဟာ ဟိုး ဆိုရှယ်လစ်ခေတ်ထဲက ရှိခဲ့တာပါ။ သို့သော်လည်းဘဲ ယနေ့အချိန်ထိ မှုန်ဝါးနေဆဲအခြေအနေမှာဘဲ ရှိနေပါသေးတယ်။

6. Budget Crisis
ဦးသိန်းစိန်အစိုးရ ရဲ့ ဘတ်ဂျတ် (၅) နှစ် လိုငွေများက ၁၆၃၀ - (၂၀၁၀) ၊ ၁၂၅၁ (၂၀၁၁)၊ ၇၀၆ (၂၀၁၂)၊ ၇၈၂(၂၀၁၃)၊ ၃၆၅၉ (၂၀၁၄) ဘီလျံ ရှိခဲ့ပါတယ်။ ဘတ်ဂျက်ကိုဆက်ခံရတဲ့ လက်ရှိ ဦးထင်ကျော်အစိုးရ ပထမဘဏ္ဍာနှစ်မှာ လိုငွေ ကျပ်ဘီလျံ (၄၀၀၀) ကျော်ဖြစ်လို့ လိုငွေ ပိုမိုများပြား စံချိန်တင်သွားခဲ့ပါတယ်။

ချေးငွေနဲ့ဂျီဒီပီ အချိုးက( ၃၁% ) ရှိသည့်အခြေအနေကြောင့် ဆင်းရဲတဲ့နိုင်ငံတစ်ခုအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။
ချေးငွေတွေမှာ ပြည်တွင်းချေးငွေ (ငွေစက္ကူရိုက်နှိပ်မှု) လိုအပ်တာထက် ပိုများပြားနေပါတယ်။ ငွေကြေးဖေါင်းပွမှုနှုန်းဟာ ၂၀၁၇ မှာ (၇.၀) ၂၀၁၈ အတွက် (၇.၅) အထိ ရှိမယ်လို့ ADB ညွှန်းကိန်းမှာ ဖေါ်ပြထားပါတယ်။

ဒါဟာ ငွေကြေးဖေါင်းပွမှု ဆက်လက်မြှင့်တက်နေအုံးမယ် ဆိုတဲ့သဘောပါ။
အမျိုးသားဆင်းရဲမွဲတေမှုဆိုင်ရာ ညွှန်းကိန်း National Poverty Line က (၂၅.၆ %) ရှိနေသည့်အတွက် အာဆီယံနိုင်ငံတွေထဲမှာ လာအိုထက်တောင် ပိုပြီးမြင့်မားလျက်ရှိနေပါတယ်။

၈. ခြုံကြည့်တဲ့အခါမှာ တိုင်းပြည်စီးပွါးရေးဟာ ဆက်လက်တိုးတက်နေအုံးမယ်ဆိုပေသည့် နှေးကွေးမယ်၊ ငွေကြေးဖေါင်းပွမှုမြင့်တက်နေအုံးမယ်၊ ကုန်ဈေးနှုန်းတွေ တက်ဖို့ရှိတယ်ဆိုတဲ့အချက်တွေကို သတိပြုရမှာဖြစ်ပါတယ်။

အစိုးရတရပ်ရဲ့ တည်မြဲမှုကို စီးပွါးရေးဆိုင်ရာညွှန်းကိန်းတွေက တစိတ်တစ်ဒေသအားဖြင့် ထိန်းကြောင်းပေးနိုင်ပါတယ်။

စီးပွါးရေးမကောင်းရင် မည်သည့်အစိုးရမျိုးပင်ဖြစ်စေကာမူ ရေရှည်မတည်မြဲနိုင်ပါဘူး။ ထို့ပြင် နိုင်ငံရေးအရ အဓိကထိုးနှက်တိုက်ခိုက်ခံရမှုတွေ ပိုမိုလာဖို့ရှိနေပါတယ်။

အထက်မှာတင်ပြခဲ့တဲ့ အခြေအနေတွေဟာ လာမည့် (၂၀၁၈ - ၂၀၂၅) ခုနှစ်အတွင်းမှာ တပြိုင်တည်း သက်ရောက်နိုင်ပါတယ်။

၉. တိုင်းပြည်ပြန်လည်တည်ဆောက်ဖို့ ခိုင်မာတဲ့အခြေခံ အုပ်မြစ်ချထားပေးဖို့လိုအပ်ပါတယ်။

1. Leadership Role
2. Future Plan (Manifesto)

ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။
စည်သူ

ကျမ်းကိုး -
1. ADB (Asian Development Bank)/ Myanmar Data
2. World Bank/Myanmar

No comments:

Post a Comment